ခုချိန်မှာ အင်္ဂလိပ်စာပြီးရင် ဒုတိယဘာသာစကားတစ်ခုအနေဖြင့် ဂျပန်စာ တရုတ်စာကို လေ့လာနေ ကြတဲ့သူတွေ များပါတယ်။ ဂျပန်ဘာသာစကားကို သင်ယူသူတချို့ကလည်း
ဂျပန်မှာ အလုပ်သွားလုပ်ဖို့ တချို့ကလည်း မြန်မာနိုင်ငံမှာပဲ ဂျပန်ကုမ္ပဏီတွေမှာ အလုပ်ဝင်ဖို့ တချို့က ကျောင်းသွားတက်ဖို့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သင်ယူကြပါတယ်။
ဂျပန်သွားမယ့်သူတွေ ခုတလောအမေးများတဲ့ မေးခွန်းလေးပါ။ ဂျပန်ကို working visa နဲ့သွားမယ်ဆိုရင် ဘယ်လိုအလုပ်မျိုးကို လုပ်ရမှာလဲ ဘာအလုပ်တွေရှိလဲဆိုတာပါ။ လွယ်လွယ်ပြောရမယ်ဆိုရင် အဆင့်မြင့်ပညာ လိုအပ်တဲ့အလုပ် ပဲလုပ်လို့ရပါမယ်။ ဘယ်သူမဆိုလုပ်နိုင်ပြီး အဆင့်မြင့်ပညာမပါတဲ့အလုပ်မျိုးဆိုရင်တော့ working visa မရနိုင်ပါဘူး။
ဂျပန်နိုင်ငံသွားပြီး အလုပ်လုပ်ချင်တဲ့ မြန်မာနိုင်ငံကလူငယ်တွေအတွက် working visa ရနိုင်တဲ့အလုပ် အမျိုးအစား ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) IT အင်ဂျင်နီယာ
(Software development, network, security, AI, Robot programming, SE)
(၂) သက်ကြီးရွယ်အိုစောင့်ရှောက်ရေးပညာရှင်
(ဂျပန်အစိုးရကစစ်တဲ့ စာမေးပွဲအောင်ပြီး လက်မှတ်ရမှ အလုပ်လုပ်နိုင်တယ်)
(၃) သူနာပြုဆရာ/ဆရာမ
(ဂျပန်အစိုးရကစစ်တဲ့ စာမေးပွဲအောင်ပြီး လက်မှတ်ရမှ အလုပ်လုပ်နိုင်တယ်)
(၄) ဆောက်လုပ်ရေး CAD designer
(၅) ကား/စက်ပစ်စည်း CAD designer
(၆) လျှပ်စစ်ပတ်လမ်း designer
(၇) သွားဖက်ဆိုင်ရာပညာရှင်
(ဂျပန်အစိုးရကစစ်တဲ့ စာမေးပွဲအောင်ပြီး လက်မှတ်ရမှ အလုပ်လုပ်နိုင်တယ်)
(၈) ဆေးဖက်ဆိုင်ရာပညာရှင်
(ဂျပန်အစိုးရကစစ်တဲ့ စာမေးပွဲအောင်ပြီး လက်မှတ်ရမှ အလုပ်လုပ်နိုင်တယ်)
(၉) အင်္ဂလိပ်စကားပြောသင်တန်းဆရာ/ဆရာမ
(၁၀) မြန်မာ/ဂျပန်ဘာသာပြန်နဲ့စကားပြန်
(၁၁) ရုံးဝန်တမ်း
(ကုန်သွယ်ရေး/စီမံအုပ်ချုပ်ရေး/အရောင်းတာဝန်ခံ) ဂျပန်စကား N1 နဲ့ အင်္ဂလိပ်စကားပြောကျွမ်း မှရမယ်။
(၁၂) ဘဏ်ဝန်တမ်း
အရမ်းဥာဏ်ရည်ကောင်းမှရမယ်။
(၁၃) မြန်မာစားသောက်ဆိုင်မှာစားဖိုမှူး
(၁၀နှစ်ကျော်အတွေ့အကြုံလိုတယ်)
(၁၄) ကားပြင်ဆရာ
(ဂျပန်အစိုးရကစစ်တဲ့စားမေးပွဲအောင်ပြီးလက်မှတ်ရမှအလုပ်လုပ်နိုင်တယ်)
Recommended for you -နောင် (၁၀) နှစ်ကြာရင် သင်ဘာအတွက်နဲ့ နောင်တရနိုင်သလဲ
Working visa မရနိုင်တဲ့အလုပ်အမျိုးအစား
(၁) စားသောက်ဆိုင်/ အရက်ဆိုင်/ convini ဆိုင်/ဈေးဆိုင် ဝန်တမ်း
(၂) စက်ရုံအလုပ်သမား
(၃) သန့်ရှင်းရေး
(၄) ကားမောင်း
(၅) လုံခြုံရေး
(၆) ဆောက်လုပ်ရေးအလုပ်သမား
(၇) ဆံပင်ညှပ်/ အလှပြင်
(၈) အိမ်အရောက်ပို့ဆောင်ရေး
(၉) ထမင်းချက်အကူ
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Source: winjapanese
Recommended for you - ဒိန်းမတ်နိုင်ငံတွင် ကျောင်းတက်ပါက ပိုက်ဆံရ