သင့်ကလေး ဘာကြောင့် စိတ်ဆိုးလွယ်တာလဲ ?
သင့်ကလေး စိတ်ဆိုး စိတ်တိုလွယ်နေတတ်တယ် ဆိုတာ သင်ဟာ ကလေးကို ချီးကျူးအားပေးမှုတွေ လုပ်ပေးဖို့ လိုနေလို့ပါ။
သင့်ကလေး ဘာကြောင့်လိမ်တတ်နေတာလဲ ?
သင့်ကလေး လိမ်တတ်နေပြီ ဆိုတာ သင်ဟာ အတတ်ကသူ့အမှားတွေကို ပြင်းပြင်းထန်ထန် အပြစ်တင်ခဲ့ ဖူးလို့ပါ။
သင့်ကလေး ဘာကြောင့် ရိုင်းစိုင်းနေတာလဲ ?
သင့်ကလေး ရိုင်းစိုင်းနေတတ်တယ် ဆိုတာ မိဘ (သို့မဟုတ်) အတူနေတဲ့သူတွေဆီက အတုယူသွားမိ လို့ပါ။
သင့်ကလေး မနာလိုဖြစ်တတ်နေပြီ ဆိုတာ သင်ဟာ ကလေးကို တခြားသူတွေနဲ့ အမြဲနှိုင်းယှဉ်နေတတ် လို့ပါ။
သင့်ကလေး ဘာကြောင့် လျို့ဝှက်တတ်နေတာလဲ ?
သင့်ကလေး လျို့ဝှက်တတ်နေပြီဆိုတာ သင်ဟာ ပုံကြီးချဲ့ အပြစ်တင်နေတတ်လို့ပါ။
သင့်ကလေး ဘာကြောင့် ကြောက်တတ်သူတစ်ယောက် ဖြစ်နေတာလဲ ?
သင့်ကလေး ကြောက်တတ်လွန်းသူ တစ်ယောက်ဖြစ်နေတယ်ဆိုတာ သင်ဟာ ကလေးရဲ့ အခက်အခဲတိုင်း ကို အမြဲဖြေရှင်းပေးနေတတ်လို့ပါ။ တချို့အခက်အခဲတွေကို ကလေးကိုယ်တိုင် ဖြေရှင်းခွင့်ပေးထားပါ။
သင့်ကလေးက ဘာကြောင့် သူများပစ္စည်းတွေကို ယူသုံးတတ်နေတာလဲ ?
သင့်ကလေးအတွက် လိုသမျှဝယ်ယူ ဖြည့်ဆည်းပေးနေပေမယ့် ကလေးက သူများပစ္စည်းတွေ ယူသုံးတတ် နေတယ်ဆိုတာ သင်ဟာ ကလေးစိတ်တိုင်းကျ ရွေးချယ်ခွင့် မပေးခဲ့လို့ပါ။
Source: KnowledgeBox
Recommended for you - ကျွန်တော်တို့ လွဲခဲ့ကြတယ်
Recommended for you - သင့်ကိုကျရှုံးစေမယ့် အချိန်ဆွဲတတ်သောအကျင့်ဆိုး