×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 18 September 2018

ကိုယ်ဟန်အမူအယာမှ ပြောထွက်လာသောစကားလုံးများ

ကိုယ်ဟန်အမူအယာမှ ပြောထွက်လာသောစကားလုံးများ google.com

စိန်ကဲ ရွှေကဲထက် လူကဲခတ်ဖို့ ပိုခက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျနော်တို့ဟာ body language လို့ခေါ်တဲ့ ကိုယ်ဟန်အမူအရာ အကဲဖမ်းတဲ့ပညာရပ်ကို အနည်းငယ်တတ်မြောက်ထားရင် လူမှုဆက်ဆံရေးမှာ ပေါင်းသင်းလို့ ကောင်းတဲ့၊ အလိုက်ကမ်းဆိုးသိတတ်တဲ့ သူတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။ လေ့လာကြည့်ရအောင်....


၁။ သူများအိမ်ကို အလည်သွားတဲ့အခါမှာ

သူများဆီကို အလည်သွားတယ်။ ဝမ်းပန်းတစ်သာ ကြိုဆိုပါတယ်။ ဟိုအကြောင်း ဒီအကြောင်းတွေလည်း ပြောဖြစ်ပါတယ်။ အိမ်ရှင်က သင့်ကို လ္ဘက်ရည် သောက်ပါလား၊ တီဗွီကြည့်ပါအုန်းလားလို့ ပြောခဲ့ရင် သင်ထပြန်ဖို့ အချိန်တန်နေပါပြီ။
လူ့သဘောသဘာဝအရ ပြောစရာအကြောင်းအရာ မရှိတော့တဲ့အခါမျိုးမှာ သိပ်အရေးမပါတဲ့ ကိစ္စရပ်တွေကို သတိပေး ပြောဆိုတတ်ပါတယ်။


၂။ အထက်လူကြီးကို တစ်ခုခုတင်ပြနေချိန်မှာ

အထက်လူကြီးကို လုပ်ငန်းစဉ်တစ်ခုကို တစ်ဆင့်ချင်း ရှင်းပြနေပါတယ်။ သူ့မျက်စိက သင့်ကို ကြည့်မနေဘူးလို့ သင်ခံစားလိုက်ရတယ်။ သို့မဟုတ် သူ့လက်ချောင်းက မသိမသာ စားပွဲကို ခေါက်နေတယ်၊ သင် တင်ပြပြောဆိုနေတဲ့ လုပ်ငန်းစဉ်ကို သူသဘောမတွေ့တော့ဘူးဆိုတာ အချက်ပြတာပါပဲ။ သင်အတိုချုံး ရှင်းပြပြီး မြန်မြန်ပွဲသိမ်းလိုက်တာမှ ပိုကောင်းသေးတယ်။
တကယ်လို့ သင်ဝင်သွားတဲ့အခါမှာ စားပွဲအောက်က သူ့ခြေထောက်တွေ အနည်းငယ်လှုပ်ရှားနေပြီး သင်နဲ့ စကားပြောတဲ့အခါ ရုတ်တစ်ရက် ရပ်သွားရင် သူသင့်ကို စတင်စိတ်ဝင်စားနေပါပြီ။


၃။ အသစ်ခင်မင်ခါစ သူငယ်ချင်းအသစ်နဲ့ စကားပြောတဲ့အခါ

အသစ်ခင်မင်ခါစ သူငယ်ချင်းအသစ်နဲ့ စကားပြောတဲ့အခါ သူမသိမသာ လက်ပိုက်နေရင်၊ လက်ပိုက်လိုတဲ့ဟန်ရှိခဲ့ရင် သူသင့်ကို စိတ်မချသေးပါ။ သူ့ကိုယ်သူ ကာကွယ်လိုစိတ်ပြည့်နေသေးတယ်။ အဲလိုမျိုးအခြေအနေနဲ့ ကြုံတွေ့ခဲ့ရင် စကားကိုထိန်းပြောပါ။

 

Recommended for you - ၂၀၁၈-၂၀၁၉ ခု၊ ပညာသင်နှစ် မန္တလေးနည်းပညာတက္ကသိုလ် ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း


၎။ အရက်ဝိုင်းမှာ

အရက်ဝိုင်းဖြစ်ဖြစ်၊ ဘီယာဝိုင်းဖြစ်ဖြစ်၊ သင့်ကို အရက်သောက်ဖို့ ခဏခဏ ခွက်ကိုမပြီး အရက်ကိုအတင်းတိုက်နေရင်၊ Cheer၊ Cheer ဆိုပြီး အရက်စွတ်သောက်ခိုင်းနေရင်၊ သင့်ကိုတစ်ခုခု အကူအညီတောင်းဖို့ လိုနေတာ ဖြစ်နိုင်ပါတယ်။ သို့တည်းမဟုတ် သင့်ကို သူ့စိတ်တွင်းက ရန်ဆောင်နေတာ ဖြစ်နိုင်ပါတယ်။ ရှေ့ကတစ်ခုလား နောက်ကတစ်ခုလားဆိုတာ အရင်သိအောင် စုံစမ်းသင့်ပါတယ်။ ရှေ့ကတစ်ခုဆိုရင် ပြဿနာမဟုတ်ပါ။ နောက်က ရန်ဆောင်တဲ့ တစ်ခုဖြစ်နေရင် သင် အရက်မူးဟန် ဆောင်လို့ရပါပြီ။


၅။ ဖိတ်ကြားတာနဲ့ ပတ်သက်လို့

မိတ်ဆွေတစ်ဦးက သင့်ကို တစ်ခုခုဖိတ်ကြားလိုက်တယ်။ သင်က အားရဝမ်းသာစွာနဲ့ လက်ခံပြီး သူ့ကို တစ်ခုခုမေးမြန်းတဲ့အခါမှာ၊ သူအခြားအကြောင်းအရာတစ်ခုခုကို ပြောပြီး စကားလမ်းလွှဲသွားတယ်ဆိုပါစို့၊ သင်ဘာမှ ဆက်မမေးနဲ့တော့၊ သူသင့်ကို တကယ်မဖိတ်ကြားချင်ပါ။ လူမူရေးအရသာ ဖိတ်ကြားလိုက်ခြင်းဖြစ်ပါတယ်။ သင်သွား၊ မသွားလည်း အရေးမကြီးတော့ပါ။


၆။ သင်အမှားတစ်ခုခု ပြောမိလုပ်မိခဲ့သော်

သင့်အမှားတစ်ခုခုကို ပြုမူမိခဲ့ရင်၊ မထောက်ပြတဲ့လူက ထောက်ပြတဲ့လူထက် ကြောက်စရာပိုကောင်းပါတယ်။ အထူးသဖြင့် ယဉ်ပြိုင်တဲ့ လုပ်ဖေါ်ကိုင်ဘက် အနေအထားမှာဆိုရင် ပိုဆိုးပါတယ်။


၇။ ဝါကြွားခြင်းနှင့် သိမ်ငယ်ခြင်း

သင်နဲ့ ဆုံတွေ့တိုင်း၊ အမြဲကြွားလုံးထုတ်နေတဲ့လူဟာ သူ့ကိုယ်သူ ဂုဏ်ယူနေလို့ မဟုတ်ပါ။ များသောအားဖြင့် သူ့အတွင်းစိတ်မှာ သိမ်ငယ်နေတဲ့လူ ဖြစ်နိုင်ပါတယ်။ သူရဲ့ အဆက်မပြတ် ကြွားလုံးများဟာ သူ့အတွင်းစိတ်ရဲ့ သိမ်ငယ်မှုကို ဖုန်းကွယ်နေခြင်းသာဖြစ်တယ်။

 

Recommended for you - ကိုယ်မလုပ်ပေးနိုင်တဲ့အရာတွေအတွက် စိတ်သောကမရောက်ပါနဲ့

 

Recommended for you - အခြေခံပညာနှစ်ဝက်ဆုံး စာမေးပွဲများ အောက်တိုဘာလတွင် ကျင်းပည်

 

Credit; Aung Ko Latt

Read times Last modified on Wednesday, 08 January 2020 14:45
Rate this articles
(1 Vote)