လူတိုင်း ရုံးပိတ်ရက်မှာ လုပ်စရာတွေရှိကြပါတယ်။ ကိုယ့်ရဲ့ ရုံးပိတ်ရက်တွေကို ဘယ်လိုအသုံးချလဲဆိုတာကိုကြည့်ပြီး ကိုယ်ဘယ်လောက်အောင်မြင်နေပြီဆိုတာကို ပြောနိုင်ပါတယ်။
ကိုယ်ဘယ်အချိန်အိပ်ယာထလဲဆိုတာ အဓိကမဟုတ်ပါဘူး။ တစ်ကယ်လို့ ကိုယ်က အိမ်ထဲမှာပဲနေပြီး အိပ်နေတာကို ပိုကြိုက်တယ်ဆိုရင်တော့လဲ ကောင်းတာပါပဲ၊ ဒါပေမယ့်လည်း အဲဒီလိုအချိန်မှာ အပြင်ထွက်ပြီး စိတ်လှုပ်ရှားဖွယ်တွေ တွေ့ကြုံခံစားဖို့လည်း လိုပါသေးတယ်။
ကိုယ့်မှာ အားလပ်ရက်ကို ဘယ်လိုသုံးမယ်လို့ အစီစဉ်ဆွဲထားပြီလား။ မအောင်မြင်တဲ့လူတွေ ရုံးပိတ်ရက်တွေမှာ လုပ်လေ့ရှိတဲ့ အချက် ၁၀ ချက်ကို လေ့လာကြည့်ကြရအောင်။ ပြီးရင် ကိုယ့်မှာ ဒီအချက်တွေရှိနေရင် ရှောင်နိုင်တာပေါ့။
၁။ သူတို့မှာ အစီအစဉ်မရှိဘူး
အားလပ်ရက်ရဲ့ နာရီတိုင်း၊ မိနစ်တိုင်းကို အစီအစဉ်ဆွဲထားဖို့တော့မလိုပါဘူး။ ဒါပေမဲ့ ကိုယ်က အားလပ်ရက်အတွင်း အပြင်ထွက်ဖို့ အစီစဉ်ဆွဲထားတယ်ဆို ဘာလုပ်မယ်၊ ဘယ်သွားမယ်ဆိုတဲ့ စိတ်ကူးလေးတော့ ရှိရင်ကောင်းတာပေါ့။ ဒါက ကိုယ့်အချိန်ကို ကိုယ်ပိုင်စေမယ် ပြီးတော့ ပျော်စရာကောင်းတဲ့ အချိန်လေးတွေကိုလည်း စီစဉ်နိုင်တယ်။
၂။ ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်မပေးကြဘူး
အလုပ်ရှုပ်နေတဲ့ ရုံးတတ်ရက်တွေမှာ ကိုယ့်ချစ်သူခင်သူတွေအတွက် အချိန်ပေးဖို့ ခက်ပါတယ်။ ရုံးပိတ်ရက်မှာ သူ့တို့အတွက် အဲ့ဒါကို ဖြည့်ဆည်ပေးလိုက်ပါ။
၃။ နည်းပညာတွေနဲ့ပဲ အချိန်ကုန်နေတယ်
ကိုယ့်ဖုန်းကို ဝေးဝေးမှာထား။ အလုပ်နဲ့ ဆိုင်တဲ့ email တွေကို ပိတ်ထား။ ပြီးရင် ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်သတ်သမျှတွေကို အကုန်ရှင်းထား။ နည်းပညာတွေအပေါ်မှာပဲ စွဲလမ်းနေတာမျိုးကို မလုပ်ပါနဲ့။ (ယနေ့ခေတ်မှာတော့ အထူးသဖြင့် ဖုန်းတွေပေါ့)
၎။ ကိုယ်တိုင် ပျော်အောင်မနေကြဘူး
ကိုယ်က တစ်ယောက်ထဲနေတာပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ အပြင်ထွက်ရင်ပဲဖြစ်ဖြစ် ကိုယ့်ပိတ်ရက်လေးမှာ ကိုယ့်ကိုကိုယ် အသေအချာ ပျော်အောင်နေပါ။ ဂရုစိုက်ပါ။
၅။ အအိပ်မက်တဲ့ ကာလနဂါးတွေ
ကိုယ်က သောကြာနေ့မှာ အလဲအကွဲသောက်ထားလို့ အဲဒီအတွက် ပြန်အိပ်နေတာမျိုး ရှိနိုင်ပါတယ်။ ကိုယ်က အရမ်းပင်ပန်းလို့ အမုန်းအိပ်နေတာလဲ ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါမျိုးက ကိုယ့်အိပ်စက်ခြင်းကို ကပြောင်းကပြန် အဆင်မပြေဖြစ်စေပါတယ် (နေ့ဘက်ကျ တအားအိပ်ပြီး ညကျအိပ်မရဖြစ်)။ အဲဒါကိုလည်း ပုံမှန်ဖြစ်အောင် လုပ်ဖို့လိုပါတယ်။
Recommended for you - အခမဲ့ သင်ကြားပေးမည့် ဆောက်လုပ်ရေးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ
၆။ အသုံးအဖြုန်း ကြီးတယ်
ရုံးတက်ရက်တွေမှာတော့ ပိုက်ဆံကို ကုတ်ခြစ်၊ ကပ်စေးနှဲ နှမြောနေပြီး ရုံးပိတ်ရက်မှာတော့ အကုန်သုံးပစ်လိုက်တော့တာပဲ။ ကိုယ်လုပ်တဲ့ အပြုအမူတိုင်းကိုလည်း ကိုယ့်ဘာသာပြန်လေ့လာဆန်းစစ်ကြည့်ပါ။ တစ်ကယ်လို့ ရုံးပိတ်ရက်မှာ ကိုယ့်က မလိုတာတွေအတွက် အလွန်အကျွံ သုံးဖြုန်းမိနေတယ်ဆို ဒီအချိန်မှာ ဈေးလည်းသက်သာရမယ် ပျော်စရာလည်း ဖြစ်ရမယ့်ဟာတွေကို စဉ်းစားကြည့်ပါ။ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အိမ်မှာစုပြီး ချက်ပြုတ်စားကြတာတို့ ဒါမှမဟုတ် ကိုယ့်အနီးအနားမှာရှိတဲ့ ပွဲတွေသွားတာတို့ ဘာတို့ပေါ့။
၇။ ပြန်မစဉ်းစားကြဘူး
အလုပ်ရှုပ်တဲ့ ရုံးတက်ရက်တွေမှာ ကိုယ့်ဘဝ၊ ကိုယ့်ရည်မှန်းချက်ကို ပြန်စဉ်းစားဖို့တောင် အချိန်မရအောင်ဖြစ်နေတတ်ပါတယ်။ ဒီလို အလုပ်နားရက်လေးတွေမှာ အဲ့လို ကိုယ့်ဘဝ၊ ကိုယ့်ရည်မှန်းချက်တွေအကြောင်း ကိုယ့်ဘာသာ ပြန်လေ့လာဆန်းစစ်ကြည့်ဖို့ အရေးကြီးပါတယ်။
၈။ အလုပ်အကြောင်းပဲ တွေးနေတယ်
သောကြာနေ့တွေက နောက်တစ်ပတ် တနင်္လာနေ့တွေအတွက် အစီအစဉ်ဆွဲထားဖို့ အကောင်းဆုံးအချိန်ပါပဲ။ ကြိုတင်စီစဉ်ထားခြင်းက ကောင်းပါတယ်၊ အလုပ်ရောဂါ စွဲကပ်နေခြင်းကတော့ မကောင်းပါဘူး။ စနေနဲ့ တနင်္ဂနွေမှာ အလုပ်နဲ့ပတ်သတ်သမျှ ကန်သာထုတ်ပစ် ပြီးရင်သက်သောင့်သက်သာနေ။
၉။ သက်သောင့်သက်သာ မနေကြဘူး
တစ်ခြားတစ်ဖက်က ပြန်ကြည့်ရင်လည်း တစ်ချို့လူတွေက သူတို့ရုံးပိတ်ရက်တွေမှာ လုပ်စရာတွေ အများကြီး အစီအစဉ်ဆွဲထားကြပြန်တယ်။ ကိုယ့်အလုပ်မှာ အောင်မြင်ပြီး အလုပ်ဖြစ်အောင် ကိုယ့်ဘက်ထရီကို အားပြန်သွင်းဖို့ ရုံးပိတ်ရက်တွေကို အသုံးချဖို့ အရေးကြီးပါတယ်။
၁၀။ လာမယ့် ရုံးတက်ရက်တွေအတွက် မပြင်ဆင်ထားကြဘူး
ကဲရှေ့ကအချက်တွေကတော့ ပျော်ပျော်နေဖို့၊ လျှောက်လည်ပြီး သက်တောင့်သက်သာ နေဖို့ ပြောထားခဲ့ပြီ။ ရုံးပိတ်ရက်ရဲ့ နောက်ဆုံးနေ့၊ နောက်ဆုံးညမှာတော့ အလုပ်ပြန်ဝင်ရတော့မယ့် နေ့တွေအတွက် ပြင်ဆင်ထားရပါတော့မယ်။ တနင်္ဂနွေညက ရုံးတက်ရက်တွေအတွက် အစီအစဉ်ဆွဲဖို့ အကောင်းဆုံးအချိန်ပါပဲ။ ကိုယ်က လုပ်စရာရှိတာတွေကို စာရင်းပြုစုလို့ရတယ်၊ ကိုယ့်ပြက္ခဒိန် ကိုယ် ပြန်ကြည့်၊ အသစ်လုပ်စရာရှိလုပ်၊ ဒါမှမဟုတ် လာမယ့်ရက်တွေမှာ ကိုယ်ဘယ်အရာတွေကို အပြီးအပြတ်လုပ်မလဲဆိုတာတွေကို စဉ်းစားလို့ရပါတယ်။
Recommended for you - လေးလံထိုင်းမှိုင်းနေတာက Monday ကြောင့်ရောဟုတ်ရဲ့လား
Recommended for you - ၁၄ နှစ်ဆက်တိုက် ခွင့်ရက်မပျက်သော ဆရာ၊ ဆရာမများကို ကမ္ဘာ့ဆရာများနေ့တွင် ဆုချီးမြှင့်မည်
Credit; jobs4u