×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 01 August 2017

အင်္ဂလန်မှာ ကျောင်းလျှောက်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲ။

အင်္ဂလန်မှာ ကျောင်းလျှောက်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲ။ google.com

နိုင်ငံတကာကျောင်းတွေမှာ ပညာသင်ကြားလိုကြတဲ့ ကျောင်းသားလေးတွေ ကျောင်းလျှောက်ဖို့အတွက် ရွေးချယ်စရာ ကျောင်းတွေ အများကြီး ထဲကမှ အင်္ဂလန်နိုင်ငံမှာ ကျောင်းတက်ချင်တဲ့ ကျောင်းသားတွေ အတွက် ပြင်ဆင်ရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဘယ်အချိန်နဲ့ ဘယ်လို ပြင်ဆင်ရမလဲ

UK တက္ကသိုလ်မှာတက်ရောက်လိုသူများဟာ UCAS website မှာဝင်ရောက်လျောက်ထား ရမှာဖြစ်ပါသည်။ UCAS application form မှာ ဖြည့်ရမှာပါ။

ကိုယ့်ဖြည့်ရမယ့် ဖောင်ကို deadline အပြီးတင်ရမှာဖြစ်ပြီး၊ UK ရဲ့ ထိပ်တန်းတက္ကသိုလ်မှာ တက်ရောက် လိုသူများအတွက် ပိုမိုအရေးကြီးပါသည်။

UCAS application ဖောင်တင်ဖို့အတွက် အရေးကြီးသော အချက်များ

 

၁. Registration

ရှေးဦးစွာ ကိုယ့်အကြောင်းကို အသေးစိတ် UCAS မှာ တင်ရမှာပါ။ မှန်ကန်စွာ ရေးသားထားဖို့ လိုအပ်ပါသည်။

 

၂. ဘာသာရပ်ကို ရှာဖွေပါ။

အရေးအကြီးဆုံး အချက်ထဲမှာပါဝင်ပါသည်။ ကိုယ့်တက်ရမယ် ဘာသာရပ်ကို ၃နှစ်လောက်တက်ရောက် ရမှာဖြစ်လို့၊ သေချာစွာရွေးချယ်ဖို့လိုပါသည်။ ပြီးတော့ CUG Course Chooser မှာ Courses 100000 လောက်ကို ၀င်ရောက်ရှာဖွေနိုင်ပါသည်။

ကိုယ်တက်ရောက်လိုတဲ့ Course ကိုတွေ့ပြီးရင်၊ UCAS code ကို မှတ်ယူပြီး၊ Application ဖောင်ကို ဖြည့်ရမှာဖြစ်ပါသည်။

 

READ -ပညာသင်ဆုရရှိနိုင်မည့် အကောင်းဆုံးနည်းလမ်း (၅) ခု

 

၃. တက္ကသိုလ်ရှာဖွေခြင်း။

ကိုယ်ဘယ်ဘာသာကိုလေ့လာမယ်လို့ သိပြီးရင်၊ မှန်ကန်တဲ့ တက္ကသိုလ်ရွေးချယ်ဖို့လိုအပ်ပါသည်။ ဒီတော့ ဘယ်တက္ကသိုလ်က ဘယ်အဆင့်ရှိတယ်၊ ဘယ်နေရာမှာရှိတယ်၊ ဘယ်လို facility ပေးလဲနဲ့ အရွယ်အစားကို ဂရုစိုက်ရပါမယ်။

ပြီးရင် တက္ကသိုလ်တွေရဲ့ UCAS codes တွေကို မှတ်သားထားပါ။

 

၎. Application ဖောင်ဖြည့်ခြင်း။

ဖောင်တစ်ခုမှာ တက္ကသိုလ် ၅ခုမှာ Course အတူတူလျောက်နိုင်သလို၊ Couse ၅ခုအတွက် တက္ကသိုလ် တစ်ခုထဲမှာ လျောက်နိုင်ပါသည်။

 

၅. ပို့ပြီး၊ အဖြေကို စောင့်ပါ။

Application form ပို့ပြီးရင်၊ စောင့်ပြီး အဖြေကို မျှော်လို့ရပါပြီ။

 

READ -Albert Einstein ပြောကြားခဲ့တဲ့ တီထွင်ဆန်းသစ်မှုများအတွက် လိုအပ်သည့်လုပ်ဆောင်ချက်များ

Source; ucas

 

Read times Last modified on Saturday, 28 December 2019 14:00
Rate this articles
(3 votes)