×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 05 July 2018

တက္ကသိုလ်အတုများကို နှိမ်နင်းမည်ဟု ဘယ်လ်ဂျီယံ အစိုးရ ကြုံးဝါး

တက္ကသိုလ်အတုများကို နှိမ်နင်းမည်ဟု ဘယ်လ်ဂျီယံ အစိုးရ ကြုံးဝါး google.com
နိုင်ငံတစ်ဝန်းတွင် အတုအယောင်တက္ကသိုလ်များ ပေါများနေမှုကို တိုက်ဖျက်ရန် ရည်ရွယ်သည့် အမိန့် ဒီဂရီတစ်ခုကို ဘယ်လ်ဂျီယံအစိုးရက ထုတ်ပြန်လိုက်သည်။

အတုအယောင်တက္ကသိုလ်ဆိုသည်မှာ တရားဝင်တက္ကသိုလ်၊ ကောလိပ်တစ်ခုခု၏ အမည်ကိုယူသုံးကာ တရားမဝင်သော ဒီပလိုမာဘွဲ့လက်မှတ်များ ထုတ်ပေးနေသည့် အဖွဲ့အစည်းများကို ဆိုလိုသည်။

 

ဘယ်လ်ဂျီယံ အဆင့်မြင့်ပညာရေး ကော်မရှင်တစ်ခုသည် အဆိုပါအတုအယောင် တက္ကသိုလ်များကို နှိမ်နင်းရန် တောင်းဆိုခဲ့ကြသည်။

 

ထို့ကြောင့် တက္ကသိုလ်အတုအယောင်များကို အရေးယူမည့် အမိန့်ဒီဂရီကို ပါတီကြီးများ၏ ဒုခေါင်းဆောင်များက ရေးဆွဲခဲ့ပြီး အစိုးရက အတည်ပြုပေးခဲ့သည်။

 

တရားင်မဟုတ်သော ပညာရေးအဖွဲ့အစည်းများအနေဖြင့် မိမိတို့ ထုတ်ပေးသော ဒီပလိုမာဘွဲ့လက်မှတ်သည် ဥပဒေကြောင်းအရ တရားမင်ဟု ရှင်းရှင်းလင်းလင်း န်ခံဖော်ပြရမည် ဖြစ်သည်။

 

Recommended for you - လာမည့် ပညာသင်နှစ်တွင် တတိယတန်းနှင့် ဆဋ္ဌမတန်းသင်ရိုးပြောင်းလဲမည်

 

တက္ကသိုလ်”၊ ”အထက်တန်းကျောင်း” စသည့် ကန့်သတ်စကားလုံးများကို တရားမင် သုံးစွဲခွင့်မရှိကြောင်း၊ ချိုးဖောက်ပါက ယူရို ၅၀၀ မှ ၅၀၀၀ အထိ ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း အမိန့်ဒီဂရီတွင် ဖော်ပြထားသည်။

 

အချို့သော သင်တန်းကျောင်းများသည် တရားင်မဟုတ်သော်လည်း သင်တန်းသားများကို သေသေချာချာလေ့ကျင့်သင်ကြားပေးကြသည်။

 

အချို့မှာမူ သေသေချာချာသင်ကြားမပေးဘဲ တရားဝင်မဟုတ်သော ဘွဲ့လက်မှတ်ကို လိမ်လည်ရောင်းချ နေသည်။

 ၂၀၁၆ ခုနှစ်တွင် ပြုစုခဲ့သော စာရင်းတစ်ခုအရ ဘယ်လ်ဂျီယံနိုင်ငံတွင် အတုအယောင်တက္ကသိုလ် ၄၁ ခုရှိခဲ့ ပြီး ၁၀ ခုမှာ ဝယ်လိုနီယာမြို့နှင့် ၂၃ ခုမှာ ဘရပ်ဆဲလ်မြို့တို့တွင် ဖြစ်ကြသည်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

Recommended for you - တရုတ်နိုင်ငံကပေးအပ်သည့် China Development Bank Scholarship 2018: Master Program ပညာသင်ဆု

 

Recommended for you - ဦးစားပေး ပြည့်စုံစွာ မဖော်ပြထားသော တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ အပယ်ခံရမည်

 

Credit; EDGE

Read times Last modified on Friday, 10 January 2020 10:35
Rate this articles
(0 votes)