×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 26 June 2018

ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး တက္ကသိုလ်များ

ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး တက္ကသိုလ်များ google.com

အင်္ဂလန်တွင် တက္ကသိုလ်ကျူရှင်ခက ကမ္ဘာပေါ်တွင်ဈေးအမြင့်ဆုံးဖြစ်ပါတယ်။ ပျှမ်းမျှနှစ်စဉ်ကုန်ကျစရိတ်က ယူရို၈၉၀၉ဖြစ်ပြီး United Statesတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ၉၄၁၀ဖြစ်ပါတယ်။ သြစတြီးယားနိုင်ငံ၊ဘယ်ဂျီယံနိုင်ငံ၊ဂျာမနီ၊အီတလီကဲ့သို့ နိုင်ငံများက ယူရို၁၀၀၀ထက်နည်းပြီးကုန်ကျပြီး ပြင်သစ်တွင် ယူရို၃၃၅သာကုန်ကျပါတယ်။

 

ဘွဲ့တစ်ခုအတွက် ငွေအများကြီးရင်းနှီးခြင်းက ပထမအတန်းပညာရေးတစ်ခုကို လုံလုံလောက်လောက်အာမခံနိုင်ပါဘူး။ နှစ်စဉ်ကျူရှင်ခနည်းနည်းနှင့်တက္ကသိုလ်ကိုရှာနေတယ်ဆိုရင်တော့ အကူအညီမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သင်ရဲ့အသက်မွေးဝမ်းကျောင်းအတွက် ကြီးမားတဲ့စမှတ်တစ်ခု ဖြစ်နိုင်ပါတယ်။ 

 

Nanyang Technological University, Singapore

Undergraduate: S$17,450 – S$72,100 (£9,953 – £41,125)
Postgraduate: S$16,700 (£9,525)
ဒီတက္ကသိုလ်က အကောင်းဆုံးတက္ကသိုလ်များတွင် တစ်ခုဖြစ်ပါတယ်။ Nanyang Technology Institute ပေါ်လာပြီးနောက် ၁၉၉၁ခုနှစ်တွင် တည်ဆောက်ခဲ့ပါတယ်။ ဓာတုဗေဒ၊အကောင့်နှင့် ငွေကြေး၊ စီးပွားရေးနှင့်စီမံခန့်ခွဲမှုပညာရပ်၊ ဓာတုဗေဒဆိုင်ရာ အင်ဂျင်နီယာပညာတို့အပါအ၀င် ဘာသာရပ်၁၉ခုပါဝင်ပါတယ်။

 

University of Oxford, UK

Undergraduate: £23,105 – £30,540
Postgraduate: £9,391 – £22,356
The University of Oxford
သည် အင်္ဂလိပ်စကားပြောကမ္ဘာတွင် အဟောင်းဆုံးတက္ကသိုလ်ဖြစ်ပြီးနာမည်ကြီးပုဂ္ဂိုလ်များလဲ တတ်ခဲ့ကြပါတယ်။

 

UCL (University College London), UK

Undergraduate: £17,710 – £23,710
Postgraduate: £20,540 – £24,610
UCL
က လန်ဒန်တွင်၁၉၂၆ခုနှစ်တွင် ပထမဆုံးတည်ဆောက်ခဲ့တဲ့တက္ကသိုလ်ဖြစ်ပါတယ်။ အင်္ဂလန်တွင် တတိယအဟောင်းဆုံးနှင့် UKတွင် တတိယအကြီးဆုံးတက္ကသိုလ်ဖြစ်ပါတယ်။ UCLရဲ့ကျောင်းသူကျောင်းသားဟောင်းများကတော့ Mahatma Ganhi(အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှုခေါင်းဆောင်)Alexander Graham (တယ်လီဖုန်းတီထွင်သူ)Francis Crick (DNAဖွဲ့စည်းတည်ဆောက်ပုံကိုတွဲဖက်ရှာဖွေသူ)Chris Martin (အဆိုတော်)တို့ဖြစ်ကြပါတယ်။

 

Imperial College London, UK

Undergraduate: £27,750
Postgraduate: £28,200 – £29,000
မင်းသား Albertတည်ထောင်ထားတဲ့ Imperial College Londonကို ၁၉၀၇ခုနှစ်တွင် တော်ဝင်ချာတာပေးအပ်ခဲ့ပါတယ်။ ထိုတက္ကသိုလ်ရဲ့ဆေးကျောင်းက ၂၀၁၅ခုနှစ်တွင် ကမ္ဘာပေါ်တွင်တတိယအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ နှစ်တိုင်း ဖောင်တင်သူ၂၀၀၀ခန့်ရရှိခဲ့ပါတယ်။

 

University of Cambridge, UK

Undergraduate: £19,197 – £29,217
Postgraduate: £21,600 – £29,769
Cambridge
တက္ကသိုလ်သည် ကမ္ဘာပေါ်တွင် ဒုတိယအဟောင်းဆုံးတက္ကသိုလ်ဖြစ်ပါတယ်။ ၁၂၀၉ခုနှစ်တွင်တည်ထောင်ခဲ့ပြီး တော်ဝင်ချာတာတစ်ခုကို ဘုရင်ဟင်နရီIIIက၁၂၃၁တွင်ရရှိခဲ့ပါတယ်။
ဒီတက္ကသိုလ်ကိုတတ်ရောက်ဖို့အတွက်ခက်ခဲပါတယ်။

 

Harvard University, USA

Undergraduate: $44,990 (£34,757)
Postgraduate: $11,258 – $43,296 (£8,697 – £33,449)
Harvard
တက္ကသိုလ်သည် နာမည်အကြီးဆုံးတက္ကသိုလ်များတွင် တစ်ခုဖြစ်ပြီး ၁၆၃၆ခုနှစ်နှောင်းပိုင်းတွင်တည်ဆောက်ခဲ့ပြီး နိုင်ငံရဲ့ သင်ကြားမှုအမြင့်ဆုံးဖြစ်ပါတယ်။

 

University of Chicago, USA

Undergraduate: $53,292 (£41,172)
Postgraduate: $47,802 (£36,931)
၁၈၉၀ခုနှစ်တွင် တည်ဆောက်ခဲ့တဲ့ Chicagoတက္ကသိုလ်က နိုင်ငံတကာအဆင့်အတန်းမီတဲ့တက္ကသိုလ်များတွင် ပါဝင်ပါတယ်။ အမျိုးမျိုးသော ဘွဲ့ရပရိုဂရမ်များ၊ သုတေသနာပညာသင်နှစ်ဌာနခွဲငါးခုနှင့် ပရောဖက်ရှင်နယ်ဆန်တဲ့ ကျောင်း၇ခုတို့အဖြစ်ဖွဲ့စည်းခဲ့တဲ့ကော်မတီများပါဝင်ပါတယ်။ 

 

California Institute of Technology (Caltech), USA

Undergraduate: $48,111 (£37,169) + $1,797 (£1,388) mandatory fees
Postgraduate: $48,111 (£37,169) + $1,605 (£1,239) mandatory fees
၁၈၉၁ခုနှစ်တွင် Amos G Throopက အသက်မွေးဝမ်းကျောင်နှင့်ဆိုင်တဲ့ကျောင်းတစ်ခုအဖြစ် တည်ဆောက်ခဲ့ပြီး ၁၉၂ခုနှစ်တွင် ယခုလက်ရှိနာမည်ကို Caltechက သတ်မှတ်ပေးခဲ့ပါတယ်။ 

 

Massachusetts Institute of Technology (MIT), USA

Undergraduate and Postgraduate: $49,580 (£38,303)
ဒီတက္ကသိုလ်ကို၁၈၆၁ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာသိပ္ပံနှင့် အင်ဂျင်နီယာပညာရပ်တွင် သုတေသနနှင့် ပညာရေးကြောင့် လူသိများပါတယ်။ 

 

Stanford University, USA

Undergraduate: $15,777 – $48,987 (£12,188 – £37,847)
Postgraduate: $48,987 – $52,188 (£37,847 – £40,320)
Stanford University
ကို ၁၈၈၅ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ကမ္ဘာပေါ်တွင်ဈေးအများဆုံးတက္ကသိုလ်ဖြစ်ပါတယ်။ ဆီလီကွန်ချိုင့်ဝှမ်းနှင့် နီးကပ်တဲ့အတွက်ကြောင့် လှည့်ကွက်အများဆုံးတက္ကသိုလ်များတွင် တစ်ခုအဖြစ် သတ်မှတ်ခံရပါတယ်။ 

 

Recommended for you - ၂၁ ရာစု သားသားမီးမီးလေးတွေအတွက် လိုအပ်သည့် အသိပညာနှင့် အရည်အချင်းများအကြောင်း ဆွေးနွေးပွဲ

 

Credit; Mingalarbar Morning

Read times Last modified on Wednesday, 08 January 2020 17:33
Rate this articles
(2 votes)