×
Warning
JUser: :_load: Unable to load user with ID: 723
Knowledge
Monday, 30 October 2017
ရုပ်ရှင်နဲ့ လက်တွေ့ဘဝထဲက မတူညီတဲ့ သန်းကြွယ်သူဌေးများ
ရုပ်ရှင်နဲ့ လက်တွေ့ဘဝထဲက မတူညီတဲ့ သန်းကြွယ်သူဌေးများ google.com
bruce and mark
3.Mr.Gatsby
mr gastby  
4.Bill Gates
bill gates
5.Lara Croft
lara croft
6.Amanico Ortega
amanico ortega
7.Christian Grey
christian grey
8.Alice Walton
alice walton
Credit; cantwait2say
[Unicode Version]
ဇာတ်ကားတွေထဲမှာဆိုရင် နာမည်ကြီး သန်းကြွယ်သူဌေးသရုပ်ဆောင် ဒါမှမဟုတ် စိတ်ကူးယဉ် ဇာတ်ကောင်တွေက ဘယ်သူလဲ? အဲ့ရုပ်ရှင်တွေထဲက တက်မက်ဖွယ်ကောင်းတဲ့ ဘဝကို သရုပ်ဖော်တဲ့သူက ဘယ်သူတွေလဲ ? အဲ့ဒီအကြောင်းတွေနဲ့ပတ်သက်လို့ Upper East Side ကဘဝဟာ ဘယ်လိုလဲဆိုတာ Gossip Girl novel က ပြခဲ့တယ်။ ပြီးတော့ အဲ့ဒါတွေနဲ့ပတ်သက်လို့ Richie Rich ဒါမှမဟုတ် James Bond ရုပ်ရှင်ကားထဲက စျေးကြီးတဲ့ ဝတ်စုံ၊ ကားတွေနဲ့ သရုပ်ဖော်ခဲ့ပါတယ်။
ဒီရုပ်ရှင်ကားတွေထဲက သန်းကြွယ်သူဌေးရဲ့ ဘဝနဲ့ သူတို့ရဲ့ လုပ်ရပ်တွေက အကုန်စိတ်ကူးယဉ်တွေပါပဲ။ ဟောလိဝုဒ် ဇာတ်လမ်းတွေက တကယ်မဟုတ်တဲ့ဖြစ်ရပ်တွေအပေါ် လူတွေကိုဆွဲဆောင်နိုင်တဲ့နည်းလမ်း ရှိတယ်။ အဲ့ဒါက မက်မောဖွယ်ကောင်းတဲ့ဘဝပါပဲ။ ဒါပေမဲ့ အဲ့ဒါက စိတ်ကူးယဉ်သက်သက်ပါပဲ။ ဒီလို သန်းကြွယ်သူဌေးတွေရဲ့ အသွင်အပြင်တွေက အနည်းငယ်မှားနေသယောင်ထင်ရပါတယ်။
ဘာလို့လဲဆိုတော့ တကယ့်သူဌေးတွေက သူတို့ရဲ့ချမ်းသာကြွယ်ဝမှုကို ကြွားစရာမလိုဘူး။ သူတို့က ချမ်းသာနေပြီဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ အထင်ကြီးအောင်လုပ်ပြစရာမလိုဘူး။ သူတို့ရဲ့အောင်မြင်မှုက သူတို့ကို မိတ်ဆက်ပေးတယ်။ သူတို့ပိုက်ဆံရှိကြောင်းပြဖို့ စျေးကြီးတဲ့ဝတ်စုံတွေ၊ နာရီတွေ၊ လက်ဝတ် တန်ဆာတွေမလိုဘူး။ သူတို့ရှိကြောင်း အရမ်းပြချင်တဲ့သူက ကိုယ့်ကိုမလုံလို့ ရှိတယ်ဆိုတာ ပြချင်ကြတာပါ။
သန်းကြွယ်သူဌေးတွေရဲ့ ဆံပင်က အမြဲသပ်ရပ်တယ်
1.Mark Zuckerberg                                                          2.Bruce Wayne
bruce and mark
သူက သူ့ဆံပင်ကေကို မသပဲ ဘယ်တော့မှ ပွဲမတက်ဘူး။ အဲ့ဆံပင်ကေက သူ့ရဲ့ တကိုယ်တော် ဒီဇိုင်နာလုပ်ပေးထားတဲ့ တကိုယ်တော်ကေ ဖြစ်တယ်။ ဒါပေမဲ့ ဒါတွေအားလုံးက ပုံပြင်တွေပါ! Mark Zuckerberg ကေသတာကို တွေ့ဖူးလား ? သူ့ရဲ့ ရှုပ်ထွေးပြီး ကောက်နေတဲ့ ဆံပင်ပုံစံက သူ့ရဲ့ မူပိုင်ကေပဲလေ။
Recommended for you - ကျွန်တော်ဘာခေါင်းစဉ် တပ်သင့်လဲ
သန်းကြွယ်သူဌေးတွေက အမြဲတမ်းကောင်းကောင်းဝတ်စားတယ်
3.Mr.Gatsby
mr gastby
ရုပ်ရှင်ကားထဲက ဇာတ်ကောင်တွေထဲမှာ ဘယ်သူမှ Mr.Gatsby ထက်ကောင်းအောင်ဝတ်စားတယ် ဆိုတာမရှိဘူး။ သူက သူငယ်ချင်းနဲ့အပြင်သွားတာပဲဖြစ်ဖြစ်၊ ဂေါက်သွားရိုက်တာပဲဖြစ်ဖြစ်၊ အိမ်နီးနားချင်းတွေနဲဲ့ တွေ့တာပဲဖြစ်ဖြစ်ပေါ့။ ထက်မြက်ပြီးတန်ဖိုးကြီးတဲ့ပုံပေါက်တဲ့ပုံစံ က သူ့ရဲ့လက်စွဲပါပဲ။ ဒါပေမဲ့ အိပ်ရေးပျက်ပြီး နောက်နေ့ အစည်းအဝေးအတွက် ဘာပဲဖြစ်ဖြစ်ဝတ်တဲ့ Bill Gates ကိုတွေ့ဖူးကြ လား။ သူက သက်သောင့်သက်သာရှိတဲ့ အင်္ကျ ီတွေကိုပဲဝတ်ပြီး သူ့ဦးနှောက်နဲ့ပဲ ဝင်ငွေကိုရှာတယ်။
4.Bill Gates
bill gates
Recommended for you -  သတင်းဆိုးတွေကို အရင်းခံပြီး အောင်မြင်မှုရအောင် စွမ်းဆောင်ခဲ့သူ
သန်းကြွယ်သူဌေးတွေနားမှာ ယုံကြည်ရတဲ့သူနဲ့ ပြည့်နှက်နေတယ်
5.Lara Croft
lara croft
သူဌေးတွေနဲ့ပတ်သက်ပြီး မျှော်မှန်းချက်နောက်တခုက သူတို့မှာ အရမ်းခင်မင် ရင်းနှီးရတဲ့ မိသားစု ဒါမဟုတ် သူငယ်ချင်းရှိတယ်လို့ထင်ကြတယ်။ ပြီးတော့ သူတို့စကားကို အမြဲနားထောင်ပြီး လေးစားတဲ့သူရှိတယ်လို့ထင်ကြတယ်။ တကယ့်လက်တွေ့ဘဝမှာတော့ သူတို့တွေကလည်း ရန်ဖြစ်တာ အထင်အမြင်လွဲတာတွေနဲ့ မကင်းပါဘူး။
6.Amanico Ortega
amanico ortega
သန်းကြွယ်သူဌေးတွေက အမြဲတမ်းလေးနက်တဲ့ပုံပေါက်တယ်
7.Christian Grey
christian grey
ဟောလိဝုဒ်ကားတွေက သူဌေးတွေကို လက်တွေ့ဘဝနဲ့ကွာခြားတဲ့ အရမ်းလေးနက်တဲ့ပုံကို ဖော်လေ့ရှိတယ်။ သူတို့က အများအားဖြင့် စိတ်ကြမ်းတယ်ဆိုပြီး သရုပ်ဖော်လေ့ရှိတယ်။ တကယ့်လက်တွေ့မှာ သူဌေးတွေက ကြင်နာတဲ့စိတ် နဲ့ အပြုံးတွေပေးလေ့ရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့က အောင်မြင်မှုကို ငွေကြေးနဲ့တိုင်းတာ တာမဟုတ်ဘူး။ သူတို့ရဲ့အောင်မြင်မှုဟာ ပတ်ဝန်းကျင်အတွက်လုပ်ပေးနိုင်တာ၊ စိတ်ပျော်ရွှင်မှုတွေနဲ့ ပဲဆိုင်တယ်။
8.Alice Walton
alice walton
Credit; cantwait2say
Read times Last modified on Monday, 30 December 2019 15:23
Rate this articles
(2 votes)