×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 02 December 2019

လူငယ္မ်ားအၾကား ေခတ္စားလာသည့္စာရင္းအင္းႏွင့္စီးပြား ေရးစီမံခန္႔ခြဲမႈပညာ(Accounting and Bussiness Management)

လူငယ္မ်ားအၾကား ေခတ္စားလာသည့္စာရင္းအင္းႏွင့္စီးပြား ေရးစီမံခန္႔ခြဲမႈပညာ(Accounting and Bussiness Management) google.com

ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံတြင္ ၂၀၁၀ခုႏွစ္ေနာက္ပိုင္း ႏိုင္ငံျခားကုမၸဏီေျမာက္မ်ားစြာ ၀င္ေရာက္လာခဲ့ၿပီးေနာက္ အလုပ္အကိုင္အခြင့္အလန္းမ်ားစြာေပၚေပါက္လာခဲ့ပါတယ္။

နယ္ပယ္ က႑အသီးသီးကို ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားစြာ၀င္ေရာက္ လာခဲ့ၿပီးေနာက္မွာေဒသခံေတြအတြက္ အလုပ္ေနရာေပါင္းမ်ားစြာဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္လူငယ္ေတြအေနနဲ႔ အေျခခံပညာသင္ယူ တက္ေျမာက္ၿပီးေနာက္မွာ အလုပ္ေခၚယူမႈမ်ားျပားတဲ့ဘြဲ႕၊ဒီဂရီတန္းေတြကို တက္ေရာက္ဖို႔ေ႐ြးျခယ္လာခဲ့ ၾကပါတယ္။


အဆိုပါ အသက္ေမြး၀မ္းေက်ာင္းပညာရပ္ေတြထဲ မွာမွ စာရင္းအင္းနဲ႔ စီးပြားေရးစီမံခန္႔ခြဲမႈပညာ(Accounting & Bussiness Management)ဟာလူငယ္ေတြၾကားေရပန္း အစားဆုံးဘာသာရပ္ျဖစ္လာခဲ့ပါတယ္။ျပည္တြင္းအလုပ္အကိုင္ေခၚယူရာမွာ စာရင္းအင္းနဲ႔စီးပြားေရးဆိုင္ရာနယ္ပယ္မ်ားေခၚယူမႈမ်ားျပားျခင္း၊လုပ္ခလစာမ်ားျပားျခင္းနဲ႔ နယ္ပယ္စုံေနရာစုံမွာ အသုံး၀င္ျခင္းတို႔ေၾကာင့္ လူငယ္မ်ားအၾကား စိတ္၀င္စားမႈျမႇင့္တက္လာျခင္း ျဖစ္ပါတယ္။


စာရင္းအင္း(Accounting)ဘာသာရပ္ဟာ ၀င္ေငြထြက္ေငြတြက္ခ်က္ျခင္း၊လုပ္ငန္းတစ္ခုရဲ႕ အျမတ္အရႈံးစာရင္း၊ ကုန္ေရာင္းကုန္၀ယ္စာရင္း၊ကုမၸဏီရွယ္ယာ အေရာင္းအ၀ယ္တြက္ခ်က္ျခင္း၊လခ်ဳပ္ႏွစ္ခ်ဳပ္ တြက္ခ်က္ျခင္း စသျဖင့္ လုပ္ငန္းနယ္ပယ္တိုင္းမွာ အသုံး၀င္တဲ့ ဘာသာရပ္တစ္ခုျဖစ္ပါတယ္။


မည္သည့္စီးပြားေရးလုပ္ငန္းမွာမဆို စာရင္းကိုင္(Accountant)တစ္ေယာက္အနည္းဆုံးရွိတတ္ၾကပါတယ္။ စားေသာက္ဆိုင္လုပ္ငန္းမွအစ ေဆာက္လုပ္ေရး၊ကူးသန္းေရာင္း၀ယ္ေရးကုမၸဏီႀကီးမ်ားအထိ စာရင္းအင္းပညာဟာ အလြန္အေရးပါလွပါတယ္။ အစိုးရဌာနပိုင္းမွာဆိုရင္လည္း "ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္႐ုံး"ဆိုတာရွိကာ ျပည္ေထာင္စုအစိုးရရဲ႕ ၀န္ႀကီးဌာနေပါင္းစုံရဲ႕ ဘ႑ာေငြစာရင္း၊ ရသုံးေငြစာရင္း စသည္တို႔ကိုစစ္ေဆးေပးရပါတယ္။


စာရင္းအင္းပညာ(Accounting)ပိုင္းနဲ႔ပက္သက္လို႔ ျပည္တြင္းရွိ အစိုးရတကၠသိုလ္နဲ႔ ဒီဂရီေကာလိပ္ေတြျဖစ္တဲ့ ရန္ကုန္စီးပြားေရးတကၠသိုလ္၊ မုံ႐ြာစီးပြားေရးတကၠသိုလ္၊ မိတၳီလာစီးပြားေရးတကၠသိုလ္၊ အမ်ိဳးသားစီမံခန္႔ခြဲမႈပညာ ဒီဂရီေကာလိပ္တို႔မွာ တက္ေရာက္ႏိုင္ပါတယ္။၀င္ေငြေကာင္းၿပီး ႏိုင္ငံတကာအဆင့္စာရင္းကိုင္တစ္ေယာက္ျဖစ္ဖို႔အတြက္ ျပည္တြင္းဘြဲ႕လက္မွတ္တစ္ခုနဲ႔တင္ မလုံေလာက္ပါဘူး။ႏိုင္ငံတကာ အသိအမွတ္ျပဳလက္မွတ္၊ ဒီပလိုမာ၊ ဘြဲ႕တစ္ခုခုရရွိရန္ လိုအပ္ပါေသးတယ္။


စာရင္းအင္းပညာရပ္(Accounting)ပိုင္းနဲ႔ပက္သက္ၿပီး ႏိုင္ငံတကာအသိအမွတိျပဳအနိမ့္ဆုံး Certificateကေတာ့အဂၤလန္ႏိုင္ငံ Pearson ပညာေရးအဖြဲ႕အစည္းႀကီးကေပးအပ္တဲ့ LCCI Certificate ျဖစ္ပါတယ္။ LCCIအေနနဲ႔ Level 1,2 & 3သုံးခုရွိၿပီး level2ေအာင္ျမင္ရင္Diplomaတစ္ခု၊ level 3 (4 subjects) လုံးေအာင္ျမင္ရင္ Diploma 2ခုစီရရွိမွာျဖစ္သလို levelတစ္ခုခ်င္းစီရဲ႕ သက္ဆိုင္ရာဘာသာရပ္ တစ္ခုခ်င္းစီအတြက္ Certificate ေတြလည္းရရွိမွာ ျဖစ္ပါတယ္။ LCCI level အားလုံးေအာင္ျမင္ၿပီးတဲ့သူေတြအတြက္လည္း ပိုျမႇင့္တဲ့ေနရာေတြကို ဆက္လက္တက္လွမ္းႏိုင္ဖို႔ ACCA Level တန္းေတြလည္း ရွိေနပါေသးတယ္။


LCCI levelအတြက္ သင္ၾကားေလ့လာခ်ိန္တစ္ႏွစ္ၾကာျမႇင့္မွာျဖစ္ၿပီး ACCA (16 subjects) အတြက္ ၂ႏွစ္ကေန၂ႏွစ္ခြဲထိ အခ်ိန္ယူရပါတယ္။ACCA level ၁၆ဘာသာကို ၄ဘာသာတစ္သုတ္အျဖစ္Part-1, Part-2,Part-3 &part-4 ဟူ၍ ေလးပိုင္းခြဲကာ အမ်ားဆုံးေျဖၾကားၾကေလ့ရွိပါတယ္။ ACCA ဘာသာရပ္အားလုံးေအာင္ျမင္ၿပီးၿပီဆိုရင္ေတာ့ ၀င္ေငြေကာင္းမြန္တဲ့ရာထူးႀကီးႀကီးေတြကို ရရွိႏိုင္မွာေသခ်ာပါတယ္။ ဒါ့ျပင္ CPA, DBAစတဲ့ High Nation Diplomaတန္းေတြကို လည္းတက္ေရာက္ႏိုင္ပါေသးတယ္။

စီးပြားေရးစီမံခန္႔ခြဲပညာရပ္( Bussiness Management)ဟာလည္း(Accounting)လိုဘဲ စီးပြားေရးလုပ္ငန္းေတြမွာ အေရးပါအရာေရာက္တဲ့ ဘာသာရပ္တစ္ခုဘဲျဖစ္ပါတယ္။ စီးပြားေရးလုပ္ငန္းနယ္ပယ္မွာ ေကာင္းေကာင္းစီမံခန္႔ခြဲတတ္ဖို႔ မျဖစ္မေနတတ္ထားသင့္တဲ့ ပညာရပ္တစ္ခုျဖစ္ပါတယ္။ အဆိုပါပညာရပ္ေတြကိုလည္း အစိုးရစီးပြားေရးတကၠသိုလ္ေတြနဲ႔ ေကာလိပ္ေတြမွာ သင္ယူႏိုင္သလို ပုဂၢလိက နာမည္ႀကီးတကၠသိုလ္ေတမွာလည္း ႏိုင္ငံတကာအသိအမွတ္ျပဳဘြဲ႕ႀကိဳတန္းေတြကို တက္ေရာက္လို႔ရပါတယ္။


ျပည္တြင္းမွာ HND level 4 တန္းေတြတက္ေရာက္ၿပီး ေနာက္ဆုံးႏွစ္ကိုသာ ႏိုင္ငံျခားတကၠသိုလ္ေတြမွာ သြားေရာက္သင္ၾကားၿပီး ႏိုင္ငံတကာဘြဲ႕ကိုစရိတ္စကနဲပါးစြာ တက္ေရာက္ႏိုင္ၿပီဘဲျဖစ္ပါတယ္။ Bussiness Managementမွာဘာသာရပ္ေပါင္းမ်ားစြာရွိပါတယ္။အဆိုပါ ဘာသာရပ္ေပါင္းမ်ားစြာထဲမွာမွ လူသိမ်ားတဲ့ ဘာသာရပ္ေႏြကေတာ့.........


Administraction,logistic and Supply,
Operation Management,
Sale & Sale Management,

Marketing Research,

Quantitative methods of Managers,
Hospilaty Management,
Public Relations,
Advertising,
Marketing Management,
Financial Management,
Human Resorces,
Managing For Service Excellence,
International Bussiness Communications,
Consumer Behaviourနဲ႔ Project Managementတို႔ျဖစ္ၾကပါတယ္။


မိမိနဲ႔ သင့္ေတာ္တဲ့ ဘာသာရပ္ေတြကို ပညာရွင္ေတြနဲ႔ ညႇိႏႈိင္းတိုင္ပင္ၿပီး ေ႐ြးျခယ္တက္ေရာက္ႏိုင္ပါတယ္။ ဒါ့ျပင္ လက္ရွိမ်က္ေမွာက္ကာလမွာ social Mediaက႑ဟာ အလြန္အေရးပါေနတဲ့အတြက္ Social Media and Network Marketing လို႔ေခၚတဲ့ ဘာသာရပ္တစ္မ်ိဳးလည္း ေပၚေပါက္လာပါတယ္။


• နိဂုံးခ်ဳပ္အားျဖင့္ဆိုရေသာ္ အခုလက္ရွိလူငယ္မ်ားအၾကားေရပန္းစားေနေသာ အလုပ္အကိုင္ေခၚယူမႈျမင့္မားေနေသာ စားရင္းအင္းႏွင့္
• စီးပြားေရးစီမံခန္႔ခြဲမႈ ပညာရပ္(Accounting & Bussiness Management)
မ်ားကို အမ်ားနည္းတူစိတ္ပါ၀င္စားစြာ သင္ယူေလ့လာသင့္ေၾကာင္း အသိေပးေဝမွ် လိုက္ရပါတယ္။

sayar.com.mmမွာ ေဖာ္ျပပါဘာသာရပ္မ်ားကို သင္ၾကားေပးေသာ Study Guide ဆရာ၊ ဆရာမမ်ားရွိပါသည္။ မိမိစိတ္တိုင္းက် ဆရာ၊ ဆရာမမ်ားကို လြယ္လြယ္ကူကူ၊ လ်င္လ်င္ျမန္ျမန္နဲ ့ အခမဲ့ ဝင္ေရာက္ရွာေဖြၾကည့္ရႈႏိုင္ပါသည္။
Accounting >>> https://bit.ly/2OYo5a0
Business Management >>> https://bit.ly/33HvKyK
Digital Marketing >>> https://bit.ly/2LdnzE9
Finance and Accountancy >>> https://bit.ly/2steTCP
Human Resource Management >>> https://bit.ly/37TOhew
LCCI >>> https://bit.ly/35YE3Id
Sale and Marketing Management >>> https://bit.ly/2LdnMap

 

 

UNICODE

လူငယ်များအကြား ခေတ်စားလာသည့်စာရင်းအင်းနှင့်စီးပွား ရေးစီမံခန့်ခွဲမှုပညာ(Accounting and Bussiness Management)

ကျွန်တော်တို့မြန်မာနိုင်ငံတွင် ၂၀၁၀ခုနှစ်နောက်ပိုင်း နိုင်ငံခြားကုမ္ပဏီမြောက်များစွာ ဝင်ရောက်လာခဲ့ပြီးနောက် အလုပ်အကိုင်အခွင့်အလန်းများစွာပေါ်ပေါက်လာခဲ့ပါတယ်။နယ်ပယ် ကဏ္ဍအသီးသီးကို ရင်းနှီးမြှုပ်နှံမှုများစွာဝင်ရောက် လာခဲ့ပြီးနောက်မှာဒေသခံတွေအတွက် အလုပ်နေရာပေါင်းများစွာဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လူငယ်တွေအနေနဲ့ အခြေခံပညာသင်ယူ တက်မြောက်ပြီးနောက်မှာ အလုပ်ခေါ်ယူမှုများပြားတဲ့ဘွဲ့၊ဒီဂရီတန်းတွေကို တက်ရောက်ဖို့ရွေချယ်လာခဲ့ ကြပါတယ်။
အဆိုပါ အသက်မွေးဝမ်းကျောင်းပညာရပ်တွေထဲ မှာမှ စာရင်းအင်းနဲ့ စီးပွားရေးစီမံခန့်ခွဲမှုပညာ(Accounting & Bussiness Management)ဟာလူငယ်တွေကြားရေပန်း အစားဆုံးဘာသာရပ်ဖြစ်လာခဲ့ပါတယ်။ပြည်တွင်းအလုပ်အကိုင်ခေါ်ယူရာမှာ စာရင်းအင်းနဲ့စီးပွားရေးဆိုင်ရာနယ်ပယ်များခေါ်ယူမှုများပြားခြင်း၊လုပ်ခလစာများပြားခြင်းနဲ့ နယ်ပယ်စုံနေရာစုံမှာ အသုံးဝင်ခြင်းတို့ကြောင့် လူငယ်များအကြား စိတ်ဝင်စားမှုမြှင့်တက်လာခြင်း ဖြစ်ပါတယ်။
စာရင်းအင်း(Accounting)ဘာသာရပ်ဟာ ဝင်ငွေထွက်ငွေတွက်ချက်ခြင်း၊လုပ်ငန်းတစ်ခုရဲ့ အမြတ်အရှုံးစာရင်း၊ ကုန်ရောင်းကုန်ဝယ်စာရင်း၊ကုမ္ပဏီရှယ်ယာ အရောင်းအဝယ်တွက်ချက်ခြင်း၊လချုပ်နှစ်ချုပ် တွက်ချက်ခြင်း စသဖြင့် လုပ်ငန်းနယ်ပယ်တိုင်းမှာ အသုံးဝင်တဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။
မည်သည့်စီးပွားရေးလုပ်ငန်းမှာမဆို စာရင်းကိုင်(Accountant)တစ်ယောက်အနည်းဆုံးရှိတတ်ကြပါတယ်။ စားသောက်ဆိုင်လုပ်ငန်းမှအစ ဆောက်လုပ်ရေး၊ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီကြီးများအထိ စာရင်းအင်းပညာဟာ အလွန်အရေးပါလှပါတယ်။ အစိုးရဌာနပိုင်းမှာဆိုရင်လည်း "ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး"ဆိုတာရှိကာ ပြည်ထောင်စုအစိုးရရဲ့ ဝန်ကြီးဌာနပေါင်းစုံရဲ့ ဘဏ္ဍာငွေစာရင်း၊ ရသုံးငွေစာရင်း စသည်တို့ကိုစစ်ဆေးပေးရပါတယ်။
စာရင်းအင်းပညာ(Accounting)ပိုင်းနဲ့ပက်သက်လို့ ပြည်တွင်းရှိ အစိုးရတက္ကသိုလ်နဲ့ ဒီဂရီကောလိပ်တွေဖြစ်တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်တို့မှာ တက်ရောက်နိုင်ပါတယ်။ဝင်ငွေကောင်းပြီး နိုင်ငံတကာအဆင့်စာရင်းကိုင်တစ်ယောက်ဖြစ်ဖို့အတွက် ပြည်တွင်းဘွဲ့လက်မှတ်တစ်ခုနဲ့တင် မလုံလောက်ပါဘူး။နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့တစ်ခုခုရရှိရန် လိုအပ်ပါသေးတယ်။
စာရင်းအင်းပညာရပ်(Accounting)ပိုင်းနဲ့ပက်သက်ပြီး နိုင်ငံတကာအသိအမှတိပြုအနိမ့်ဆုံး Certificateကတော့အင်္ဂလန်နိုင်ငံ Pearson ပညာရေးအဖွဲ့အစည်းကြီးကပေးအပ်တဲ့ LCCI Certificate ဖြစ်ပါတယ်။
LCCIအနေနဲ့ Level 1,2 & 3သုံးခုရှိပြီး level2အောင်မြင်ရင်Diplomaတစ်ခု၊ level 3 (4 subjects) လုံးအောင်မြင်ရင် Diploma 2ခုစီရရှိမှာဖြစ်သလို levelတစ်ခုချင်းစီရဲ့ သက်ဆိုင်ရာဘာသာရပ် တစ်ခုချင်းစီအတွက် Certificate တွေလည်းရရှိမှာ ဖြစ်ပါတယ်။ LCCI level အားလုံးအောင်မြင်ပြီးတဲ့သူတွေအတွက်လည်း ပိုမြှင့်တဲ့နေရာတွေကို ဆက်လက်တက်လှမ်းနိုင်ဖို့ ACCA Level တန်းတွေလည်း ရှိနေပါသေးတယ်။
LCCI levelအတွက် သင်ကြားလေ့လာချိန်တစ်နှစ်ကြာမြှင့်မှာဖြစ်ပြီး ACCA (16 subjects) အတွက် ၂နှစ်ကနေ၂နှစ်ခွဲထိ အချိန်ယူရပါတယ်။ACCA level ၁၆ဘာသာကို ၄ဘာသာတစ်သုတ်အဖြစ်Part-1, Part-2,Part-3 &part-4 ဟူ၍ လေးပိုင်းခွဲကာ အများဆုံးဖြေကြားကြလေ့ရှိပါတယ်။ ACCA ဘာသာရပ်အားလုံးအောင်မြင်ပြီးပြီဆိုရင်တော့ ဝင်ငွေကောင်းမွန်တဲ့ရာထူးကြီးကြီးတွေကို ရရှိနိုင်မှာသေချာပါတယ်။ ဒါ့ပြင် CPA, DBAစတဲ့ High Nation Diplomaတန်းတွေကို လည်းတက်ရောက်နိုင်ပါသေးတယ်။

စီးပွားရေးစီမံခန့်ခွဲပညာရပ်( Bussiness Management)ဟာလည်း(Accounting)လိုဘဲ စီးပွားရေးလုပ်ငန်းတွေမှာ အရေးပါအရာရောက်တဲ့ ဘာသာရပ်တစ်ခုဘဲဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ ကောင်းကောင်းစီမံခန့်ခွဲတတ်ဖို့ မဖြစ်မနေတတ်ထားသင့်တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ အဆိုပါပညာရပ်တွေကိုလည်း အစိုးရစီးပွားရေးတက္ကသိုလ်တွေနဲ့ ကောလိပ်တွေမှာ သင်ယူနိုင်သလို ပုဂ္ဂလိက နာမည်ကြီးတက္ကသိုလ်တေမှာလည်း နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ကြိုတန်းတွေကို တက်ရောက်လို့ရပါတယ်။
ပြည်တွင်းမှာ HND level 4 တန်းတွေတက်ရောက်ပြီး နောက်ဆုံးနှစ်ကိုသာ နိုင်ငံခြားတက္ကသိုလ်တွေမှာ သွားရောက်သင်ကြားပြီး နိုင်ငံတကာဘွဲ့ကိုစရိတ်စကနဲပါးစွာ တက်ရောက်နိုင်ပြီဘဲဖြစ်ပါတယ်။ Bussiness Managementမှာဘာသာရပ်ပေါင်းများစွာရှိပါတယ်။အဆိုပါ ဘာသာရပ်ပေါင်းများစွာထဲမှာမှ လူသိများတဲ့ ဘာသာရပ်နွေကတော့
Administraction,logistic and Supply,
Operation Management,
Sale & Sale Management
,Marketing Research
,Quantitative methods of Managers,
Hospilaty Management,
Public Relations,
Advertising,
Marketing Management
,Financial Management
,Human Resorces,
Managing For Service Excellence,
International Bussiness Communications,
Consumer Behaviourနဲ့ Project Managementတို့ဖြစ်ကြပါတယ်။
မိမိနဲ့ သင့်တော်တဲ့ ဘာသာရပ်တွေကို ပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ရွေးခြယ်တက်ရောက်နိုင်ပါတယ်။ ဒါ့ပြင် လက်ရှိမျက်မှောက်ကာလမှာ social Mediaကဏ္ဍဟာ အလွန်အရေးပါနေတဲ့အတွက် Social Media and Network Marketing လို့ခေါ်တဲ့ ဘာသာရပ်တစ်မျိုးလည်း ပေါ်ပေါက်လာပါတယ်။
• နိဂုံးချုပ်အားဖြင့်ဆိုရသော် အခုလက်ရှိလူငယ်များအကြားရေပန်းစားနေသော အလုပ်အကိုင်ခေါ်ယူမှုမြင့်မားနေသော စားရင်းအင်းနှင့်
• စီးပွားရေးစီမံခန့်ခွဲမှု ပညာရပ်(Accounting & Bussiness Management)
များကို အများနည်းတူစိတ်ပါဝင်စားစွာ သင်ယူလေ့လာသင့်ကြောင်း အသိပေးဝေမျှ လိုက်ရပါတယ်။

sayar.com.mmမှာ ဖော်ပြပါဘာသာရပ်များကို သင်ကြားပေးသော Study Guide ဆရာ၊ ဆရာမများရှိပါသည်။ မိမိစိတ်တိုင်းကျ ဆရာ၊ ဆရာမများကို လွယ်လွယ်ကူကူ၊ လျင်လျင်မြန်မြန်နဲ့ အခမဲ့ ဝင်ရောက်ရှာဖွေကြည့်ရှုနိုင်ပါသည်။
Accounting >>> https://bit.ly/2OYo5a0
Business Management >>> https://bit.ly/33HvKyK
Digital Marketing >>> https://bit.ly/2LdnzE9
Finance and Accountancy >>> https://bit.ly/2steTCP
Human Resource Management >>> https://bit.ly/37TOhew
LCCI >>> https://bit.ly/35YE3Id
Sale and Marketing Management >>> https://bit.ly/2LdnMap

 

 

sayar.com.mm

Sources : ပန်းတိုင်

 

 

Read times Last modified on Monday, 30 December 2019 17:20
Rate this articles
(0 votes)