ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုလုပ်ခဲ့ကြပါတယ်။ လူတစ်ယောက်ကို အဓိက ကျရှုံးစေရတဲ့ အကြာင်းတရားက ဘာလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။ အဲ့ဒီအကြောင်းအရာတွေကတော့...
၁။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % )
ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိုးနိုး၊ ဒီဟာလုပ်ရင် ကောင်းနိုးနိုးနဲ့ အချိန်ကုန်ပြီး အသက်ကြီးသွားတဲ့ လူတွေများတစ်ပုံကြီးပါ။ မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံစိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေးက အဲဒီနေရာမှာ မရှိတော့ပါဘူး။
၂။ အချိန်ဆွဲခြင်း ( ၉%)
လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စလုပ်မယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင်တော့ အလုပ်မဖြစ်တော့ပါဘူး။ ခဏနေမှလုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ်မှ စလုပ်လိုက်မယ်ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက်ကို ကျရူံးစေတဲ့ အဓိကအကြောင်းအရာထဲမှာ ပါပါတယ်။
၃။ ကောက်ရိုးမီး အကျင့် ( ၈%)
ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာမျိုး၊ စာအုပ်တစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နှာတောင် ပြီးအောင် မဖတ်ရူ့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။ အရမ်းဝနေပြီ၊ ဝိတ်ချတော့မယ်။ အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောက်တော့ အဖျားရှူးသွားတယ်။ ချလေလေ ဝလေလေ ဖြစ်သွားတယ်။ လုပ်ငန်းတစ်ခုကို စလုပ်တယ်။ အစတော့ အားတက်သရော၊ စိတ်ရောကိုယ်ပါ ကြိုးစားပါတယ်။ အလုပ်တောင်ကောင်းကောင်း မဖြစ်သေးဘူး၊ အဖျားရှူးသွားတာမျိုးကို ဆိုလိုပါတယ်။
၎။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း ( ၇%)
ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစားစကားမပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။ အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။ ကိုယ်ကစတောင် မစရသေးဘူး၊ သူများငြင်းဆိုမယ်ဆိုတာကို စိုးရိမ်နေရင်တော့ ဘယ်တော့မှ စဖြစ်တော့မှာ မဟုတ်ပါဘူး။
Recommended for you - မော်လမြိုင်တက္ကသိုလ်မှ (day) မေဂျာအမှတ်များ
၅။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )
ဆိုကြပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်။ လုပ်ကိုင်ဖို့ အခွင့်အရေး လည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငှဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။ ဒါက ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာဖြစ်ပါတယ်။ ဟိုအလုပ်မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး၊ ဘာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီးရှိပါသေးတယ်။
၆။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ( ၇%)
လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ။ စိတ်ကူးယဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ။ ဘာမဆို အလကားလိုချင်တယ်။ အလုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေတတ်တယ်။ အချိန်ရှိတိုင်း ထီပဲပေါက်နေချင်တယ်။ နေ့ချင်းညချင်း ချမ်းသာချင်ကြတယ်။
၇။ ဆင်ခြေများလွန်းခြင်း ( ၂၂ % )
ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်းဟာလည်း ဘဝကိုဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါဝင်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေတတ်ကြတယ်။ လုပ်ဖော်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြောင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်။ သူတို့ကိုသူတို့ ဘယ်သောအခါမှ မဆန်းစစ်ပါ။
၈။ သင်ယူရန် ငြင်းဆန်ခြင်း ( ၁၁ % )
သင်ယူတယ်ဆိုတာ ပင်ပမ်းရပါတယ်။ အားထုတ်ရပါတယ်။ ဦးနှောက် သုံးရပါတယ်။
သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာလုပ်ပါတယ်။ ဝတ်ကျေတန်းကျေ လုပ်ပါတယ်။ အပြစ်တင်လွတ်အောင်သာ လုပ်ပါတယ်။ ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ မသိကြပါဘူး။ သိရင်လည်း မလုပ်လိုကြပါဘူး။ အလုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုင်ဖုန်းဆော့နေကြပါတယ်၊ လ္ဘက်ရည်ဆိုင်ထိုင်ကြပါတယ်၊ စကားပြောနေတတ်ကြပါတယ်။
ဒီအချက်လေးတွေကို ကြည့်ပြီး ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်နိုင်ကြပါစေ။ ကိုယ့်ကိုကိုယ် မကျရှုံးမိပါစေနဲ့။
Recommended for you - အလုပ်ရောက်ရောက်ချင်း အစ ၁၀ မိနစ်မှာ လုပ်မိတတ်တဲ့ အမှား (၇) ခု
Recommended for you - မုံရွာစီးပွားရေးတက္ကသိုလ်တွင် ပထမဆုံး ဖွင့်လှစ်မည့် လုပ်ငန်းစီးပွားရေးပညာဘွဲ့လွန် ဒီပလိုမာသင်တန်း
Credit; jobs4u