၂။ လက်ခံလိုက်
၃။ အကူညီတောင်းပါ
ဒီလိုတွေးလိုက်ပါ။
စသည်ဖြင့်ပေါ့....
Credit : RayDaniel_IV
[Unicode Version]
သင်တကယ် စိတ်ညစ်နေပြီလား?
ဒီအရှုပ်ထုပ်ထဲက မထွက်နိုင်တော့ဘူး ထင်နေသလား?
သင့်ဘဝကြီးက အဲ့လောက်တောင် ဖိအားတွေနဲ့ တင်းကြပ်နေပြီး အသက်ရှုတောင် မဝတော့ဘူးလား?
ကျွန်တော် အချက်ကလေး ၆ ချက်လောက်ပြောပြပေးမယ်။ တချက်ဖတ်ကြည့်…!
၁။ ပထမဆုံးအနေနဲ့ တကယ်ကော ပြဿနာက ကြီးကျယ်သလားလို့ အရင်မေးပါ
တခါတလေမှာ ကျွန်တော်တို့တွေဟာ အတွေးလွန်ပြီးတော့ မရှိတဲ့ပြဿနာတွေကို ဖန်တီးတတ်ကြပါတယ်။ ကိစ္စအများစုဟာ ကျွန်တော်တို့ တွေးထင်တာတွေထက် များစွာပိုပြီး ရိုးစင်းနေတတ်ပါတယ်။ ဒီ့အတွက်ကြောင့် ထိုင်ခုံပေါ်ထိုင် ၊ ခေါင်းကိုမှီလိုက်ပြီး ခဏလောက် စိတ်ကိုလျှော့ချလိုက်ပါ။
နောက်ပြန်တွေးကြည့်ပါ။ ဒီပြဿနာဟာ နောင် ၅ နှစ်လောက်ထိ ကြီးကျယ်စွာ ပါ၀င်နေဦးမှာလား ၊ မဟုတ်ရင်တောင် အနည်းဆုံး နောင် ၅ ရက်လောက်ထိ ဂျိုမွှေနေဦးမှာလား? ဒီလိုသာ မဟုတ်ခဲ့ရင် ခေါင်းခြောက်ခံပြီး တွေးမနေပါနဲ့။
Recommended for you - အကျဉ်းစံ ထောင်သား ဘဝကနေ စွန့်ဦးတီထွင်သူဖြစ်လာခဲ့ရတဲ့ အဓိကအကြောင်းရင်း ခုနစ်ချက်
၂။ လက်ခံလိုက်
ပြဿနာဆိုတာတွေဟာ တကယ်ရှိပါတယ်။ ဒါကို လက်ခံမှရပါမယ်။ ပြဿနာတခုကို ဖြေရှင်းချင်ရင် ပြဿနာဆိုတာရှိကြောင်း အရင်လက်ခံရပမယ်။ ယခုလက်ရှိပြဿနာကို သေးရာကနေ ကြီးလာအောင် ဖန်တီးလိုက်တဲ့ စိ်တ်ခွန်အားတွေကို တန်ပြန်အသုံးချပြီး ပြောင်မြောက်တဲ့ ဖြေရှင်းချက်တွေ ထုတ်ဖို့အတွက် ကြိုးစားလိုက်ပါ။
၃။ အကူညီတောင်းပါ
ကြုံတွေ့နေရတဲ့ ပြဿနာတွေ အားလုံးကို သင်တယောက်တည်း ပခုံးပေါ်တင် ထမ်းထားစရာမလိုပါဘူး။ တခြားတယောက်ကို အကူညီတောင်းပြီး အကြံဉာဏ်တောင်းခံခြင်းအားဖြင့် လက်တွေ့ကျတဲ့ ဖြေရှင်းချက်တချို့ကို ရရှိလာနိုင်ပါတယ်။
တခါတလေမှာ တယောက်ထဲ တင်းခံရတာများလာတဲ့အတွက် ဘေးနားမှာ တယောက်တလေလောက် ကိုယ့်ဘက်မှာ ရပ်တည်ပေးနေရင် အကောင်းဆုံးပါပဲ။ စိ်တ်ခွန်အားလောက်ပဲ ပေးရင်တောင် တော်တေ်ာလေးကို ခံသာနေပါပြီ။
၄။ သင့်အချိန်ရဲ့ 80% ကို ပြဿနာဖြေရှင်းရန် သုံးပါ
ကျန်တဲ့ ၂၀ % ကိုသာ အထွန့်တက်ဖို့ နဲ့ ငြီးညူဖို့အတွက်သုံးပါ။ အမြဲတမ်းလိုလိုတော့ လွယ်မှာ မဟုတ်ပေမယ့် သင့်ရဲ့ အချိန်အများစုကို ပြဿနာဖြေရှင်းဖို့အတွက်ပဲ သုံးပါ။
Recommended for you - စင်္ကာပူပညာရေးအကြောင်း စိတ်ဝင်စားတဲ့ ကျောင်းသားများနဲ့ မိဘများအတွက်
၅။ ခွဲခြမ်းစိတ်ဖြာပြီးဖြေရှင်းပါ
အဓိကပြဿနာထဲမှာ ပါ၀င်နေတဲ့ အချက်အလက် တခုချင်းစီကို သေချာစဉ်းစားပါ။ အကန့်ခွဲပြီးတော့ ဖြေးဖြေးချင်း ရှင်းလို့ရသလောက်ပဲ ရှင်းသွားပါ။ ပြဿနာကြီးတခုလုံး ဗြုံးကနဲ ပြေလည်သွားမှာတော့ မဟုတ်ပင်မယ့် သင်ကိုယ်တိုင် စပြီး ဖြေရှင်းမိလာတဲ့အတွက် တဝက်လောက်တော့ ပြေလည်သွားမှာပါ။
၆။ ပြဿနာထဲက အခွင့်အလမ်းကိုရှာပါ
စစ်ပွဲထဲမှာ စီးပွားရှာသလို ၊ ပြဿနာထဲမှာ သင်ခန်းစာကိုရှာပါ။ ပြဿနာမှန်သမျှမှာ သင့်အတွက် သင်ယူစရာတခုမဟုတ် တခုတော့ ပါနေတတ်ပါတယ်။ အဲ့လို အဆိုးထဲက အကောင်းကို ရှာလိုက်တဲ့အတွက် ညစ်နွမ်းတဲ့ စိတ်ခံစားချက်တွေဟာ လျော့ပါးလာပါလိမ့်မယ်။
ဒီလိုတွေးလိုက်ပါ။
- ငါဒီပြဿနာထဲက ဘာသင်ယူရမလဲ
- ငါမမြင်သေးတဲ့ အခွင့်အလမ်းတွေများ ဒီပြဿနာထဲမှာ ရှိနေနိုင်မလား
- ဒီထဲမှာ ကောင်းတဲ့အရာတွေက ဘာတွေဖြစ်မလဲ
စသည်ဖြင့်ပေါ့....
မိတ်ဆွေတို့လည်း ညစ်နေတဲ့ ပြဿနာတွေကို အေးအေးဆေးဆေးနဲ့ ဖြေရှင်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ရှေ့ဆက်ရမယ့် ဘဝခရီးလမ်းအတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ် လိုအပ်တဲ့ ပညာအရည်အချင်းတွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကျွန်တော်တို့ sayar.com.mm မှ business နဲ့ပက်သက်တဲ့ဘာသာရပ် ဘာသာစကား ဂီတအနုပညာ စတဲ့ဘာသာရပ်ပေါင်းစုံကို သင်ကြားပေးလျက်ရှိသော ဆရာ ဆရာမများနှင့် မိတ်ဆက်ပေးလိုပါတယ်။
သင်ကိုယ်တိုင် ဆရာတစ်ယောက်ဆိုရင်တော့ ကျွန်တော်တို့ နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အခုပဲ အခမဲ့ register လုပ်လိုက်ပါ။
Credit : RayDaniel_IV
။။ ၂ ။။ လက်ခံလိုက်
။။ ၃ ။။ အကူညီတောင်းပါ
ဒီလိုတွေးလိုက်ပါ။
စသည်ဖြင့်ပေါ့....
Credit : #RayDaniel_IV