×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 22 February 2020

‘ဘြဲ႕ရခါစ လူငယ္ေတြ အလုပ္ရွာတဲ့ အခါ သိထားသင့္တဲ့ အခ်က္ (၇) ခ်က္"

‘ဘြဲ႕ရခါစ လူငယ္ေတြ အလုပ္ရွာတဲ့ အခါ သိထားသင့္တဲ့ အခ်က္ (၇) ခ်က္" freepick

ဘြဲ႔ရစလူငယ္ေတြအတြက္ အလုပ္ရွာတဲ့အခါမွာ သိထားသင့္တဲ့ အခၽက္မၽား ဘြဲ႔မယူခင္ ေအာင္စာရင္းထြက္ၿပီဆိုတာနဲ႔ ေခါင္းထဲေရာက္လာတဲ့အသိဟာ အလုပ္လုပ္ရေတာ့မယ္ဆိုတာပါပဲ။

ဘြဲ႔ရတာသာၾကာသြားတယ္၊ ဘာအလုပ္အကိုင္မွ မည္မည္ရရရွာမေတြ႔ေသးဘူးဆိုတဲ့ လူငယ္ေတြကိုလည္း ေတြ႔ရမွာပါ။ ဒါဟာ ဘာေၾကာင့္လဲဆိုတာ ေသခၽာအေျဖရွာဖို႔လိုသလို အလုပ္အကိုင္အတည္တကၽရဖို႔ ဘယ္လို နည္းလမ္းေတြလိုအပ္သလဲဆိုတာကိုလည္း သိထားရပါမယ္။ 


၁။ မိမိရဲ႕ Mindset ကို ျပင္ဆင္ပါ
အေရးႀကီးဆံုးကေတာ့ စိတ္ပါပဲ။ အလုပ္ရကိုရရမယ္ဆိုတဲ့စိတ္ကို အရင္သြင္းထားဖို႔လိုပါတယ္။ ဒါေပမယ့္ အလုပ္ဆိုတာနဲ႔ ႀကံဳရာကၽပန္း ဘာရရလုပ္မယ္ဆိုတာမၽိဳးမေတြးဘဲ ကိုယ့္အရည္အခၽင္းနဲ႔ ကိုက္ညီတဲ့အလုပ္မၽိဳး ကိုယ္စိတ္ဝင္စားတဲ့အလုပ္မၽိဳးပဲရရမယ္ဆိုတာမၽိဳးကို ေသခၽာစဥ္းစားထားသင့္ပါတယ္။ 

 


၂။ ေရြးခၽယ္ပါ
ဘြဲ႔ရၿပီးစလူငယ္ေတာ္ေတာ္မၽားမၽား ေတြေဝေနတတ္တာတစ္ခုက သင္တန္းေတြပဲ ဆက္တက္ရင္ေကာင္းမလား၊ အလုပ္ပဲခၽက္ခၽင္းဝင္ရင္ေကာင္းမလားဆိုတာပါ။ ဒီေနရာမွာ အႀကံေပးခၽင္တာကေတာ့ မိမိရဲ႕ေရြးခၽယ္မႈအတြက္ ေသခၽာစဥ္းစားဖို႔ပါပဲ။ Engineering ဘက္ကလာတဲ့သူေတာ္ေတာ္မၽားမၽားက Auto CAD, M&E စတဲ့သင္တန္းေတြတက္ၾကသလို၊ IT ဘက္ကလာတဲ့သူေတြဆိုရင္လည္း Programming, Networking နဲ႔သက္ဆိုင္တဲ့သင္တန္းေတြ တက္ၾကပါတယ္။

ဒါေပမယ့္ မတက္ခင္မွာ ေသခၽာစဥ္းစားထားသင့္တာက ကိုယ္ဟာ ဒီ Field ကို စိတ္ဝင္စားမႈရွိရဲ႕လား? ဒီသင္တန္းတက္ၿပီးရင္ ကိုယ့္ရဲ႕အလုပ္အကိုင္အခြင့္အလမ္းက ဘာေတြရွိႏိုင္မလဲ? ဒီ Field နဲ႔ပတ္သက္တဲ့ Entry Level အလုပ္ေတြမွာ လစာဘယ္ေလာက္ရွိနိုင္သလဲ? စတာေတြကို ေသခ်ာေလ့လာစဥ္းစားၿပီးမွ တက္ပါ။ အလုပ္မဝင္ခင္လိုအပ္တာမွန္သမၽွ ႀကိဳ ျပင္ဆင္ထားတာေကာင္းေပမယ့္ ဟိုသင္တန္းတက္လိုက္၊ ဒီသင္တန္းတက္လိုက္နဲ႔ ဘယ္အပိုင္းကိုသြားရမွန္းမသိ ေယာင္ေတာင္ေတာင္ျဖစ္ေနတဲ့သူေတြအမၽားႀကီးပါ။ အလုပ္ပဲခၽက္ခၽင္းဝင္ခၽင္တယ္ဆိုတဲ့သူေတြအတြက္လည္း ဘယ္အပိုင္းကို ကိုယ္စိတ္ဝင္စားသလဲ? ဒါဟာ ကိုယ့္အတြက္ တကယ္သင့္ေတာ္ႏိုင္ပါ့မလား? ေရရွည္အဆင္ေျပႏိုင္ပါ့မလား? စဥ္းစားပါ။ လစာအဆင္ေျပရင္ ဘာအလုပ္ရရ၊ ဘယ္ေနရာမွာျဖစ္ျဖစ္ ဝင္လုပ္မယ္ဆိုတဲ့အေတြးမၽိဳးကို မရွိေစခၽင္ပါဘူး။

ကိုယ္ဝင္တဲ့ Organization ရဲ႕လႊမ္းမိုးမႈဟာ ကိုယ့္ရဲ႕ကိုယ္ရည္ကိုယ္ေသြးအေပၚမွာလည္း တိုက္ရုိက္သက္ေရာက္ပါတယ္။ ကိုယ္စိတ္မဝင္စားတဲ့အလုပ္ဟာ လစာဘယ္ေလာက္ေကာင္းေကာင္း ကိုယ့္အတြက္ အဆင္မေျပျဖစ္တတ္ပါတယ္။ အလုပ္ဝင္စမွာတင္ ဒီ Company နဲ႔အဆင္မေျပလို႔ ေနာက္တစ္ခုထပ္ေျပာင္းတယ္ဆိုတာမၽိဳး ခဏခဏျဖစ္တာဟာလည္း အလုပ္ရွင္ေတြရဲ႕အျမင္မွာ Impression ကၽေစပါတယ္။

အေျခအေနအေၾကာင္းေၾကာင္းေၾကာင့္ အလုပ္ခၽက္ခၽင္းဝင္လိုက္ရလို႔ သင္တန္းေတြ မတက္ရမွာလည္း မစိုးရိမ္ပါနဲ႔။ အလုပ္တစ္ဖက္နဲ႔ ပိတ္ရက္ေတြ ရုံးဆင္းခၽိန္ေတြမွာ သင္တန္းေတြ Seminar ေတြလိုက္တက္တာမ်ိဳးကလည္း အခၽိန္ကုန္သက္သာၿပီး အကၽိဳးရွိေစပါတယ္။

 


 ၃။ စိတ္အားထက္သန္မႈရွိပါ
အလုပ္ရွာေတာ့မယ္လို႔ အေတြးဝင္လိုက္တာနဲ႔ ခၽက္ခၽင္းအေကာင္အထည္ေဖာ္ပါ။ Job Site ေတြမွာ Register လုပ္ပါ။ Company ေတြ အေၾကာင္းေလ့လာပါ။ ကိုယ္စိတ္ဝင္စားတဲ့ Position ေတြအေၾကာင္း လစာအခြင့္အလမ္းေတြအေၾကာင္း ေသခၽာေလ့လာပါ။ ေျပာခၽင္တာတစ္ခုက လက္ရွိမွာ ဘြဲ႔ရၿပီးစ လူငယ္ေတြကို လစာေကာင္းေကာင္းေပးၿပီး ခၽက္ခၽင္းခန္႔လိုက္တဲ့ Company ဆိုတာရွားပါတယ္။

ကိုယ္စိတ္ဝင္စားတဲ့ Company မွာ ကိုယ္နဲ႔သင့္ေတာ္တဲ့ Position မၽိဳးရွိတယ္ဆိုရင္ လစာကို အရမ္းအာရုံမထားဘဲ ဝင္လုပ္ဖို႔ ဝန္မေလးပါနဲ႔။ လစာအနည္းအမၽားဟာ မိမိႀကိဳးစားအားထုတ္မႈအေပၚမွာလည္း မူတည္ပါတယ္။ ပထမဦးဆံုးလိုအပ္တာက မိမိရဲ႕လုပ္ငန္းခြင္အေတြ႔အႀကံဳကို ျဖည့္ႏိုင္ဖို႔ပါပဲ။ ကိုယ္ႀကိဳးစားေလေလ အလုပ္ရွင္ေတြက လက္မလႊတ္ခၽင္ေလေလပါ။ 

Advanced Excel သင္ၾကားေပးေသာ guide ဆရာ၊ ဆရာမမ်ား >>>> https://www.sayar.com.mm/subjects/all-teachers/subject-270.html

 


၄။ Social Media ကို ေကာင္းေကာင္းအသံုးခၽပါ
Social Media ဆိုတာနဲ႔ Facebook ကိုပဲ မျမင္ေစခၽင္ပါဘူး။ အလုပ္ရွာေနတဲ့သူေတြပဲျဖစ္ျဖစ္၊ အလုပ္ဝင္ၿပီးသားလူေတြပဲျဖစ္ျဖစ္ အဓိကသံုးဖို႔လိုအပ္တာက LinkedIn ပါ။ LinkedIn မွာက Professional သမားေတြ၊ Recruiter ေတြေတာ္ေတာ္မၽားမၽားနဲ႔ ဆက္သြယ္လို႔ရတဲ့အျပင္ သက္ဆိုင္ရာနယ္ပယ္အသီးသီးက Professional Group ေတြထဲမွာလည္း အသင္းဝင္ထားလို႔ရပါတယ္။ LinkedIn လိုမၽိဳး Social Media ေတြကို ေကာင္းေကာင္းသံုးတတ္ေလေလ Career Opportunity ေတြကို မၽားမၽားေတြ႔ႏိုင္ေလေလပါပဲ။ 

 


၅။ Network ကၽယ္ျပန္႔ပါေစ
တစ္ခါတစ္ေလမွာ အိမ္တြင္းေအာင္းၿပီး Jobsite ေတြမွာ ထိုင္အလုပ္ေလၽွာက္ေနရင္လည္း အကၽိဳးမထူးတတ္ပါဘူး။ Career Conference ေတြ၊ Seminar ေတြတက္တာမၽိဳး၊ လူမႈေရးပြဲေတြမွာ Volunteer လုပ္တာမၽိဳးေတြ မၽားမၽားရွိပါေစ။ မိမိရဲ႕လူမႈအသိုင္းအဝိုင္းနယ္ပယ္ကၽယ္ျပန္႔လာတာနဲ႔အမၽွ အလုပ္ရွာရတာလည္း လြယ္ကူလာတတ္ပါတယ္။ 

Sayar Guice banner design 2 3

 


၆။ နိုင္ငံျခားဘာသာစကားေတြ သင္ယူပါ
နိုင္ငံျခားရင္းႏွီးျမွပ္နွံမႈေတြအျပင္ ႏိုင္ငံျခားသား Professional ေတြပါ ဝင္ေရာက္လာတဲ့ ျမန္မာနိုင္ငံမွာ ဘာသာစကားတစ္မၽိဳးထက္ပိုၿပီး တတ္ေျမာက္ထားတာကလည္း အားသာခၽက္တစ္ခုပါ။ ဘာသာစကားသင္တန္းေတြအတြက္ ပိုက္ဆံအကုန္မခံႏိုင္ရင္ေတာင္ စိတ္မပူပါနဲ႔။ အခုေခတ္မွာ Mobile ဖုန္းတစ္လံုးရွိရုံနဲ႔ အခမဲ့ Application ေတြကေနတဆင့္ ကိုယ္သင္ခၽင္တဲ့ဘာသာစကားကို အလြယ္တကူသင္ယူနိုင္ပါၿပီ။ အေရးႀကီးတာကေတာ႔ သင္ယူတတ္ေျမာက္လိုစိတ္ပါပဲ။

 


၇။ ႀကိဳတင္ျပင္ဆင္မႈရွိပါ
အလုပ္ရွာတဲ့အခၽိန္မွာတင္မကဘဲ Interview ေျဖတာကအစ အလုပ္ဝင္တာအဆံုး အားလံုးႀကိဳတင္ျပင္ဆင္မႈရွိပါေစ။ မိမိရဲ႕ CV Form ကို ကိုယ္ေလၽွာက္မဲ့ အလုပ္ရာထူးေနရာအလိုက္ ေသခၽာျပင္ဆင္ပါ။ CV တစ္ရြက္ေကာက္ဝယ္ၿပီး ၿပီးစလြယ္ျဖည့္လိုက္တာမၽိဳးနဲ႔ေတာ့ အလုပ္ေကာင္းေကာင္းရဖို႔မေမၽွာ္လင့္ပါနဲ႔။

Facebook ကိုေတာင္ လူတိုင္းနီးပါး သံုးႏိုင္ၾကတဲ့ေခတ္ႀကီးမွာ Online ကေန CV ေရးနည္းေတြကို ေလ့လာတာဟာ လြယ္ကူတဲ႔အရာတစ္ခုျဖစ္မွာပါ။ ထိုနည္းအတိုင္းပဲ Interview အတြက္ ေဆာင္ရန္ေရွာင္ရန္ေတြကိုလည္း ႀကိဳတင္ေလ့လာျပင္ဆင္ထားသင့္ပါတယ္။ ဒီအခၽက္ေတြကို ေလ့လာအေကာင္အထည္ေဖာ္ၾကည့္ရင္း ဘြဲ႔ရခါစလူငယ္ေတြအားလံုး ကိုယ္နဲ႔သင့္ေတာ္တဲ့အလုပ္အကိုင္ေကာင္းေကာင္းရႏိုင္ဖို႔ ျပင္ဆင္ႀကိဳးစားႏိုင္ၾကပါေစ။

 

 

Credit : MyWorld

 

Unicode ဖြင့်ဖတ်ရန်
"ဘွဲ့ရခါစ လူငယ်တွေ အလုပ်ရှာတဲ့ အခါ သိထားသင့်တဲ့ အချက် (၇) ချက်"


ဘွဲ့ရစလူငယ်တွေအတွက် အလုပ်ရှာတဲ့အခါမှာ သိထားသင့်တဲ့ အချက်များ ဘွဲ့မယူခင် အောင်စာရင်းထွက်ပြီဆိုတာနဲ့ ခေါင်းထဲရောက်လာတဲ့အသိဟာ အလုပ်လုပ်ရတော့မယ်ဆိုတာပါပဲ။ ဘွဲ့ရတာသာကြာသွားတယ်၊ ဘာအလုပ်အကိုင်မှ မည်မည်ရရရှာမတွေ့သေးဘူးဆိုတဲ့ လူငယ်တွေကိုလည်း တွေ့ရမှာပါ။ ဒါဟာ ဘာကြောင့်လဲဆိုတာ သေချာအဖြေရှာဖို့လိုသလို အလုပ်အကိုင်အတည်တကျရဖို့ ဘယ်လို နည်းလမ်းတွေလိုအပ်သလဲဆိုတာကိုလည်း သိထားရပါမယ်။ 


၁။ မိမိရဲ့ Mindset ကို ပြင်ဆင်ပါ
အရေးကြီးဆုံးကတော့ စိတ်ပါပဲ။ အလုပ်ရကိုရရမယ်ဆိုတဲ့စိတ်ကို အရင်သွင်းထားဖို့လိုပါတယ်။ ဒါပေမယ့် အလုပ်ဆိုတာနဲ့ ကြုံရာကျပန်း ဘာရရလုပ်မယ်ဆိုတာမျိုးမတွေးဘဲ ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီတဲ့အလုပ်မျိုး ကိုယ်စိတ်ဝင်စားတဲ့အလုပ်မျိုးပဲရရမယ်ဆိုတာမျိုးကို သေချာစဉ်းစားထားသင့်ပါတယ်။ 

 


၂။ ရွေးချယ်ပါ
ဘွဲ့ရပြီးစလူငယ်တော်တော်များများ တွေဝေနေတတ်တာတစ်ခုက သင်တန်းတွေပဲ ဆက်တက်ရင်ကောင်းမလား၊ အလုပ်ပဲချက်ချင်းဝင်ရင်ကောင်းမလားဆိုတာပါ။ ဒီနေရာမှာ အကြံပေးချင်တာကတော့ မိမိရဲ့ရွေးချယ်မှုအတွက် သေချာစဉ်းစားဖို့ပါပဲ။ Engineering ဘက်ကလာတဲ့သူတော်တော်များများက Auto CAD, M&E စတဲ့သင်တန်းတွေတက်ကြသလို၊ IT ဘက်ကလာတဲ့သူတွေဆိုရင်လည်း Programming, Networking နဲ့သက်ဆိုင်တဲ့သင်တန်းတွေ တက်ကြပါတယ်။

ဒါပေမယ့် မတက်ခင်မှာ သေချာစဉ်းစားထားသင့်တာက ကိုယ်ဟာ ဒီ Field ကို စိတ်ဝင်စားမှုရှိရဲ့လား? ဒီသင်တန်းတက်ပြီးရင် ကိုယ့်ရဲ့အလုပ်အကိုင်အခွင့်အလမ်းက ဘာတွေရှိနိုင်မလဲ? ဒီ Field နဲ့ပတ်သက်တဲ့ Entry Level အလုပ်တွေမှာ လစာဘယ်လောက်ရှိနိုင်သလဲ? စတာတွေကို သေချာလေ့လာစဉ်းစားပြီးမှ တက်ပါ။ အလုပ်မဝင်ခင်လိုအပ်တာမှန်သမျှ ကြို ပြင်ဆင်ထားတာကောင်းပေမယ့် ဟိုသင်တန်းတက်လိုက်၊ ဒီသင်တန်းတက်လိုက်နဲ့ ဘယ်အပိုင်းကိုသွားရမှန်းမသိ ယောင်တောင်တောင်ဖြစ်နေတဲ့သူတွေအများကြီးပါ။

အလုပ်ပဲချက်ချင်းဝင်ချင်တယ်ဆိုတဲ့သူတွေအတွက်လည်း ဘယ်အပိုင်းကို ကိုယ်စိတ်ဝင်စားသလဲ? ဒါဟာ ကိုယ့်အတွက် တကယ်သင့်တော်နိုင်ပါ့မလား? ရေရှည်အဆင်ပြေနိုင်ပါ့မလား? စဉ်းစားပါ။ လစာအဆင်ပြေရင် ဘာအလုပ်ရရ၊ ဘယ်နေရာမှာဖြစ်ဖြစ် ဝင်လုပ်မယ်ဆိုတဲ့အတွေးမျိုးကို မရှိစေချင်ပါဘူး။

ကိုယ်ဝင်တဲ့ Organization ရဲ့လွှမ်းမိုးမှုဟာ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးအပေါ်မှာလည်း တိုက်ရိုက်သက်ရောက်ပါတယ်။ ကိုယ်စိတ်မဝင်စားတဲ့အလုပ်ဟာ လစာဘယ်လောက်ကောင်းကောင်း ကိုယ့်အတွက် အဆင်မပြေဖြစ်တတ်ပါတယ်။ အလုပ်ဝင်စမှာတင် ဒီ Company နဲ့အဆင်မပြေလို့ နောက်တစ်ခုထပ်ပြောင်းတယ်ဆိုတာမျိုး ခဏခဏဖြစ်တာဟာလည်း အလုပ်ရှင်တွေရဲ့အမြင်မှာ Impression ကျစေပါတယ်။ အခြေအနေအကြောင်းကြောင်းကြောင့် အလုပ်ချက်ချင်းဝင်လိုက်ရလို့ သင်တန်းတွေ မတက်ရမှာလည်း မစိုးရိမ်ပါနဲ့။ အလုပ်တစ်ဖက်နဲ့ ပိတ်ရက်တွေ ရုံးဆင်းချိန်တွေမှာ သင်တန်းတွေ Seminar တွေလိုက်တက်တာမျိုးကလည်း အချိန်ကုန်သက်သာပြီး အကျိုးရှိစေပါတယ်။

 


 ၃။ စိတ်အားထက်သန်မှုရှိပါ
အလုပ်ရှာတော့မယ်လို့ အတွေးဝင်လိုက်တာနဲ့ ချက်ချင်းအကောင်အထည်ဖော်ပါ။ Job Site တွေမှာ Register လုပ်ပါ။ Company တွေ အကြောင်းလေ့လာပါ။ ကိုယ်စိတ်ဝင်စားတဲ့ Position တွေအကြောင်း လစာအခွင့်အလမ်းတွေအကြောင်း သေချာလေ့လာပါ။ ပြောချင်တာတစ်ခုက လက်ရှိမှာ ဘွဲ့ရပြီးစ လူငယ်တွေကို လစာကောင်းကောင်းပေးပြီး ချက်ချင်းခန့်လိုက်တဲ့ Company ဆိုတာရှားပါတယ်။

ကိုယ်စိတ်ဝင်စားတဲ့ Company မှာ ကိုယ်နဲ့သင့်တော်တဲ့ Position မျိုးရှိတယ်ဆိုရင် လစာကို အရမ်းအာရုံမထားဘဲ ဝင်လုပ်ဖို့ ဝန်မလေးပါနဲ့။ လစာအနည်းအများဟာ မိမိကြိုးစားအားထုတ်မှုအပေါ်မှာလည်း မူတည်ပါတယ်။ ပထမဦးဆုံးလိုအပ်တာက မိမိရဲ့လုပ်ငန်းခွင်အတွေ့အကြုံကို ဖြည့်နိုင်ဖို့ပါပဲ။ ကိုယ်ကြိုးစားလေလေ အလုပ်ရှင်တွေက လက်မလွှတ်ချင်လေလေပါ။ 

Advanced Excel သင်ကြားပေးသော guide ဆရာ၊ ဆရာမများ >>>> https://www.sayar.com.mm/subjects/all-teachers/subject-270.html

 


၄။ Social Media ကို ကောင်းကောင်းအသုံးချပါ
Social Media ဆိုတာနဲ့ Facebook ကိုပဲ မမြင်စေချင်ပါဘူး။ အလုပ်ရှာနေတဲ့သူတွေပဲဖြစ်ဖြစ်၊ အလုပ်ဝင်ပြီးသားလူတွေပဲဖြစ်ဖြစ် အဓိကသုံးဖို့လိုအပ်တာက LinkedIn ပါ။ LinkedIn မှာက Professional သမားတွေ၊ Recruiter တွေတော်တော်များများနဲ့ ဆက်သွယ်လို့ရတဲ့အပြင် သက်ဆိုင်ရာနယ်ပယ်အသီးသီးက Professional Group တွေထဲမှာလည်း အသင်းဝင်ထားလို့ရပါတယ်။

LinkedIn လိုမျိုး Social Media တွေကို ကောင်းကောင်းသုံးတတ်လေလေ Career Opportunity တွေကို များများတွေ့နိုင်လေလေပါပဲ။ 

 


၅။ Network ကျယ်ပြန့်ပါစေ
တစ်ခါတစ်လေမှာ အိမ်တွင်းအောင်းပြီး Jobsite တွေမှာ ထိုင်အလုပ်လျှောက်နေရင်လည်း အကျိုးမထူးတတ်ပါဘူး။ Career Conference တွေ၊ Seminar တွေတက်တာမျိုး၊ လူမှုရေးပွဲတွေမှာ Volunteer လုပ်တာမျိုးတွေ များများရှိပါစေ။ မိမိရဲ့လူမှုအသိုင်းအဝိုင်းနယ်ပယ်ကျယ်ပြန့်လာတာနဲ့အမျှ အလုပ်ရှာရတာလည်း လွယ်ကူလာတတ်ပါတယ်။ 

Sayar Guice banner design 2 3

 


၆။ နိုင်ငံခြားဘာသာစကားတွေ သင်ယူပါ
နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေအပြင် နိုင်ငံခြားသား Professional တွေပါ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံမှာ ဘာသာစကားတစ်မျိုးထက်ပိုပြီး တတ်မြောက်ထားတာကလည်း အားသာချက်တစ်ခုပါ။ ဘာသာစကားသင်တန်းတွေအတွက် ပိုက်ဆံအကုန်မခံနိုင်ရင်တောင် စိတ်မပူပါနဲ့။ အခုခေတ်မှာ Mobile ဖုန်းတစ်လုံးရှိရုံနဲ့ အခမဲ့ Application တွေကနေတဆင့် ကိုယ်သင်ချင်တဲ့ဘာသာစကားကို အလွယ်တကူသင်ယူနိုင်ပါပြီ။ အရေးကြီးတာကတော့ သင်ယူတတ်မြောက်လိုစိတ်ပါပဲ။

 


၇။ ကြိုတင်ပြင်ဆင်မှုရှိပါ
အလုပ်ရှာတဲ့အချိန်မှာတင်မကဘဲ Interview ဖြေတာကအစ အလုပ်ဝင်တာအဆုံး အားလုံးကြိုတင်ပြင်ဆင်မှုရှိပါစေ။ မိမိရဲ့ CV Form ကို ကိုယ်လျှောက်မဲ့ အလုပ်ရာထူးနေရာအလိုက် သေချာပြင်ဆင်ပါ။ CV တစ်ရွက်ကောက်ဝယ်ပြီး ပြီးစလွယ်ဖြည့်လိုက်တာမျိုးနဲ့တော့ အလုပ်ကောင်းကောင်းရဖို့မမျှော်လင့်ပါနဲ့။ Facebook ကိုတောင် လူတိုင်းနီးပါး သုံးနိုင်ကြတဲ့ခေတ်ကြီးမှာ Online ကနေ CV ရေးနည်းတွေကို လေ့လာတာဟာ လွယ်ကူတဲ့အရာတစ်ခုဖြစ်မှာပါ။ ထိုနည်းအတိုင်းပဲ Interview အတွက် ဆောင်ရန်ရှောင်ရန်တွေကိုလည်း ကြိုတင်လေ့လာပြင်ဆင်ထားသင့်ပါတယ်။ ဒီအချက်တွေကို လေ့လာအကောင်အထည်ဖော်ကြည့်ရင်း ဘွဲ့ရခါစလူငယ်တွေအားလုံး ကိုယ်နဲ့သင့်တော်တဲ့အလုပ်အကိုင်ကောင်းကောင်းရနိုင်ဖို့ ပြင်ဆင်ကြိုးစားနိုင်ကြပါစေ။

 

 

Credit : MyWorld

Read times
Rate this articles
(0 votes)