သိပ္ပံနည်းကျကျ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ တိုင်းတာမှုကြောင့် ဥာဏ်ရည်ဥာဏ်သွေးဆိုတာ အမြဲတမ်းယှဉ်ပြိုင်နေရတဲ့ အမျိုးအစားတစ်ခုလို ဖြစ်နေပါတယ်။
စာမေးပွဲမှာ အမှတ်ကောင်းကောင်းရတဲ့ ကလေးတွေက အမှတ်နည်းတဲ့ ကလေးတွေထက် ဥာဏ်ရည်ပိုသာတယ်လို့ သတ်မှတ်ခံရသလို စည်းမျဉ်းစည်းကမ်းနဲ့ လိုက်လျောညီထွေနေတဲ့သူတွေက ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းရှိသူတွေထက် ပိုပြီး အမြော်အမြင်ရှိတယ်လို့ အထင်ခံရပါတယ်။
ဒီလိုမျိုး ဥာဏ်ရည်ဥာဏ်သွေးဆိုတာကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ ဥာဏ်ကောင်းတယ်လို့ ကိုယ့်ကိုယ်ကို ယူဆပါသလား။ ဥာဏ်ရည် မြင့်မားတဲ့လူလို့ သတ်မှတ်နိုင်တဲ့ အရည်အသွေး (၇) မျိုးကို ပြောပြပေးမယ်နော်။
၁။ ညည့်နက်မှအိပ်လေ့ရှိတယ်
ညည့်နက်မှ အိပ်လေ့ရှိသူတွေက စောစောအိပ်သူတွေထက် ပိုဥာဏ်ကောင်းတယ်လို့ ဆိုကြပါတယ်။ ဒီလိုဆိုတော့ ဥာဏ်ကောင်းအောင်လို့ ညဘက်နောက်ကျတဲ့ အထိနေဦးမှလို့တော့ မတွေးနဲ့နော်။ ဆိုလိုချင်တာက ညဥ့်နက်မှ အလုပ်လုပ်ရတာ အာရုံစူးစိုက်မှု ကောင်းတယ်ဆိုတဲ့သူတွေနဲ့ ဥာဏ်ရည်မြင့်ခြင်းကြားမှာ ဆက်စပ်မှုရှိနေတာပါ။
၂။ ဘာသိဘာသာနေတတ်သူ (Introvert) ဖြစ်တယ်
လူတွေနဲ့ဆက်ဆံရမှာကို ရှက်တတ်ပြီး မနှစ်ခြိုက်သူ (introvert) တွေက ဘွင်းဘွင်းပျော်ပျော်သမား (extrovert) တွေထက် ပိုပြီးဥာဏ်ကောင်းတယ်လို့ပြောကြပါတယ်။ မွေးရာပါစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု ဗဟိုဌာန (The Gifted Development Centre) က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ မွေးရာပါစွမ်းရည်ရှိတဲ့ ကလေးတွေရဲ့ ၆၀ ရာခိုင်နှုန်းက အမူအရာအားဖြင့် Introvert တွေဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ IQ မြင့်တဲ့ ကလေးတွေကလည်း introvert တွေပဲဖြစ်ကြပါတယ်။
၃။ ပျော်ပျော်နေတတ်သူဖြစ်တယ်
တခြားသူတွေကို ရယ်မောနိုင်အောင် လုပ်ပေးနိုင်တယ်ဆိုရင် သင်က တခြားသူတွေထက်ဥာဏ်ရည်မြင့်တာသေချာနေပါပြီ။ ပျော်ပျော်နေတတ်သူတွေက ဟာသဥာဏ် နဲ့ ဖန်တီးနိုင်စွမ်း ပိုသာတာကြောင့် သူတို့နဲ့စကားပြောလို့ ပျင်းသွားရတယ်ဆိုတာမျိုး မရှိပါဘူး။
Recommended for you - ပညာရေးကောလိပ်ဝင်ခွင့်လျှောက်လွှာများကို နိုင်ငံပိုင်သတင်းစာများ၌ ကြေညာမည်
၎။ မသိနားမလည်တဲ့ အရာကို အရှိအတိုင်းလက်ခံတယ်
ဥာဏ်ရည်မြင့်တဲ့သူတွေက တစ်ခုခုကို မသိတဲ့အခါ ဝန်ခံဖို့ မနှောင့်နှေးတတ်ကြပါဘူး။ အရာရာတိုင်းကို သိချင်ယောင်မဆောင်ပါဘူး။ သူတို့မှာရှိတဲ့ ဗဟုသုတကို အရှိအတိုင်း ကျေနပ်လက်ခံသလို အသစ်အသစ်သော အရာတွေကိုလည်း သင်ယူလေ့လာဖို့ အမြဲအဆင်သင့်ရှိကြပါတယ်။
၅။ အရာရာကို စူးစမ်းလေ့လာချင်တယ်
အရာရာကို လေ့လာစပ်စုတတ်တယ် ဆိုတာက အခြားသူတွေထက် ပိုဥာဏ်ကောင်းတဲ့ လက္ခဏာကိုပြနေတတ်ပါ။
၆။ စိတ်သဘောထား ပွင့်လင်းသူ ဖြစ်တယ်
စိတ်သဘောထားပွင့်လင်းသူတွေက ဘဝမှာကြုံတွေ့ရသမျှကို မတူညီတဲ့ ရှု့ထောင့် အမျိုးမျိုးကနေ မြင်တတ်ကြတယ်။ ထင်မြင်ချက်အမျိုးမျိုးကိုလည်း လက်ခံနိုင်ပြီး စိတ်ကူးအသစ်တွေကိုရှာဖွေသူတွေလည်းဖြစ်ပါတယ်။
၇။ တစ်ပါးသူအပေါ်စာနာစိတ်ရှိတယ်
ဥာဏ်ပညာမြင့်တယ်ဆိုတိုင်း ဘယ်သူ့ကိုမှ လူမထင်သလိုဆက်ဆံတဲ့ ဥာဏ်ကျယ် တွေကိုတော့ မဆိုလိုပါဘူး။ တကယ့်ကို ဥာဏ်ရည်မြင့်တဲ့သူတွေက တစ်ပါးသူအပေါ် စာနာစိတ်အပြည့်ရှိပါတယ်။ ဒါကြောင့်မို့လည်း EQ (Emotional Intelligence) ဆိုတာက လူတိုင်းရှိဖို့ မလွယ်တဲ့အရာဖြစ်လာတာပါ။
Recommended for you - ကမ္ဘာကျော်တွေရဲ့ အဆိုအမိန့်တွေကို ဆန့်ကျင်ရတော့မှာလား
Recommended for you - အခမဲ့သင်ကြားပေးမယ့် အခြေခံအတတ်ပညာကာလတို သင်တန်းများ
Credit; yoyarlay