၁. ရှစ်စက္ကန့်အကြာ အာရုံစိုက်ပါ။
သင်မှတ်မိချင်တဲ့ အရာတစ်ခုကို စွဲစွဲမြဲမြဲ မှတ်ထားချင်ရင် အနည်းဆုံးရှစ်စက္ကန့် အချိန်ပေးပြီး အာရုံစူးစိုက်လိုက်ခြင်းဟာ အရာဝတ္ထုတစ်ခုကို မှတ်မိနေဖို့ လုံလောက်တဲ့အချိန်ပဲ ဖြစ်ပါတယ်။
၂. တေးဂီတကို ဘယ်အချိန်နားထောင်သင့်သလဲ သိပါစေ။
အလုပ်လုပ်နေတဲ့အချိန်တွေ၊ စာလေ့လာနေတဲ့အချိန်၊ စာအုပ်ဖတ်နေတဲ့အချိန်တွေမှာ သီချင်းကို Sound Box သို့မဟုတ် Earphones နဲ့ နားထောင်တယ်ဆိုရင်တော့ ခဏ ပိတ်ထားဖို့တော့ လိုအပ်နေပါတယ်။
စာလေ့လာနေတဲ့အချိန်မှာ သီချင်း သို့မဟုတ် တေးဂီတသံစဉ် တွေကို နားထောင်တာဟာ မှတ်ဥာဏ်ကို ထိခိုက်စေနိုင်ပါတယ်။
မိမိစာဖတ်နေတဲ့အချိန်မှာ တစ်ယောက်ယောက်ကနေ အဆက်မပြတ်အော်နေတဲ့ အသံကလည်း မိမိဦးနှောက်ရဲ့ မှတ်မိနိုင်တဲ့ စွမ်းရည်ကို အတားအဆီးဖြစ်စေတတ်ပါတယ်။
ထို့ကြောင့် တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ စာဖတ်တာဟာ မှတ်ဥာဏ်ကို အားပေးပြီး အာရုံစိုက်မှု ပိုရရှိစေပါတယ်။
၃. ပီကေ၀ါးပါ။
ပီကေ၀ါးတဲ့သူတွေဟာ အကြားအမြင်ဆိုင်ရာ မှတ်ဥာဏ် အလွန် ကောင်းပြီး အာရုံစူးစိုက်တာ ပိုအားကောင်းလာစေပါတယ်။
ပီကေ၀ါးရတာ မနှစ်သက်တော့ဘူးဆိုရင်တော့ သစ်သီးစားတာ၊ အပျော်တမ်းဥာဏ်စမ်းဂိမ်းတွေ ကစားတာကလည်း မှတ်ဥာဏ်ကောင်းမွန်စေပါတယ်။
၎. လက်သီးဆုပ်ပါ။
အလုပ်လုပ်နေတဲ့အခါ မှတ်ထားတဲ့ အကြောင်းအရာတွေကို ပြန်စဉ်းစားလို့မရနိုင်တဲ့ အခြေအနေမျိုး ကြုံလာပါက Stress Ball လို ဖိညှစ်လို့ရတဲ့အရာကို လက်သီးဆုပ်သလို ညှစ်ပေးပါ။
လက်သီးဆုပ်ကို တင်းတင်းကျပ်ကျပ် ပြုလုပ်လိုက်တာဟာ မှတ်ဥာဏ်ကို ပြန်လည်အစပျိုးပေးနိုင်ပြီး မေ့နေတာတွေ မှတ်မိလာစေပါတယ်။
သင်ဟာ ညာဘက် သန်တဲ့သူဖြစ်ပြီး အရာဝတ္ထုတစ်ခုကို ပြန်မှတ်မိအောင် အစပျိုးစဉ်းစားနေတယ်ဆိုရင် အဲဒီအချိန်မှာ ညာဘက်လက်သီးကို ဆုပ်ထားပြီး စဉ်းစားပေးပါ။
လက်သီးဆုပ်တဲ့အခါ ခဏလေးဆုပ်ထားတာမျိုးမဟုတ်ပဲ အနည်းဆုံး ၄၅ စက္ကန့်အကြာလောက်ထိ ဆုပ်ထားပေးသင့်ပါတယ်။ ဒီလိုလုပ်တာဟာ မှတ်ဥာဏ်ကို တိတိကျကျ အကောင်အထည်ဖော် ပေးနိုင်ပြီး အလွယ်တကူ ပြန်မှတ်မိစေနိုင်ပါတယ်။
၅. စိတ်ကူးပုံဖော်ကြည့်ပါ။
ကိုယ်ကြုံဆုံဖူးတဲ့သူတွေကို စိတ်ကူးထဲမှာ ပြန်လည်ပုံဖော်စဉ်းစားတာဟာလည်း မှတ်ဥာဏ်ကောင်း စေဖို့ နည်းလမ်းပဲဖြစ်ပါတယ်။
အကယ်၍ ကိုယ်ဟာ နံပါတ်ရှည်ရှည်တစ်ခုကို ပြန်မှတ်မိအောင် ကြိုးစားနေတဲ့အခါ နံပါတ်အငယ်လေးတွေကို စစဉ်းစားပါ။ နောက်မှ တဖြည်းဖြည်းကိုယ်စဉ်းစားနေတဲ့ နံပါတ်ဆီကို ရောက်အောင် စဉ်းစားကြည့်ပါ။
၆. သူငယ်ချင်းများနှင့်အချိန်ကုန်ဆုံးပါ။
လူတွေဟာ တစ်ယောက်တည်းနေရတာများတဲ့အခါ အထီးကျန်မှုတွေ၊ စိတ်ဓာတ်ကျတာတွေ အလိုလိုနေရင်း ခံစားရလေ့ရှိပြီး ဦးနှောက်ကို ထိခိုက်စေတာကြောင့် မှတ်ဥာဏ်နဲ့ ချို့ယွင်းချက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။
ထို့ကြောင့် တစ်ယောက်တည်း အချိန်ကုန်ဆုံးစေမယ့် အစား သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာဟာ စိတ်ကြည်နူးစေပြီး အတွေးသစ်အမြင်သစ် တွေလည်း ရစေပါတယ်။
၇. ပုံဆွဲပါ၊ ခြစ်ရေးပါ။
ပျင်းရိ ငြီးငွေ့စရာကောင်းတဲ့ ရုံးခန်း သို့မဟုတ် စာသင်ခန်းမှာ ထိုင်နေရတဲ့အခါ ပန်းပွင့်ပုံလေးတွေ၊ အသည်းပုံတွေ ဆွဲချင်တယ်လို့ စိတ်ကူးနေရင်တော့ စာရွက်ပေါ်မှာ လွတ်လွတ်လပ်လပ်သာ ချဆွဲလိုက်ပါ။
ပျင်းရိနေတဲ့ အချိန်တွေမှာ ပုံကြမ်းလေးတွေဆွဲတာ၊ ရေးခြစ်တာတွေက ဒီအတိုင်း ထိုင်နေတာထက်စာရင် ဦးနှောက်မှတ်ဥာဏ်ကို ထက်မြက်စေပါတယ်။
ဒီတော့ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ စိတ်ဝင်စားသော မည်သည့်ဘာသာရပ်များကိုမဆို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။
Credit: phothutaw