×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Thursday, 04 May 2017

ထူးချွန်ထက်မြက်တဲ့သူတွေဟာ အချစ်ကို ရှာတွေ့ဖို့ ခက်ခဲနေတဲ့အကြောင်းများ

ထူးချွန်ထက်မြက်တဲ့သူတွေဟာ အချစ်ကို ရှာတွေ့ဖို့ ခက်ခဲနေတဲ့အကြောင်းများ Google.com

၁. စိတ်ကူးယဉ်ဆန်မှုကို ဦးစားမပေးဘူး။

ဘ၀မှာ ဖြစ်ချင်တဲ့အရာ၊ ဖြစ်နိုင်တဲ့ အခွင့်အလမ်းတွေ အများအပြားရှိနေတဲ့အတွက် ထူးချွန်ထက်မြက်သူတွေဟာ လက်တွေ့ကျတဲ့ အတွေးအခေါ်ကိုပဲ စိတ်ဝင်စားကြပါတယ်။ သူတို့ ရင်ထဲမှာ ငြိမ့်ငြိမ့်ညောင်းညောင်း ခံစားနေရမယ့် စိတ်ကူးယဉ် ဆန်တဲ့အရာတွေထက် လက်တွေ့အကောင်အထည်မြင်ရတဲ့ အရာတွေအတွက်ပဲ အားစိုက်ထုတ်ချင်ကြတဲ့အခါ နူးညံ့ သိမ်မွေ့တဲ့အချစ်ကို တွေ့ဖို့ခက်ခဲကြခြင်းဖြစ်ပါတယ်။

၂. အလေးအနက်ထားလွန်းတယ်။

ထူးချွန်ထက်မြက်လွန်းသူတွေ ကျတော့ ပထမဆုံးတွေ့တဲ့ Dating မှာတောင် အသိုင်းအ၀ိုင်းနဲ့ သင့်တော်ရဲ့လား ကိုယ့်အတွေးအခေါ်အယူဆတွေနဲ့ ဥာဏ်ရည်တွေကို လိုက်မီနိုင်ပါ့မလားဆိုတာတွေအထိ စဉ်းစားတဲ့အတွက် အချစ် ကိုတွေ့ဖို့ ခက်ခဲနေကြခြင်း ဖြစ်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. အလှအပထက် ဦးနှောက်ကို ပိုပြီးဦးစားပေးကြတယ်။

အလှအပလို့ဆိုတဲ့နေရာမှာ ရုပ်ရည်အလှကိုပဲ ရည်ညွှန်းတာ မဟုတ်ပါဘူး။ စိတ်ထားလှတာ၊ ရိုးသားကြိုးစားတာ၊ နားမလည်နိုင်ဘူး အကြံမပေးနိုင်ဘူးဆိုရင်တောင် အလိုက်တသိနားထောင်ပေး တာ၊ သည်းခံခွင့်လွှတ်ပေးတာစသဖြင့် အချစ်ရဲ့ အလှအပလေးတွေကို မျှမျှတတ ခံစားပေးဖို့လိုပါတယ်။

ထူးချွန်ထက်မြက် တဲ့သူတွေကျတော့ အဲ့ဒီလိုအချစ်ရဲ့ အလှအပတွေကို မမြင်နိုင်ဘဲ ဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲ၊ ဘယ်လောက်ထိ ဗဟုသုတကြွယ်ဝလဲ၊ ဘယ်လောက်ထိ တော်သလဲဆိုပြီး နှလုံးသားနဲ့ခံစားဖို့ထက် ဦးနှောက်ကိုပဲ ဦးစားပေးနေတဲ့အတွက် အချစ်နဲ့တွေ့ဖို့ခက်ခဲနေခြင်းဖြစ်ပါတယ်။

၎. ချီးကျူးဂုဏ်ပြုဖို့မေ့နေကြတယ်။

တော်တဲ့သူတွေဟာ အောင်မြင်မှုတစ်ခုရရှိပြီဆိုတာနဲ့ သူတို့ရဲ့ကိုယ်ပိုင်အားထုတ်မှု၊ သူတို့ရဲ့ဥာဏ် ထက် မြက်မှုကြောင့်သာ အောင်မြင်မှုရရှိခြင်းလို့ သတ်မှတ်လေ့ရှိကြပြီး ၀ိုင်းဝန်းပံ့ပိုးပေးသူတွေကို ချီးကျူးဂုဏ်ပြုရကောင်း မှန်းမသိကြပါဘူး။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: shwemom

Read times Last modified on Saturday, 28 December 2019 11:45
Rate this articles
(1 Vote)