၁။ သူပြောဖို့ အလှည့်ပေးပါ။
အဖွဲ့လိုက်အလုပ် လုပ်ဆောင်ရာမှာ ကိုယ်ချည်း ပြောဆိုနေလို့ မဖြစ်ပါ။ အကြံဉာဏ်တို့ဟာ ဘက်စုံဝင်လာမှ ရွေးစရာ အမယ်များမှာမို့ ဆွေးနွေးသည့်ပုံစံဖြင့် တစ်ယောက်တလှည့် ဆွေးနွေးကြရပါမည်။
၂။ ချီးကျူးပါ။ (မမြှောက်ပါနှင့်)
သူတစ်ပါးအကြံကောင်းတို့ကို ပြောပြတဲ့အခါ ချီးကျူးပါ။ သူ့ကို ချီးမွန်းဖို့ကို မရှက်ပါနဲ့။ ချီးကျူးလိုက်ခြင်းအားဖြင့် သူနဲ့ကိုယ့်အကြားက ရင်းနှီးမှုကို ပိုမိုပေါ်လွင်လာစေပါတယ်။ ဒါပေမယ့် ဘယ်တော့မှ မမြှောက်ပါနဲ့။
၃။ ဗဟုသုတနှင့် ပညာများ မျှဝေပါ။
ဘက်စုံ ကဏ္ဍစုံက အသိပညာရှင် အတတ်ပညာရှင်များ ပါဝင်နိုင်တာကြောင့် အားလုံး ကိုယ်သိထား တတ်ထားတဲ့ အရာတွေကို အလုပ်နဲ့သက်ဆိုင်မှုရှိခဲ့ရင် မျှဝေပါ။
၎။ အကူအညီရယူပါ။
ကိုယ်မသိတာ မတတ်တာတွေဆိုရင်လဲ မရှက်ပါနဲ့။ မေးမြန်းကြပါ။ ဒီလို ဖေးမကူညီကြတာဟာ အဖွဲ့လိုက် အလုပ်လုပ်ခြင်း (Teamwork) ရဲ့ သဘာဝပါ။
၅။ အေးဆေးစွာပြောဆိုပါ။
ဆွေးနွေးရင်းအခန့်မသင့်လို့ စကားပြောမာတာ ဖြစ်ဖြစ်၊ မောက်မာလိုစိတ်ကြောင့် လေသံပြင်းတာ ဖြစ်ဖြစ် ရှောင်ပါ။ အချင်းချင်း အေးဆေးစွာ ပြောဆိုညှိနှိုင်း ကြပါ။
၆။ တန်းတူညီမျှ ပါဝင်ပတ်သက်ပါ။
အလွှာစုံက လူစုံကို မမြှောက်ပင့် မနှိမ့်ချပဲ ပေါင်းသင်းဆက်ဆံပါ။ မိမိထက် နိမ့်ပါးသူတို့ကို မနှိမ့်ချပါနှင့်။ ထို့အတူပင် မိမိထက် ရာထူးကြီးမားသူတို့ကိုလည်း မမြှောက်ပင့်ပဲ ပုံမှန်ဆက်ဆံပါ။ အားလုံးကို ချီးကျူးသင့်က ချီးကျူးပြီး ပြောဆိုသင့်က အေးဆေးစွာ ပြောဆိုပါ။
၇။ အလုပ်တာဝန်ကို ဇောက်ချ လုပ်ပါ။
မိမိလုပ်ရမည့်အလုပ်ကိုသာ ပြီးဆုံးစေရန် အားထုတ်ပါ။ အချိန်မဖြုန်းပါနှင့်။ သူများယောင်တိုင်း လိုက်မယောင်ပါနှင့်။
၈။ တစ်ဖက်သားကို ဖေးမသော စကားသာဆိုပါ။
တစ်ဖက်သား စကားအသွားအလာကို သေချာဆင်ခြင်၍ ပြုပြင်ပေးသင့်သည့်အရာကို ဖေးဖေးမမ ဆွေးနွေးပေးပါ။ တိုင်ပင်ကြည့်ခိုင်းပါ။ ဘယ်တော့မှ အမှားကို ထောက်သည့်သဘော မဖြစ်ပါစေနှင့်။
၉။ နာမည်တပ်၍ ခေါ်ဆိုပါ။
တစ်ဖက်သားသည် မိမိကို သတိပြုမိ ရင်းနှီးမှုရှိမိစေရန်အတွက် နာမည်တပ်၍ ပြောဆို ဆက်ဆံသည့် အကျင့်အား ပြုလုပ်ပေးပါ။ ဤသို့နာမည်တပ် ခေါ်ဆိုခြင်းဖြင့် မိမိသည် အဖွဲ့တွင်းတွင် အမြန်ဆုံး လူချစ်လူခင် များလာပါလိမ့်မည်။
၁၀။ စိတ်ဖိစီးနေသော သူကို အားပေးပါ။
အိမ်နှင့်အဆင်မပြေ အလုပ်နှင့်အဆင်မပြေ၍ စိတ်ဖိစီးနေလေ့ရှိသူတို့ကို တွဲကူပါ။ နှစ်သိမ့် ပေးပါ။ ကူညီပါ။
၁၁။ သည်းခံ၍ စောင့်ဆိုင်းတတ်ပါ။
လူပေါင်းစုံနှင့် ဆက်ဆံရသည့်အတွက် အချိန်စောသူ၊ တိကျသူနှင့် နောက်ကျသူတို့အားလုံး ပါဝင်နိုင်သည်။ ဤသည်ကို သတိရှိ၍ ဘယ်သူ့ကိုမဆို အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းသည်းခံတတ်ပါ။
၁၂။ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောပါ။
မိမိပြောဆိုသော စကားတို့ကို အတတ်နိုင်ဆုံး ရှင်းလင်းအောင်ပြောပါ။ ဖြည်းဖြည်းပြောပါ။ မရှင်းဘူးထင်လျှင် ထပ်ပြောပြပါ။
၁၃။ မတူညီမှုကို လက်ခံပါ။
မတူကွဲပြားသော အယူအဆများ ရှိနိုင်ခြင်းကိုလည်း ကောင်းစွာလက်ခံပါ။ မဆန့်ကျင်ပါနှင့်။ အပြုသဘော အတိုက်အခံသဘောမျိုးဖြင့် အသုံးချလျှင် မတူကွဲပြားသူတို့သည် မိမိအတွက် တက်လမ်းပင် ဖြစ်နိုင်သေးသည်။
Recommended for you - Chevening ပညာသင်ဆု သြဂုတ် ၆ ရက်တွင် စတင်လျှောက်ထားနိုင်
၁၄။ တက်ကြွစွာ ဂရုတစိုက် နားထောင်ပါ။
ပေးသူနှင့်ယူသူတို့တွင် ပေးသူ ဘယ်လောက်ပေးပေး ယူသူ မယူတတ်လျှင် မဖြစ်နိုင်သလို စကားပြောဆို ဆက်ဆံရာတွင်လည်း ပြောသူက အာပေါက်ပါစေဦး။ နားထောင်သူက ဂရုမစိုက်လျှင် အလကားသာ ဖြစ်သည်။ ထို့ကြောင့် မိမိသည် စကားပြောမကောင်း ဦးတော့ နားထောင်ကောင်းသူ တစ်ယောက်တော့ ဖြစ်အောင် အားထုတ်ပါ။
၁၅။ အမြင်မှားများကို ရှင်းလင်းပါ။
မိမိကို အထင်အမြင် လွဲမှားလာသည့်အခါတို့တွင် ရှောင်မနေပါနှင့်။ ငါမဟုတ်တာ မရှင်းဘူးဟု မနေပါနှင့်။ ပြောပြပါ။ မေးမြန်းပါ။ အကြိတ်အခဲ ပြေလည်သည်အထိကို မိမိအနေဖြင့် ရိုးသားအေးဆေးစွာ ရှင်းထုတ်ပေးပါ။
၁၆။ လမ်းညွှန်မှုအတိုင်း လိုက်နာပါ။
မိမိအထက်မှ ညွှန်ကြားထားသည်တို့ကို တိတိကျကျ လိုက်နာပါ။ ဆင်ခြေမပေးမိပါစေနှင့်။ ပေါ့ဆမှုတိုင်းကို တာဝန်ယူပါ။ လေးနက်စွာ လုပ်ဆောင်ပါ။
၁၇။ လူ့ကျင့်ဝတ်နှင့်ညီသော စကားကိုဆိုပါ။
မရိုင်းစိုင်းပါနှင့်။ မဆဲဆို မပုတ်ခတ်ပါနှင့်။ ကိုယ့်မိသားစုကဲ့သို့ သဘောထားပြီး ရင်းနှီးပါ။ အားလုံးကို ကိုယ့်အထက် အရာရှိများကဲ့သို့ တလေးတစား ပြောဆိုဆက်ဆံပါ။
၁၈။ မိမိနှင့် သက်ဆိုင်သည်များကို စနစ်ကျပါ။
အဝတ်အစားကို သေသပ်စွာ ဝတ်ဆင်ပါ။ တစ်ကိုယ်ရည် သန့်ရှင်းမှုကို အလေးထားပါ။ ချွေးနံ့ထွက်တတ်သူများ သူတစ်ပါး မျက်နှာရိပ် မျက်နှာကဲကို နားလည်တတ်ပါ။ အနံ့ပျောက်ဆေးဘူး ဆောင်ထားပါ။
၁၉။ အဖွဲ့နှင့် ရင်းနှီးစွာ ပေါင်းသင်းပါ။
တစ်ဦးထဲ ဘေးထွက် မနေပါနှင့်။ ကိုယ်ပါဝင်မှ ဖြစ်နေမည့်အဖွဲ့ ဖြစ်သည်ကို သတိရပါ။ အမြဲတစေ တက်ကြွစွာ ပါဝင်လှုပ်ရှားရင်း အလုပ် လုပ်တတ်ပါစေ။
၂၀။ ရုတ်တရက်ပေါ်လာသောအကြံများမျှဝေပါ။
ဖုန်းကို Facebook သုံးဖို့ Viber ပြောဖို့ထက် ပိုမိုအကျိုးရှိစွာ အသုံးချတတ်ပါစေ။ ပေါ်လာသမျှ အကြံတို့ကို Notes ထဲတွင် ရေးမှတ်ပါ။ သို့မဟုတ် Voice Recorder ဖြင့် ပြောဆို သိမ်းဆည်းပါ။
၂၁။ အကြံများကို ချရေးထားပါ။
မိမိအကြံတို့ကို ဖြစ်ပါစေ သူတစ်ပါးအကြံတို့ကို ဖြစ်ပါစေ ချရေးမှတ်သားထားပါ။ သူတစ်ပါး ပြောဆို ရှင်းလင်း ပြထားသည်တို့ကို အကုန်ချရေးမှတ်တာထက် ဖုန်းရှိလျှင် ဖုန်းထုတ်၍ ဓာတ်ပုံရိုက်သိမ်းပါ။
၂၂။ အလုပ်တာဝန်ကို ဝေမျှပါ။
အလုပ်တစ်ခုလုံးကို တစ်ယောက်ထဲ လုပ်ခြင်းထက် အဖွဲ့လိုက်လုပ်ခြင်း ဖြစ်သည့်အတွက် ခွဲဝေပေးတတ်ပါ။ တစ်ယောက်ချင်းစီ၏ စွမ်းရည်တို့ကို သိပါ။ ပြီးလျှင် သက်ဆိုင်ရာ စွမ်းရည်အလိုက် အလုပ်တာဝန်တို့ကို ခွဲဝေ နေရာချထားပေးပါ။
၂၃။ အောင်မြင်မှုတိုင်းကို အောင်ပွဲခံပါ။
မိမိတို့ လုပ်အားကြောင့် ပေါ်ပေါက်လာရသည့် အောင်မြင်မှုတိုင်းကို ဝမ်းသာစွာ အောင်ပွဲခံပါ။ တွေ့ဆုံ စားသောက်ပွဲ ကျင်းပပါ။ လူတိုင်းသည် အောင်မြင်မှု၏ အရသာကို တခဏပင် ခံစားရပါစေ နောက်ထပ် အောင်မြင်မှုတစ်ခုကို တောင့်တလာတတ်သည်။ ဤသို့ဖြင့် တစ်ပွဲပြီးတစ်ပွဲ အောင်မြင်မှုတွေ ဆက်ပါစေ။
၂၄။ သူတစ်ပါးအဖွဲ့များကိုလည်း ကူညီပါ။
မိမိအဖွဲ့သာအောင်မြင်၍ ကျန်အဖွဲ့မျာကို နှိမ့်ချထားသည့်စိတ်ကိုလည်း အတတ်နိုင်ဆုံး ဖျောက်ပါ။ လိုအပ်လျှင် သွားရောက်ပြောဆို ကူညီပေးပါ။ ပြိုင်ဆိုင်မှု မပါသော စိတ်ထားကို ထုတ်ပြပါ။ သူများသည်လည်း မိမိတို့လို အောင်မြင်ပါစေ။
Recommended for you - သင့်ရုပ်ရည်ကို အိုမင်းရင့်ရော်သွားစေတဲ့အရာတွေ
Recommended for you - အဆင့်တိုးကျောင်းများ၌ လိုအပ်နေသည့်အထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများကို လပိုင်းအတွင်းဖြည့်ဆည်းပေးမည်
Credit; jobs4u