×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 20 September 2018

အောင်မြင်ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အချက်(၉)ချက်

အောင်မြင်ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အချက်(၉)ချက် google.com

လူတိုင်းဟာ တဖြည်းဖြည်းနဲ့အသက်အရွယ်ကြီးရင့်လာကြမှာပါပဲ။ ဘဝတစ်လျှောက်မှာ တွေ့ကြုံခဲ့ရတဲ့လူတွေကို ကျေးဇူးတင်ရမှာပါ။

ဘဝကို ပိုအဓိပ္ပာယ်ရှိလာစေတဲ့ လက်တွဲဖော်ကောင်း၊ နွေးထွေးပြီး စိတ်လုံခြုံမှုပေးနိုင်တဲ့ မိသားစု၊ ရင်ဖွင့်စရာ သူငယ်ချင်းကောင်းတွေကြောင့်ပျော်ရွှင်ရသလို သင့်အပေါ် မကောင်းတဲ့သူတွေကြောင့်လည်း စိတ်ညစ်စရာတွေ ကြုံခဲ့ရဖူးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အံ့သြစရာအတွေအကြုံအမျိုးမျိုးတွေရရှိခဲ့တာကြောင့် ဒီနေ့မှာ ကောင်းကောင်းရပ်တည်နေနိုင်တာပါ။ ဘဝမှာ နေပျော်လာဖို့ အကြံပေးချင်တဲ့အချက်လေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့…


၁။ ရှုံးနိမ့်မှုတွေနဲ့ ကြုံဖူးတာကောင်းတယ်

ရှုံးနိမ့်မှုဆိုတာ ကြားရရုံနဲ့တင် ကြောက်စရာကောင်းတဲ့ စကားလုံးတစ်ခုပါ။ လူတိုင်းလိုလိုဟာ ရှုံးနိမ့်မှုကို ရင်မဆိုင်လိုကြဘူး။ အဲ့ဒီလို မဖြစ်ပါနဲ့။ ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ရခြင်းဟာ တကယ်အနှစ်သာရရှိတဲ့ အရာတစ်ခုလို့ပြောပါရစေ။ သင့်ရဲ့လူမှုရေးရာ၊ ပညာရေး၊ အလုပ်အကိုင် စတာတွေမှာ မအောင်မြင်ဘူးဆိုရင် အဲ့ဒီအခြေအနေကို လက်ခံလိုက်ပါ။ အချိန်ယူပြီး စိတ်ရောကိုယ်ပါ အနားပေးလိုက်ပါ။ ပြီးရင်တော့ ကိုယ်ဘာတွေလိုအပ်ခဲ့တယ်ဆိုတာ ပြန်သုံးသပ်ပါ။ ကိုယ့်မှာရှိနေတဲ့ အားနည်းချက်တွေကို ဖြည့်သွားရင်းနဲ့ အောင်မြင်မှုကို သင်ဆုပ်ကိုင်နိုင်လာပါလိမ့်မယ်။


၂။ တစ်ခြားသူတွေရဲ့ကိုယ့်အပေါ်မှာရှိတဲ့အမြင်က အရေးမကြီးပါဘူး

လူတိုင်းဟာ ပြီးပြည့်စုံတဲ့သူဖြစ်ဖို့ရာ လွယ်ကူတာမှမဟုတ်တာပဲ။ ဒါကြောင့် သင့်ရဲ့လိုအပ်ချက်တွေ အားနည်းချက်တွေကို သူစိမ်းတွေကဝေဖန်လာရင် ပြုံးနေလိုက်ပါ။ သင့်ရဲ့ဖြစ်တည်မှုကို ကိုယ်ကိုတိုင်လက်ခံနိုင်ပြီဆိုရင် ဘယ်သူတစ်ဦးတစ်ယောက်ကမှ စိတ်ခံစားမှုဖြစ်အောင် မထိုးနှက်နိုင်တော့ပါဘူး။


၃။ အမြဲတမ်းသင်ယူနေဖို့လိုအပ်တယ်

လူတွေတိုင်းမှာ လိုအင်ဆန္ဒတွေက အမြဲတမ်းရှိနေနိုင်မှာပါ။ ဝိတ်လျှော့ချင်ရင် အစားအစာ၊ လေ့ကျင့်ခန်းတွေနဲ့ ပက်သက်ပြီး သင်ယူရမယ်။ အသက်မွေးဝမ်းကျောင်းအလုပ်မှာ ပိုတိုးတက်ချင်ရင် ကျွမ်းကျင်လာအောင် လေ့လာရမယ်။ သင့်အနေနဲ့ ဘာမှမသင်ယူဖူးဆိုရင် တိုးတက်မှုမြန်ဆန်တဲ့ ဒီနေ့လိုခေတ်မှာ နောက်ကောက်ကျနေခဲ့နိုင်ပါတယ်။


၎။ ငြင်းပယ်တတ်ဖို့သင်ယူပါ

တစ်ခြားသူတွေနဲ့ သင်နဲ့ယှဉ်ကြည့်ရင် ကိုယ်ပိုင်အချိန်အားလပ်ခြင်း၊ ဝါသနာ၊ အကြိုက် စသဖြင့် မတူတာတွေအများကြီးပါ။ အားနာပါးနာနဲ့ သူများအကြိုက်အမြဲတမ်းလိုက်လုပ်ပေးဖို့ဆိုတာ မလွယ်ကူပါဘူး။ သင်မကြိုက်ဖူးဆိုရင် မလုပ်နိုင်ဘူးလို့သာငြင်းလိုက်ပါ။အနည်းဆုံးတော့ စိတ်မသက်မသာနဲ့ မလုပ်ချင်တာကို မလုပ်ရတော့ဘူးလေ။


၅။ ငွေကြေးကြောင့် ပိုမိုပျော်ရွှင်ရလိမ့်မယ်မထင်ပါနဲ့

ငွေကြေးဟာ အရေးမကြီးဘူးလို့ပြောချင်တာမဟုတ်ပါဘူး။ ငွေကြေးကတော့ အမြဲတမ်းအသုံးဝင်တဲ့ အရာတစ်ခုပါ။ သင့်အလုပ်က ဝင်ငွေများလာလေ တာဝန်ယူမှုတွေ ပိုများလာလေလေပါပဲ။ အဲ့ဒီအတွက်လည်း စိတ်ဖိစီးမှုတွေ တစ်ပါတည်းပါလာမှာပါ။ပိုချမ်းသာလာလို့ လူနေမှုအဆင့်အတန်း ပိုမြင့်လာတာကတော့ကောင်းပါတယ်။ သင့်ရဲ့လူနေမှုအဆင့်အတန်းနဲ့ ကိုက်ညီအောင် ငွေကြေးကိုတော့ ထပ်ရှာနေရဦးမှာပါပဲ။

 

Recommended for you - ပညာရေးကောလိပ်ဆင်းများ အဝေးသင်ဒုတိယနှစ်မှ စတက်ခွင့်ပြုမည်


၆။ အောင်မြင့်ဖို့ရာ ပေါင်းသင်းဆက်ဆံရေးကသော့ချက်ပါ

ကိစ္စရပ်တော်တော်များများကတော့ လူတွေနဲ့ဆက်သွယ်ပြောဆိုဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်၊ မိသားစုဘဝ၊ အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စရာအခြေအနေတွေချည်းကုန်ဆုံးဖို့ကတော့ မဖြစ်နိုင်ပေမဲ့ အဆင်ပြေပြေပေါင်းသင်းဆက်ဆံနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အနည်းဆုံးတော့ သင်စိတ်ချမ်းသာရမှာပါ။


၇။ ပြုပြင်ပြောင်းလဲလွယ်တတ်သူဖြစ်ဖို့လိုတယ်

ပြောင်းလဲတိုးတက်မှုမြန်ဆန်နေတဲ့ခေတ်ကြီးမှာ အသစ်အသစ်တွေကတော့ဖြစ်ပေါ်နေတာပါပဲ။ သင့်မှာလည်း လိုအပ်ချက်အသစ်တွေ အမြဲတမ်းဖြစ်ပေါ်လာမှာပါပဲလေ။ အဲ့ဒီအတွက်လည်း အမြဲတမ်းကြိုးစားနေရဖို့ရှိမှာပါ အဲ့ဒီအရာတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် သင်လည်းလိုက်ပါပြောင်းလဲရမှာပါ။


၈။ အဆိုးမြင်တဲ့သူတွေနဲ့ဝေးဝေးနေပါ

ဘဝကိုရိုးရိုးရှင်းရှင်းနဲ့ ပျော်ရွှင်စွာနေထိုင်ချင်ရင် အဆိုးမြင်သမားတွေကို ရှောင်လိုက်ပါ။ သူတို့ဆီက စိတ်ပင်ပန်းစရာ စိတ်ညစ်ညူးစရာတွေသာရနိုင်တာမို့ သူတို့နဲ့တွေ့ရင် သင့်ရဲ့ပျော်ရွှင်မှုလေးတွေတောင် ပျက်သုဉ်းသွားနိုင်ပါတယ် သင်ရော ပျော်ပျော်ရွှင်ရွှင် မနေချင်ဘူးလား???


၉။ ပေးကမ်းခြင်းကြောင့် ပိုမိုပျော်ရွှင်ရနိုင်ပါတယ်

ရယူပိုင်ဆိုင်ချင်တဲ့လောဘစိတ်ဟာ ပူလောင်မှုကိုပဲပေးတာပါ။ သင့်မှာရှိတဲ့အရာတွေကို မျှဝေတာဖြစ်ဖြစ် သူတစ်ပါးရဲ့ခံစားချက်ကို ကိုယ်ချင်းစာနားလည်ပေးရင်ပဲဖြစ်ဖြစ် ပိုမိုစိတ်ချမ်းသာစေမှာ အမှန်ပါပဲ။ တတ်နိုင်သမျှ စွန့်လွတ်ပေးကမ်းနိုင်လာလေလေ ပီတိတွေနဲ့ ဘဝဟာ ကျေနပ်စရာကောင်းလေလေပါပဲ။

 

Recommended for you - သင်မသိသေးတဲ့ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ

 

Recommended for you - အင်းစိန် GTI ကျောင်းတွင် အထည်ချုပ် ဆရာဖြစ်သင်တန်း ဖွင့်လှစ်

 

Credit; hellopeacefulmind

Read times Last modified on Wednesday, 29 January 2020 10:30
Rate this articles
(1 Vote)