×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 18 October 2018

ဆရာဆိုတာ

ဆရာဆိုတာ google.com

ဆရာဆိုတာ စာသင်ရုံသက်သက်၊ တပည့်တွေကို အချက်အလက်တွေပေးရုံသက်သက်လို့ ခံယူထားရင် မှားသွားလိမ့်မယ်။

အချက်အလက်တွေကို သင်ယူခြင်း (Learning) ကတစ်ဆင့် စဉ်းစားတွေးခေါ်နိုင်အောင်၊ ပြဿနာကို ဖြေရှင်းတတ်အောင်၊ အခက်အခဲတွေကို ကျော်လွှားတတ်အောင် လုပ်ပေးနိုင်မှ ဆရာ့ဝတ္တရားကျေတယ်လို့ပြောရမယ်။


ခေတ်သစ်လူ့ဘောင်မှာ ကိုယ့်သင်ကြားမှုကြောင့် တပည့်တစ်ဦးချင်းစီရဲ့ အမှားအမှန်ခွဲခြားတတ်မှု၊ တာဝန်ယူတတ်မှု စတဲ့ အရည်အချင်းတွေရှိလာအောင်လည်း ကူညီပေးဖို့ လိုသေးတယ်။ ဆရာဆိုတာ ပြောင်းလဲမှုတွေကို ကြိုတင်မှန်းဆနိုင်ရမယ်။ အဲဒီပြောင်းလဲမှုတွေနဲ့အညီ တပည့်တွေ လိုက်လျောညီထွေစွာ ကျင့်ကြံနေထိုင်တတ်အောင်လည်း သင်ပေးနိုင်ရလိမ့်မယ်။


ကိုယ်ကချည်း သင်ပေးမနေပါနဲ့။ သူတို့ဘာသာ သင်ယူမှုကို ဆက်လက်ဆောင်ရွက်နိုင်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ ဆရာတစ်ယောက်ရဲ့ အကြီးမားဆုံးသော စွမ်းဆောင်နိုင်ရည်ဆိုတာ...

၁။ စူးစမ်းလေ့လာလိုစိတ်ရှိခြင်း

၂။ ပွင့်လင်းရိုးသားမှုရှိခြင်း

၃။ စမ်းသပ်စစ်ဆေးကြည့်လိုစိတ်ရှိခြင်း

၎။ မိမိအမှားကို ဝန်ခံတတ်ခြင်း

စတဲ့အတုယူစရာ၊ စံပြု စရာအချက်တွေနဲ့ ပြည့်စုံနေရပါလိမ့်မယ်။


ဆရာကိုယ်နှိုက်က သင်ယူခြင်းကိုမြတ်နိုးတဲ့စိတ်ဓာတ် (Love for Learning) ရှိဖို့လိုပါတယ်။ ဒီစိတ်ဓာတ်ကို တပည့်တွေဆီ ကူးပြောင်းသွားအောင် စွမ်းဆောင်နိုင်မှ ဆရာကောင်းတစ်ယောက်လို့ လက်ခံကြရမှာဖြစ်ပါတယ်။ (Teaching as Art and Science)

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ပထမနှစ်တက်မည့် ကျောင်းသူ၊ ကျောင်းသားတွေ ဒေးဗစ်တော ပညာသင်ဆု လျှောက်ထားနိုင်

 

Recommended for you - ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားများအတွက် ပညာသင်ဆု ပေးအပ်မည်

 

Credit; Tin Nyut

Read times Last modified on Wednesday, 29 January 2020 13:15
Rate this articles
(1 Vote)