×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 19 September 2018

သင်မသိသေးတဲ့ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ

သင်မသိသေးတဲ့ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ google.com

တိုးတက်လာတဲ့ ခေတ်နှင့်အညီ အင်တာနက်နှင့် လူမှုကွန်ရက်သုံးစွဲမှုနှုန်းဟာ အဆမတန်မြင့်တတ်လာခဲ့ပါတယ်။

မော်ဒန်ခေတ်လူသားအများစုဟာ အားလပ်ချိန်များကို ဖေ့ဘွတ်၊ အင်စတာဂရမ် အစရှိတဲ့ လူမှုကွန်ရက်တွေမှာပဲ ကုန်ဆုံးကြတဲ့အတွက် စာဖတ်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာတစ်ရပ်တော့ မဟုတ်ပါဘူး။ စာဖတ်ရှု့ခြင်းအလေ့အထဟာ သင့်ကို အကျိုးကျေးဇူးကောင်းများစွာ ပေးစွမ်းနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေလည်းဆိုတော့…


(၁) Stress တွေကို လျှော့ချပေးနိုင်တယ်

ကျွန်တော်တို့ဟာ နေ့စဉ်နှင့်အမျှ မတူညီတဲ့ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရင်း အမျိုးမျိုးသော စိတ်ပင်ပန်းဝမ်းနည်းမှုတွေကို ကြုံတွေ့ရတတ်ပါတယ်။ ထိုသို့သော ပင်ပန်းနေချိန်မှာ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်ရှု့လိုက်ပါ။ သင့်ရင်ထဲ ပူလောင်ပြင်းပြနေတဲ့ ဖိအား (Stress) အနည်းငယ် လျော့ကျသွားပါလိမ့်မယ်။


(၂) ဗဟုသုတ ကြွယ်ဝစေနိုင်တယ်

စာဖတ်ရှု့ခြင်းဟာ အမျိုးမျိုးသော အတွေးအမြင်၊ ဗဟုသုတတွေကို ပေးစွမ်းနိုင်ပါတယ်။ ထို့ကြောင့် စာဖတ်ရှု့တဲ့လူတစ်ယောက်ဟာ ဗဟုသုတ အတော်အတန်ကြွယ်ဝတဲ့အတွက် လောကဓံမုန်တိုင်းက စစ်ဆေးတဲ့ စာမေးပွဲပေါင်းစုံကို လွယ်လွယ်ကူကူ အဖြေရှာနိုင်ပါတယ်။


(၃) မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေနိုင်တယ်

စာအုပ်တွေကို ဖတ်ရှု့နေချိန်မှာ ဝတ္တုပါဇာတ်ကောင်တွေ၊ ထိုဇာတ်ကောင်တွေ၏ အပြောအဆို၊ အပြုအမူ၊ ဇာတ်ကြောင်းဇာတ်ရိုးတွေကို အစဉ်အမြဲမှတ်သားနေရပါတယ်။ ထိုသို့မှတ်သားတတ်တဲ့ အလေ့အထဟာ မှတ်ဉာဏ်စွမ်းရည်တိုးတက်ဖို့အတွက် များစွာအထောက်အကူပြုပါတယ်။

 

Recommended for you - အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ပထမနှစ် သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူ


(၄) စဉ်းစားနိုင်စွမ်းကို တိုးတက်စေနိုင်တယ်

စာအုပ်တွေကို ဖတ်ရှု့လေ့လာခြင်းဟာ ကျိုးကြောင်းဆင်ခြင် စဉ်စားခြင်းအတတ်ပညာကို ရှင်သန်စေနိုင်ပါတယ်။ စာအုပ်တွေများများဖတ်လေ ဗဟုသုတကြွယ်ဝလေဖြစ်သဖြင့် ဆုံးဖြတ်ချက်တိုင်းလိုလိုကို မှန်ကန်စွာ ချမှတ်နိုင်မှာပါ။


(၅) ဝေါဟာရ ကြွယ်ဝစေနိုင်တယ်

စာအုပ်တော်တော်များများမှာ လှပပြီးအနှစ်သာရရှိတဲ့ ဝေါဟာရအသစ်အဆန်းများစွာ ပါဝင်တက်ကြပါတယ်။ ထို့ကြောင့် စာအုပ်များများဖတ်လေ ဝေါဟာရကြွယ်လေဖြစ်မှာပါ။ စကားပြောကောင်းပြီး ဝေါဟာရကြွယ်ဝတဲ့လူတစ်ယောက်ဟာ လူမှုအသိုင်းအဝိုင်းပတ်ဝန်းကျင်းမှာ အောင်မြင်စွာ ရပ်တည်နိုင်ကြပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - Gates Cambridge Trust အဖွဲ့က ပေးအပ်သည့် ပညာသင်ဆု

 

Recommended for you - တက္ကသိုလ် စတက်ကြမည့်သူများ အမှတ်မီသည့် အခြားတက္ကသိုလ်သို့ ပြောင်းလိုပါက ပြောင်းနိုင်

 

Credit; We.com.mm

Read times Last modified on Wednesday, 29 January 2020 10:29
Rate this articles
(2 votes)