×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 03 April 2018

အွန်လိုင်းပေါ်မှာ ဟက်ကာတွေရန်ကနေ ရှောင်လွှဲနိုင်စေမယ့် အလွယ်ဆုံးနည်းလမ်း (၅)ရပ်

အွန်လိုင်းပေါ်မှာ ဟက်ကာတွေရန်ကနေ ရှောင်လွှဲနိုင်စေမယ့်  အလွယ်ဆုံးနည်းလမ်း (၅)ရပ် google.com

သင့်အနေနဲ့ အွန်လိုင်း account အားလုံးမှာ တူညီတဲ့ password ကိုသုံးနေပါသလား။ ဒါမှမဟုတ် တူညီတဲ့ email ကိုပဲ သုံးနေပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့ အချက်အလက်တွေကို ကာကွယ်ရာမှာ အမှားတွေ ကျူးလွန်သလိုဖြစ်နေပါပြီ။

ကျွမ်းကျင်သူတွေကတော့ ကိုယ်ရေးအချက်အလက်တွေကို လုံခြုံမှုရှိစေဖို့အတွက် account စီမံခန့်ခွဲမှုကို အခုထက်ကွဲပြားတဲ့နည်းလမ်းတွေနဲ့ ပြုလုပ်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်က အချက်အလက်တွေကို ကာကွယ်နိုင်စေမယ့် အလွယ်ကူဆုံး နည်းလမ်း ၅ ခုကို ဖော်ပြလိုက်ပါတယ်။

(၁) Password တွေကို မကြာခဏပြောင်းလဲပြီး account တွေကို update လုပ်ပါ။

(၂) ကိုယ့်ရဲ့ account တွေက အချက်အလက်ပေါက်ကြားမှုတစ်ခုမှာ ပါဝင်ခြင်းရှိ၊ မရှိ ဒီဝက်ဘ်ဆိုက်ကနေ စစ်ဆေးပါ။ https://haveibeenpwned.com/

Recommended for you - သင်က ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးလူသားလား

(၃) ရုပ်ရှင်ကြည့်တာ၊ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တာနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေအတွက် တူညီတဲ့ အီးမေးလ်လိပ်စာကို မသုံးပါနဲ့။ အီးမေးလ်လိပ်စာတွေကို သီးခြားခွဲထုတ်ပြီးသုံးတာက ကိုယ်ရေးအချက် အလက်တွေကို ကာကွယ်ရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။

(၄) အွန်လိုင်းပေါ်မှာ ကိုယ်ရေးအချက်အလက် အများအပြားမေးမြန်းဖြည့်စွက် ခိုင်းတာတွေကို မယုံပါနဲ့။

(၅) အွန်လိုင်း profile တစ်ခုဖန်တီးတဲ့အခါမှာ ကိုယ်နေထိုင်ကြီးပြင်းတဲ့ လမ်းနာမည်တွေလိုမျိုး အချက် အလက်အစစ်အမှန်တွေကို မသုံးပါနဲ့။

နောက်ဆုံးအနေနဲ့ကတော့ ကိုယ့်ရဲ့ account များစွာအတွက် password တွေကို မှတ်သားနိုင်သလို အလွယ်တကူ မခန့်မှန်းနိုင်တဲ့ password တစ်ခုထုတ်ပေးတဲ့ password manager တွေကို အသုံးပြုသင့် ပါတယ်။

Credit: InternetJournal

Recommended for you - သင်က အပြောကြီးသူတစ်ယောက်လား

 

Read times Last modified on Tuesday, 07 January 2020 17:35
Rate this articles
(2 votes)