×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Thursday, 02 February 2017

ဥာဏ်ရည်မြင့်တဲ့သူတွေဟာ တစ်ယောက်ထဲ နေရတာကို ပျော်ရွှင်ရတဲ့အကြောင်းရင်း

ဥာဏ်ရည်မြင့်တဲ့သူတွေဟာ တစ်ယောက်ထဲ နေရတာကို ပျော်ရွှင်ရတဲ့အကြောင်းရင်း Google.com

ဥာဏ်ရည်မြင့်တဲ့သူတွေက ကိုယ်ပိုင်အားလပ်ချိန်တွေကို စီမံခန့်ခွဲတတ်ခြင်းက သူများနဲ့မတူတဲ့ စွမ်းရည်တစ်ခုဖြစ်ပါတယ်။

ကိုယ်ပိုင်စီမံခန့်ခွဲရတာကို ကြိုက်နှစ်သက် ကြပြီး အားလပ်ချိန်များကို တစ်ယောက်ထဲ ကုန်ဆုံးတတ်ကြပါတယ်။

တစ်ယောက်ထဲ အားလပ်ချိန်တွေကို ကုန်ဆုံးလို့ရတဲ့ ပျော်ရွှင်မှုနဲ့ သူငယ်ချင်းတွေနဲ့ အားလပ်ချိန်တွေကို အတူကုန်ဆုံးစေမှုကြောင့် ရရှိတဲ့ ပျော်ရွှင်မှုရဲ့ ကွာခြားချက်က ဘာကြောင့်များပါလဲ။

လူတွေရဲ့ဦးနှောက်မှာ  သူတို့ရှာဖွေတွေ့ရှိထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး လက်ခံနိုင်အောင် ရှင်းလင်း တဲ့ ရလဒ်မျိုးကို ရှာဖွေတဲ့ဖြစ်စဉ်က တဖြည်းဖြည်းတိုးတက်နေပါတယ်။

ထို့ကြောင့် တစ်ယောက်ထဲရှိတဲ့ အချိန်တွေမှာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးပါတယ်။

ဒီနေ့ ကမ္ဘာမှာ ကြီးမားတဲ့အဆောက်အဦးတွေ၊ နည်းပညာတွေ၊ လူတွေကြားက ကူးလူး ဆက်သွယ်မှုတွေဟာ တဖြည်းဖြည်း တိုးတက်လာပြီး

အသိပညာနဲ့ သတင်းအချက်အလက် ဖလှယ်မှုတွေမှာလည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်။

ဒါတွေကို အမီလိုက်နိုင်ဖို့ လူရဲ့ဦးနှောက်နဲ့ ခန္ဓာကိုယ်မှာ လုံလောက်တဲ့ အချိန်စီမံခန့်ခွဲမှုတွေ လုပ်ဖို့လိုအပ်ပါတယ်။

ဥာဏ်ရည်မြင့်တဲ့သူတွေကတော့ သူတို့ ဦးနှောက်ရဲ့စီမံခန့်ခွဲမှုကို အချိန်ရဲ့ လွှမ်းမိုးမှုမခံရအောင် ကြိုးပမ်းတတ်ကြ ပါတယ်။

ဥာဏ်ရည်မြင့်တဲ့သူတွေအနေနဲ့ သူတို့ရဲ့စွမ်းဆောင်ရည်ကို  ရေရှည် ရည်မှန်းချက်ထားပြီး ကြီးမားတဲ့ရလဒ်မျိုးအတွက်ပဲ အသုံးချလေ့ရှိကြပါတယ်။

ထို့ကြောင့် အချိန်ကို ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီမံခန့်ခွဲလေ့ ရှိကြပါတယ်။

သာမန်ဥာဏ်ရည်ရှိတဲ့ သူတွေကတော့ လူအများနဲ့ အချိန်ကုန်ဆုံးရတာပိုပြီး နှစ်သက်တတ်ကြသလို အချိန်ကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းကြောင့် ရရှိလာတဲ့ ကြီးမာတဲ့အကျိုးရလဒ်ကိုလည်း သိပ်ပြီး စိတ်မ၀င်စား တတ်ကြပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်း ကိုယ်ချစ်တဲ့သူတွေနဲ့  အတူတူကုန်ဆုံးရမယ့် အချိန်လေးတွေတော့ လိုအပ်ပါတယ်။

သာမန်ပဲဖြစ်ဖြစ်၊ ဥာဏ်ရည်မြင့်တဲ့သူတွေပဲဖြစ်ဖြစ် ဘ၀မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ချက်တွေနဲ့ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ တစ်ယောက်ထဲတော့ နေလို့မရပါဘူး။

လူတိုင်းလူတိုင်းအတွက် မိမိတို့ စိတ်ပါဝင်စားလိုသည့် ဘာသာရပ်များကို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာ၊ ဆရာများနဲ့ ဆက်သွယ်လိုက်ပါ။

ဆရာ၊ ဆရာမများသည် မိမိတို့ သင်ကြားနေသည့် ဘာသာရပ်များကို sayar.com.mm တွင် အခမဲ့ register ပြု လုပ်နိုင်ပါတယ်။

Source: shwemom

Read times Last modified on Saturday, 28 December 2019 11:50
Rate this articles
(3 votes)