×
Warning
JUser: :_load: Unable to load user with ID: 81428
Knowledge
Friday, 29 November 2019
"ယနေ့ အချိန်ထိ ထိန်းသိမ်းထားနိုင်တဲ့ ကမ္ဘာ့ အကြီးမားဆုံး လျှို့ ဝှက်ချက် (၁၀) ခု" google.com
Nuclear energy
oil 1
(၃) အမေရိကန်ရဲ့ ဆေးပညာ
Surgeon success
pin
(၆) Area 51
gl road 11
(၇) အဒေါ့ ဟစ်တလာ
hitla
(၈) HIV/AIDS
hiv blood sample
(၉) Coca Cola ရဲ့ အရသာ
(၁၀) နတ်ပြည်နဲ့ ငရဲပြည်
Heaven and Hell
sayar.com.mm
UNICODE
"ယနေ့အချိန်ထိ ထိန်းသိမ်းထားနိုင်တဲ့ ကမ္ဘာ့အကြီးမားဆုံး လျှို့ဝှက်ချက် (၁၀) ခု"
သင်ဟာ အကြောင်း အရာတစ်ခုခုကို တခြား သူတွေကိုမသိစေချင်လို့ဖုံးကွယ်ထားတယ်။ အဲ့ဒီဖုံး ကွယ်ထားတဲ့အရာတွေကိုက ပဲ တခြားလူတွေအပေါ် အာရုံစူးစိုက်မှုပိုရှိလေပါပဲ။
ရှင်းရှင်းပြောရရင်တော့ သင်ဖုံးကွယ်ထားလေ လူတွေက ပို သိချင်လေပဲပေါ့။ ကျွန်တော် တို့လူသားတွေအားလုံး မှာ လည်းလျှို့ဝှက် ချက်ကိုယ်စီ ရှိကြပါတယ်။ ကြီးကြီးမားမား မဟုတ်ရင်တောင် အနည်းငယ်စီ လောက်တော့ရှိကြပါတယ်။ ကိုယ့် လျှို့ဝှက် ချက် ကို လူတိုင်းက စိတ်ဝင်စားချင် မှ စိတ်ဝင်စားလိမ့်မယ်။ ဒါပေမဲ့ တစ်ကမ္ဘာ လုံးက သိချင်နေတဲ့ အကြီးမားဆုံးလျှို့ဝှက်ချက် (၁၀) ခုတောင် ရှိနေပါတယ်။ အဲ့ဒီလျှို့ဝှက်ချက် (၁၀)ခု ကို ဗဟုသုတ အနေနဲ့ဖော်ပြပေးလိုက်ပါတယ်။
(၁) အမေရိကန်ရဲ့ နျူးကလီးယား ထုတ်လုပ်မှု
Nuclear energy
ဒီလျို့ဝှက်ချက်ကတော့ကမ္ဘာပေါ်မှာ သတင်းအချက်လက်တွေကို အမြင့်ဆုံး ကာကွယ်မှု ယူထားတဲ့ အရာတွေထဲ ကတစ်ခုပါ။ အဲ့ဒီ နျူကလီးယား စက်ရုံကြီး ဘယ်မှာ တည်ရှိလဲဆိုတာ ကိုတောင် သူတို့ထဲက လူအနည်ငယ်သာ သိခွင့်ရပါတယ်။ အမေရိ ကန်အစိုးရ ရဲ့ အလျှို့ဝှက်ဆုံးသော အရာတွေထဲက တစ်ခုပါ။ သူတို့ရဲ့ နျူကလီးယားလက်နက်ပုံစံ၊ ဒီဇိုင်းတွေ.. လက်နက်တွေရဲ့ပြင်းအားတွေကို ဘယ်တော့မှ Public ကို ချပြမှမဟုတ်ပါဘူး။ ဘယ်သူမှ လဲ သူတို့ရဲ နျူကလီးယား အချက်အလက်တွေကို ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။
နောက် ဆုံး လူတစ်ယောက်ယောက်က သူတို့ရဲ့သတင်းတွေကို တရားမဝင် နည်းလမ်းနဲ့သိခဲ့ရင် လဲ အဲ့ဒီလူရဲ့ဘဝဟာအရမ်းကို အန္တရာယ်ရှိသွားပါပြီ။
(၂) အမေရိကန်ရဲ့ရေနံအများဆုံးထုတ်လုပ်တဲ့နေရာ
oil 1
ဒီနေရာဟာလည်း အမေရိကန်စိုးရရဲ့ အလျှို့ဝှက်ထားဆုံးအရာတွေထဲကတစ်ခုပါ။ ဘာလို့သူတို့ကဒီအချက်ကို ထိန်းသိမ်းထာလဲဆိုရင် ရေနံ ဟာ ကမ္ဘာ့တန်ဖို့အရှိ ဆုံး သဘာဝဓါတ်ငွေ့တွေထဲကတစ်ခုဖြစ်လို့ ပါပဲ ။ ဥပမာ ဒူဘိုင်း တို့လို နိုင်ငံ မျိုးတွေဆို ရေနံကြောင့် အရမ်းချမ်းသာ နေကြတဲ့နိုင်ငံတွေပါ။ ဒါကြောင့် အမေရိကန်အစိုးရက သူတို့ရဲ့ရေနံ အများဆုံးထွက်တဲ့နေရာတွေ ၊ ဘယ်လို လည်ပတ်ကြလဲ ဆိုတဲ့အချက်အလက်တွေ ကို ဘယ်သူမှ မသိအောင် လျှို့ဝှက်ထားတာပါ။
(၃) အမေရိကန်ရဲ့ဆေးပညာ
Surgeon success
အမေရိကန်ကတော့ တော်တော်လေးကို လျှို့ဝှက်ချက်များတယ်လို့ပြောလို့ရတယ်ဗျ။ အမေရိကန်က ဆရာဝန် တချို့ဆို သူတို့ဘဝနဲ့ရင်းပြီး ဆေးပညာအချက်အလက်တွေကို ထိန်းသိမ်း ရတယ်လို့ကြားဖူပါတယ်။ ပြောချင်တာက တော့ နှာစေး၊ ချောင်းဆိုး..နောက်ဆုံး တကမ္ဘာလုံးက သိတဲ့ ရောဂါတွေ အတွက်တော့ လျှို့ဝှက်လောက်မှာ မဟုတ်ဘူးဗျ။ တခြားသူတွေကို မသိစေချင်လောက်တဲ့ဆေးပညာတချို့တော့ရှိမှာပါ။ အဲ့ဒါကိုတော့ ကျွန်တော်လဲမသိနိုင်ဘူး. ဘယ်သူမှလဲမသိနိုင်ဘူးပေါ့ဗျာ။ ဒီအချက်ကလဲ ကမ္ဘာ့လျှို့ဝှက်ဆုံးသော အရာတွေထဲကတစ်ခုပါ။
(၄) သြစတျေးလျ ရဲ့လက်ကိုင်ပဝါခေါက်နည်း
pin
ဒီအချက် ဟာ ကမ္ဘာ့ လျှို့ယှက်ဆုံးသော အရာတွေထဲ ကတစ်ခုဆို သင်ရယ်မိမှာ အမှန်ပဲ။ ကျွန်တော်လဲ ရယ်မိတာပဲ။ လက်ကိုင်ပဝါခေါက်နည်းလေးကို ဘာလို့လျှို့ဝှက်ထားတာလဲ ပေါ့။ ဒါပေမဲ့အဲ့ဒါက တကယ့်အမှန်တရားပါ။ ဒီလျှို့ဝှက်တဲ့ လက်ကိုင်ပဝါခေါက်နည်းကို သြစတျေးလျနဲ့ဟန်ဂေရီ တို့ရဲ့တော်ဝင်စားသောက်ပွဲတွေ မှာပဲ သုံးပါတယ်တဲ့။ ဘာကြောင့် ဒါလေးတစ်ခု ကို အရမ်းလျှို့ဝှက်ထားလဲဆိုတာတော့ ဘယ်သုမှ မသိနိုင်ပါဘူး။
(၅) KFC ရဲ့အရသာလျှို့ဝှက်ချက်
kfc
KFC က သူ့ရဲ့အရသာကို ဘယ်လို လုပ်တယ်၊ ဘယ်လိုပြင်ဆင်ကြလဲ ဆိုတာ လူတိုင်းသိချင်တဲ့ အရာ တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ KFC ကို တစ်ကမ္ဘာလုံးက လူတော်တော်များများကြိုက်ကြပါတယ်။ 1930 မှာ Herland Sander က KFC ကို စတင် ထည်ထောင်ခဲ့ပြီ းအဲ့ဒီ အချိန်ထဲ က သူတို့ရဲ့အချက်အလက်တွေကို လျှို့ဝှက်ထားခဲ့တာ ဒီနေ့ ထိပါပဲ။
(၆) Area 51
gl road 11
ဒါကတော့ လူတော်တော်များများလဲသိကြပြီး တော်တော်များများစိတ်ဝင်စားကြတဲ့နေရာတစ်ခုပါ။ အမေရိကန် အစိုးရက ဒီနေရာရဲ့လျှို့ဝှချက်ကို နှစ် ၆၀ကျော်ကြာ ထိန်းသိမ်းထားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၃ ခုနှစ် Augustလ မှာတော့ အဲ့ဒီ နေရာရဲ့လျျို့ဝှက်ချက်အချို့ပေါက်ကြားခဲ့ပါတယ်။ ပေါက်ကြားခဲ့တဲ့သတင်းတွေ အရ အဲ့နေ မှာ ဂြိုလ် သားတွေနဲ့တောင် အဆက်သွယ်လုပ်ကြတယ်လို့ပြောကြပါတယ်။ နျူးကလီးယားထုတ်လုပ်တဲ့နေရာလို့လဲ ပြောကြပါတယ်။ အဲ့သတင်းတွေက မှန်ကန်လာဆိုတာကိုလည်း ဘယ်သူမှတပ်အပ်မပြောနိုင်ခဲ့ပါဘူး။ Area 51 ရဲ့ သတ်မှတ်ထာတဲ့နယ်မြေ အတွင်း မှာ လေယာဉ်တွေတောင် ဖြတ်သန်းသွားလာခွင့်မရှိပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အမေရိကန်အစိုးရ က Area 51 ရဲ့လျှို့ဝှက်ချက်ကို ယခုချိန်ထိ တစ်စုံတစ်ရမှာ ထုတ်မပြောပဲ ထိန်းသိမ်းထားနိုင်တုန်းပဲ။
(၇) အဒေါ့ ဟစ်တလာ
hitla
ကမ္ဘာပေါ် မှာ ဟစ်တလာကို မသိတဲ့သူ ခပ်ရှားရှားပါပဲ။ ကမ္ဘာ့ သမိုင်းတစ်လျှောက်မှာ ဂျူးလူမျိူးတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ တာကြောင့် လူအများရဲ့မုန်းတီးခြင်းကို ခံရသူတစ်ယောက်ပါ။ သူဟာဒုတိယ ကမ္ဘာစစ်မှာ ဥရောပနိုင်ငံတော်တော်များများကို သိမ်းယူခဲ့ပြီး နောက် ရရှားနိုင်ငံကို သိမ်းပိုက်တဲ့အချိန်မှာ စစ်ရှုံးခဲ့ပါတယ်။ ဒီလိုစစ်ရှုံးခဲ့ပြီးနောက် သူ့ရဲ့နာဇီတပ်မတော်နှင့် နိုင်ငံရဲ့နေရာတော်တော်များများကို တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရပြီးနောက်မှာ သူဟာပျာက်ကွယ်သွားခဲ့ပါတယ်။ April 30, 1945 မှာ သူအိပ်တဲ့ သူရဲ့ကု တင်ပေါ်မှာပဲ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို သက်သေခဲ့တယ်လို့လဲပြောကြပါတယ်။ အမေရိကန် FBIရဲ့စုံစမ်းချက်အရ ဒုတိယ ကမ္ဘာ စစ် ပြီး ခဲ့တဲ့နောက်မှာ အသက်ရှင်သေးတယ်လို့လဲ ပြောပါတယ်။ သူ့ကိုယ်သူ တကယ် သက်သေခဲ့တာလား သေဆုံးတယ်အကြောင်းပြပြီး အသက်ရှင်နေထိုင်ခဲ့တာလား ဆိုတာ ယခုချိန်အထိ ဘယ်သူမှသေသေချာချာ မသိတဲ့ အကြောင်းအရာတစ်ခုဖြစ်နေဆဲပါပဲ။
(၈) HIV/AIDS
hiv blood sample
ဒီရောဂါ ဟာ 1980 ခုနှစ် ကတည်း က စတင်ခဲ့တဲ့ရောဂါတစ်ခုပါ။ HIV/AIDS ဘယ်ကစလဲဆိုတဲ့ သီအိုရီတွေတော်တော်များများရှိပါတယ်။ လူတော်တော်များများကတော့ အာဖရိက တိုက်က စခဲ့တယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ အဲ့ဒါက အမှန်တရားလား? လူတစ်ချို့က လဲ သိပ္ပံပညာရှင်တွေ ကိုယ်တိုင်တီထွင်ထားတဲ့လူကိုသေစေနိုင်တဲ့ရောဂါတစ်ခုလို့လဲပြောပါတယ်။ တကယ်ပဲ HIV/AIDS ကလူလုပ်တဲ့အရာပဲလား? HIV/AIDS ကို ကုသနိုင်တဲ့ ဆေးကို ထုတ်လုပ်နိုင်ပြီလို့သတင်း ထွက်ခဲ့သော်လည်း တစ်ကမ္ဘလုံးကို မမျှ ဝေနိုင်ခဲ့ပါဘူး။ သူတို့ဘာကို ကြောက်နေတာလဲ? HIV/AIDS က နျူးကလီးယားလိုမျိုးလက်နက်တစ်ခုပဲလား? ဆိုတာ ဘယ်သူမှ မသိပါဘူး။ အခုချိန်ထိ ဘာမှမသေချာ မရေရပဲနဲ့ HIV/AIDS ဟာ ကမ္ဘာ့ လျှို့ဝှက်ဆုံး အကြောင်းအရာတွေထဲ က တစ်ခု ဖြစ်နေတုန်းပါပဲ။
(၉) Coca Cola ရဲ့အရသာ
247WallSt.com 247WS 488498 coca cola
ကမ္ဘာကျော်ထုတ်ကုန်တစ်ခုဖြစ်တဲ့ Coca Cola ရဲ့အရသာကို လူတိုင်း မြည်းစမ်းဖူးကြမယ်ထင်ပါတယ်။ Coca Cola ကို သောက်သုံဖူးကြပေမဲ့ သူရဲ့အရသာ ထုတ်လုပ်ပုံ ဖော်မြူလာကို သတိမထားမိကြပါဘူး။ Coca Cola ကုမ္ပဏီ က ..အရသာ ရဲ့ ဖော်မြူလာကို ဝန်ထမ်းနှစ်ယောက်တည်း ကို သာပြောပြခဲ့ပါတယ်။ ထိုဝန်ထမ်း နှစ်ယောက်ကလည်း ဒီဖော်မြူလာ မပေါက်ကြားစေဖို့အတွက် ကျမ်းသစ္စာဆိုရပါတယ်။
(၁၀) နတ်ပြည်နဲ့ငရဲပြည်
Heaven and Hell
နတ်ပြည်နဲ့ ငပြည် ဟာဆိုရင်ဖြင့် လူ့ဘဝသေဆုံးပြီးနောက်ပိုင်းမှာ ဖြတ်သန်းရမဲ့နေရာနှစ်ခုအဖြစ် လူတိုင်းရဲ့စိတ်ထဲမှာ အခြေတည်ပြီးသားဖြစ်မှာပါ။ မည့်သည့်ဘာသာမဆို သေပြီးနောက် ငရဲပြည်နဲ့ နတ်ပြည်ရဲ့ ဖြစ်တည်ခြင်းကို ယုံကြည်ကြပါတယ်။ သို့ပေမဲ့ ယခုအချိန်အထိတော့ ဒါတွေဟာ အစစ်အမှန်လားဆိုတာကို မည်သူမှ သက်သေပြနိုင်ခြင်းမရှိသေးပါဘူး။ သေပြီးမှာ လူပြန်ဖြစ်နိုင်သလား၊နတ်ပြည်သွားမှာလား၊ ငရဲပြည်သွားမှလားဆိုတာကတော့ အကြီးမားလျို့ဝှက်ချက်အဖြစ် တည်ရှိနေတုံးပါပဲ..။
sayar.com.mm
Read times Last modified on Monday, 30 December 2019 17:28
Rate this articles
(0 votes)