×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Friday, 20 October 2017

ဘလက္ေကာ္ဖီ ၾကိဳက္တဲ့သူေတြက စိတ္မမွန္ဟုဆို

ဘလက္ေကာ္ဖီ ၾကိဳက္တဲ့သူေတြက စိတ္မမွန္ဟုဆို google.com

ေကာ္ဖီအမ်ိဳးအစားအမ်ားႀကီးရွိပါတယ္။ Cappuccino ၊ Mocha ၊ Espresso စသျဖင္႔ ေကာ္ဖီေဖ်ာ္စပ္ပံု အလိုက္ ေရြးခ်ယ္စရာေကာ္ဖီ menu ေတြရွိပါတယ္။

ဒါေပမယ္႕ မိမိနဲ႔ ခ်ိန္းေတြ႕ေနသူက black coffee (ေကာ္ဖီခါး) ကို ေရြးခ်ယ္တယ္ဆုိရင္ေတာ႔ သူတို႔နားမွာ သတိထားေနပါ။ ခင္ဗ်ားနဲ႕ေကာ္ဖီ တူတူေသာက္ ေနသူက စိတ္ပံုမွန္မရွိသူ ျဖစ္ေနႏိုင္ပါတယ္။

ေကာ္ဖီခါးခါးႀကိဳက္သူေတြ ေဒါသေတာ႔ထြက္မသြားပါနဲ႔ဦး။ ဒီအခ်က္အလက္ဟာ ၾသစေၾတးလ်ႏိုင္ငံ Innsbruck တကၠသိုလ္မွာ ျပဳလုပ္ခဲ႔တဲ႔ သုေတသနရဲ႕ရလဒ္ျဖစ္ၿပီး ေကာ္ဖီဆိုရင္ ခါးခါးမွႀကိဳက္သူေတြဟာ စိတ္ပိုင္းဆိုင္ရာမူမမွန္သူ (သို႔) ရက္စက္ၾကမ္းၾကဳတ္တဲ႔ အျပဳအမူေတြမွာ သာယာသူျဖစ္ေနႏိုင္ပါတယ္တဲ႔။

အဲဒီသုေတသနစာတမ္းကို Appetite ဂ်ာနယ္မွာထည္႔သြင္းျပသခဲ႔ၿပီး အရြယ္ေရာက္ၿပီးလူေပါင္း (၁၀၀၀) ေက်ာ္ကို သူတို႔ရဲ႕ အရသာနဲ႔ပတ္သက္လာရင္ ႏွစ္သက္မႈေတြကို ေမးျမန္းစစ္တမ္းေကာက္ခဲ႔တာ ျဖစ္ပါ တယ္။ ေနာက္ၿပီး သူတို႔ဟာ မတူညီတဲ႔ ပုဂၢိဳလ္ေရးအရည္အခ်င္းစစ္ေမးခြန္းေတြကိုလည္း ေမးျမန္းခဲ႔ၿပီး machiavellian trait လို႔ေခၚတဲ႔ အတၱလြန္မင္းစြာႀကီးျခင္း (narcissism) ေတြ၊ အၾကမ္းပတမ္း လုပ္ရတာ ဝါသနာႀကီးျခင္း (psychopathy) ေတြ၊ ညွင္းပန္းႏွိပ္စက္ရတာ ဝါသနာထံုျခင္း (sadism) နဲ႕ ေဒါသႀကီးျခင္း စတဲ႔အခ်က္ေတြ ပါဝင္ပါတယ္။
Recommended for you -
အကြဲမ်ား
သုေတသီေတြက ေကာ္ဖီခါး (ဘလက္ခ္ေကာ္ဖီ) ႏွစ္သက္ျခင္း (ဒါမွမဟုတ္ တျခားအခါးဓာတ္ေတြကို ႏွစ္သက္ျခင္း) နဲ႔ ရက္စက္ၾကမ္းၾကဳတ္တဲ႔ အျပဳအမူေတြၾကားမွာ ဆက္ႏြယ္မႈေတြ ရွိေနေၾကာင္း ေဖာ္ထုတ္ ျပသခဲ႔႔ပါတယ္။ေကာ္ဖီကို ႏို႕ထည္႔ေသာက္တဲ႔သူေတြ ေနာက္တစ္ခုကေတာ႔ ႏို႔မ်ားတဲ႔၊ အခ်ိဳမ်ားတဲ႔ ေကာ္ဖီေတြကို ႏွစ္သက္သူေတြကေတာ႔ ကရုဏာႀကီးျခင္း၊ အမ်ားနဲ႕ ပူးေပါင္းေဆာင္ရြက္တတ္ျခင္း၊ အၾကင္နာႀကီးျခင္းစတဲ႔ ပုဂၢိဳလ္ေရးအရည္အေသြးေတြ ရွိေနႏိုင္ပါတယ္တဲ႔။ သုေတသနမွာေတြ႕ရွိခဲ႔တဲ႔ အခ်က္တစ္ခ်က္အရ ခါးတဲ႔အရသာရွိတဲ႔အစားအေသာက္ေတြကို ႏွစ္သက္သူေတြနဲ႔ တျခားလူေတြအေပၚ နာက်င္ေအာင္လုပ္ရတာကို ႏွစ္သက္မႈၾကားမွာ နီးကပ္စြာ ဆက္ႏြယ္ေနပါတယ္။

ဒါတင္မကေသးပါဘူး။ သုေတသီေတြကအၾကံျပဳထားတာကေတာ႔ ခါးတဲ႔အရသာရွိတဲ႔ အစားအေသာက္ ေတြနဲ႔ စိတ္ပိုင္းဆိုင္ရာ မူမမွန္မႈေတြဟာ နာတာရွည္ျဖစ္ႏိုင္ၿပီး အခ်ိန္ၾကာလာတာနဲ႔အမွ် ပိုဆိုးလာႏိုင္ပါ တယ္။
Recommended for you -
သတင္းဆိုးေတြကို အရင္းခံၿပီး ေအာင္ျမင္မႈရေအာင္ စြမ္းေဆာင္ခဲ့သူ
ဒါေပမယ္႔ တစ္ခုရွိတာကေတာ႔ ဘလက္ခ္ေကာ္ဖီေသာက္သူေတြဟာ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ဂရုစိုက္ တတ္သူေတြလည္း ျဖစ္ေနႏိုင္ပါတယ္။ ေကာ္ဖီခါးခါးမွာက က်န္းမာေရးအက်ိဳးေက်းဇူးေတြ အမ်ားႀကီးပါရွိ ေနခ်ိန္မွာ ႏို႕မႈန္႕ေတြ၊ သၾကားေတြအမ်ားႀကီးထည္႔ထားတဲ႔ ေကာ္ဖီေတြကေတာ႔ က်န္းမာေရးအတြက္ ထင္သေလာက္မေကာင္းပါဘူး။

အားလံုးကေတာ့ အဆိုးနဲ႕အေကာင္းဒြန္တြဲေနတာပါပဲ။ တသတ္မတ္တည္းေတာ့ သတ္မွတ္လုိ႔မရပါဘူး။ ကြ်န္ေတာ္လည္း black coffee ၾကိဳက္ပါတယ္။ ဒါေပမယ့္ စိတ္မမွန္တာေတာ့ မရွိပါဘူး။ ကိုယ့္ကုိယ္ကို ေျပာတာေနာ္။ က်န္တဲ့သူေတြေတာ့ သိဘူး။

ကုိယ့္ဘဝအတြက္ အေကာင္းဆံုး အလွပဆံုးအနာဂတ္ကုိ ဖန္တီးပံုေဖာ္နိုင္ဖို႔ ကုိယ့္ရဲ႕ အရည္အခ်င္းေတြကို ျမွင့္တင္ဖို႔အတြက္ ကြ်န္ေတာ္တို႔ sayar.com.mm မွာ ရွိတဲ့ဆရာ ဆရာမမ်ားနဲ႕ ဆက္သြယ္လိုက္ပါ။

ဆရာ ဆရာမမ်ားလည္း အခမဲ့ register လုပ္ထားလို႔ ရပါတယ္ခင္ဗ်ာ။

Source; Reader’s Digest

 [Unicode Version]

ကော်ဖီအမျိုးအစားအများကြီးရှိပါတယ်။ Cappuccino ၊ Mocha ၊ Espresso စသဖြင့် ကော်ဖီဖျော်စပ်ပုံ အလိုက် ရွေးချယ်စရာကော်ဖီ menu တွေရှိပါတယ်။ ဒါပေမယ့် မိမိနဲ့ ချိန်းတွေ့နေသူက black coffee (ကော်ဖီခါး) ကို ရွေးချယ်တယ်ဆိုရင်တော့ သူတို့နားမှာ သတိထားနေပါ။ ခင်ဗျားနဲ့ကော်ဖီ တူတူသောက် နေသူက စိတ်ပုံမှန်မရှိသူ ဖြစ်နေနိုင်ပါတယ်။

ကော်ဖီခါးခါးကြိုက်သူတွေ ဒေါသတော့ထွက်မသွားပါနဲ့ဦး။ ဒီအချက်အလက်ဟာ သြတြေးလျနိုင်ငံ Innsbruck တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနရဲ့ရလဒ်ဖြစ်ပြီး ကော်ဖီဆိုရင် ခါးခါးမှကြိုက်သူတွေဟာ စိတ်ပိုင်းဆိုင်ရာမူမမှန်သူ (သို့) ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေမှာ သာယာသူဖြစ်နေနိုင်ပါတယ်တဲ့။

အဲဒီသုတေသနစာတမ်းကို Appetite ဂျာနယ်မှာထည့်သွင်းပြသခဲ့ပြီး အရွယ်ရောက်ပြီးလူပေါင်း (၁၀၀၀) ကျော်ကို သူတို့ရဲ့ အရသာနဲ့ပတ်သက်လာရင် နှစ်သက်မှုတွေကို မေးမြန်းစစ်တမ်းကောက်ခဲ့တာ ဖြစ်ပါ တယ်။ နောက်ပြီး သူတို့ဟာ မတူညီတဲ့ ပုဂ္ဂိုလ်ရေးအရည်အချင်းစစ်မေးခွန်းတွေကိုလည်း မေးမြန်းခဲ့ပြီး machiavellian trait လို့ခေါ်တဲ့ အတ္တလွန်မင်းစွာကြီးခြင်း (narcissism) တွေ၊ အကြမ်းပတမ်း လုပ်ရတာ ဝါသနာကြီးခြင်း (psychopathy) တွေ၊ ညှင်းပန်းနှိပ်စက်ရတာ ဝါသနာထုံခြင်း (sadism) နဲ့ ဒေါသကြီးခြင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။

Recommended for you - အကွဲများ

သုတေသီတွေက ကော်ဖီခါး (ဘလက်ခ်ကော်ဖီ) နှစ်သက်ခြင်း (ဒါမှမဟုတ် တခြားအခါးဓာတ်တွေကို နှစ်သက်ခြင်း) နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေကြားမှာ ဆက်နွယ်မှုတွေ ရှိနေကြောင်း ဖော်ထုတ် ပြသခဲ့့ပါတယ်။ကော်ဖီကို နို့ထည့်သောက်တဲ့သူတွေ နောက်တစ်ခုကတော့ နို့များတဲ့၊ အချိုများတဲ့ ကော်ဖီတွေကို နှစ်သက်သူတွေကတော့ ကရုဏာကြီးခြင်း၊ အများနဲ့ ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ အကြင်နာကြီးခြင်းစတဲ့ ပုဂ္ဂိုလ်ရေးအရည်အသွေးတွေ ရှိနေနိုင်ပါတယ်တဲ့။ သုတေသနမှာတွေ့ရှိခဲ့တဲ့ အချက်တစ်ချက်အရ ခါးတဲ့အရသာရှိတဲ့အစားအသောက်တွေကို နှစ်သက်သူတွေနဲ့ တခြားလူတွေအပေါ် နာကျင်အောင်လုပ်ရတာကို နှစ်သက်မှုကြားမှာ နီးကပ်စွာ ဆက်နွယ်နေပါတယ်။

ဒါတင်မကသေးပါဘူး။ သုတေသီတွေကအကြံပြုထားတာကတော့ ခါးတဲ့အရသာရှိတဲ့ အစားအသောက် တွေနဲ့ စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုတွေဟာ နာတာရှည်ဖြစ်နိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာနိုင်ပါ တယ်။

Recommended for you - သတင်းဆိုးတွေကို အရင်းခံပြီး အောင်မြင်မှုရအောင် စွမ်းဆောင်ခဲ့သူ

ဒါပေမယ့် တစ်ခုရှိတာကတော့ ဘလက်ခ်ကော်ဖီသောက်သူတွေဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဂရုစိုက် တတ်သူတွေလည်း ဖြစ်နေနိုင်ပါတယ်။ ကော်ဖီခါးခါးမှာက ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးပါရှိ နေချိန်မှာ နို့မှုန့်တွေ၊ သကြားတွေအများကြီးထည့်ထားတဲ့ ကော်ဖီတွေကတော့ ကျန်းမာရေးအတွက် ထင်သလောက်မကောင်းပါဘူး။
အားလုံးကတော့ အဆိုးနဲ့အကောင်းဒွန်တွဲနေတာပါပဲ။ တသတ်မတ်တည်းတော့ သတ်မှတ်လို့မရပါဘူး။ ကျွန်တော်လည်း black coffee ကြိုက်ပါတယ်။ ဒါပေမယ့် စိတ်မမှန်တာတော့ မရှိပါဘူး။ ကိုယ့်ကိုယ်ကို ပြောတာနော်။ ကျန်တဲ့သူတွေတော့ သိဘူး။
ကိုယ့်ဘဝအတွက် အကောင်းဆုံး အလှပဆုံးအနာဂတ်ကို ဖန်တီးပုံဖော်နိုင်ဖို့ ကိုယ့်ရဲ့ အရည်အချင်းတွေကို မြှင့်တင်ဖို့အတွက် ကျွန်တော်တို့ sayar.com.mm မှာ ရှိတဲ့ဆရာ ဆရာမများနဲ့ ဆက်သွယ်လိုက်ပါ။
ဆရာ ဆရာမများလည်း အခမဲ့ register လုပ်ထားလို့ ရပါတယ်ခင်ဗျာ။
Source; Reader’s Digest

Read times Last modified on Monday, 30 December 2019 15:13
Rate this articles
(0 votes)