ပညာရပ်တစ်ခုကို သင်ယူတဲ့နေရာမှာ ဆရာက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ တခါတလေမှာ ဆရာကကောင်းပေမယ့် ကိုယ့်အခြေအနေနဲ့ မကိုက်ညီတဲ့အခါ သင်ကြားမှုမှာ နှောင့်နှေးရတာတွေ ကြုံရတတ်ပါတယ်။
တကယ်တမ်း ဆရာတစ်ယောက်လိုက်ရှာရတာ မလွယ်ကူပါဘူး။ ဒီအတွက် အွန်လိုင်းကနေ ဆရာများစွာကို အလွယ်တကူရှာဖွေနိုင်မယ့် website လေးတစ်ခုကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ သင် sayar.com.mm ဆိုတဲ့ website လေးကို ဝင်ရောက်လေ့လာကြည့်ဖို့ လိုနေပါပြီ။
Sayar.com.mm ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး အခမဲ့ အသုံးပြုလို့ရတဲ့ ဆရာရှာဖွေရေး ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ရှာဖွေလို့ရတဲ့ ဘာသာရပ်တွေကလည်း များပြားပါတယ်။
သင်က ဘာသာစကားတစ်မျိုးမျိုးကို သင်ယူချင်တာလား???
သင်က လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ သင်တန်းတွေ လက်ရှိခေတ်စားလာတဲ့ digital marketing ပညာရပ်တွေကို သင်ယူချင်တာလား???
အိုင်တီနဲ့ပက်သက်တဲ့ပညာရပ်တွေကို စိတ်ပါဝင်စားပြီး သင်ယူချင်တာလား???
Recommended for you - ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြင်ပဖြေဆိုခွင့်အတွက်လျှောက်ထားရာတွင် မည်သည့်ထောက်ခံစာမျှ တင်ပြရန်မလို
ဘာသာစကားသင်ကြားဖို့ ဆရာရှာနေတယ်ဆိုရင် အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ထိုင်း၊ ပြင်သစ်ကစလို့ ဟင်ဒီ နဲ့ သက္ကတဘာသာတွေထိ ရှိပါတယ်။ စီးပွါးရေးနဲ့ပက်သက်တဲ့ ဘာသာရပ်တွေဖြစ်တဲ့ Business Administration, Accounting စတဲ့ ဘာသာရပ်တွေကိုလည်း သင်ယူနိုင်ပါတယ်။ Programming languages တွေသင်ယူနိုင်တဲ့အပြင် ဂီတနဲ့ပက်သက်တဲ့ ဘာသာရပ်တွေကိုလည်း သင်ယူနိုင်ပါတယ်။
ကျောင်းသားအရွယ် လူငယ်တွေအတွက် အထက်တန်းပညာရေးနဲ့ သက်ဆိုင်တဲ့ ဇီဝဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ စတဲ့ဘာသာရပ်ဆိုင်ရာ ဆရာတွေကိုလည်း ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ခံပညာအတွက် သိုင်းပြောင်းပြန်၊ ဗန်တို ပညာရပ်တွေလည်း ရှိပါတယ်။ လက်ရှိမှာတော့ ဘာသာရပ်ပေါင်း ၉၀ကျော်နဲ့ ဆရာပေါင်း ၁၁၀၀ ကျော်ကို website ထဲမှာ ရှာဖွေလို့ရပါတယ်။
Website ထဲဝင်လိုက်တာနဲ့ ကိုယ်သင်ကြားလိုတဲ့ ဘာသာရပ်နဲ့အဆင့်၊ ကိုယ်သင်ကြားမယ့်မြို့ကို ရိုက်ထည့်လိုက်တဲ့အခါ သင်ကြားပေးမယ့် ဆရာတွေပေါ်လာမှာ ဖြစ်ပါတယ်။ ဒီထဲက ဆရာတွေရဲ့ ကိုယ်ရေးအကျဉ်း၊ ပညာရေး၊ ဆက်သွယ်ရမယ့် လိပ်စာတွေကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။
သင်ကိုယ်တိုင်ဆရာတစ်ယောက်ဖြစ်နေတယ်ဆိုရင်တော့ အခုပဲ register လုပ်လိုက်ပါ။
Recommended for you - တက္ကသိုလ်တက်တဲ့အချိန်မှာ မိဘတက်ခိုင်းတဲ့လိုင်းကို ရွေးချယ်မလား? ကိုယ်တိုင် စိတ်ဝင်စားတာကို ရွေးချယ်မလား?
Recommended for you - လာမည့်ပညာသင်နှစ်တွင် နယ်ကျော်ကျောင်းအပ်လက်ခံသည့် ကျောင်းအုပ်နှင့် မြို့နယ်ပညာရေးမှူးများကို အရေးယူမည်