×

Warning

JUser: :_load: Unable to load user with ID: 723


Language

Monday, 03 July 2017

သင့်ရဲ့ အင်္ဂလိပ်ဖတ်စာတွေကို နားလည်လွယ်အောင် လုပ်ဆောင်နိုင်သည့်နည်းလမ်းများ

သင့်ရဲ့ အင်္ဂလိပ်ဖတ်စာတွေကို နားလည်လွယ်အောင် လုပ်ဆောင်နိုင်သည့်နည်းလမ်းများ Google.com

၁. ဦးတည်ချက်ကို သိအောင်ဖတ်ပါ။ လေ့လာပါ။

စာပိုဒ်တစ်ခုလုံးရဲ့ ဦးတည်ချက်က ဘာကိုဆိုလိုတယ်၊ ဘာကို သဘောပေါက်စေချင်တယ်ဆိုတာ လေ့လာပါ။

ဆရာနဲ့အတူ ရှင်းပြမှုကို နားထောင်သည်ဖြစ်စေ၊ မိမိကိုယ်တိုင် လေ့လာချိန်မှာဖြစ်စေ စာပိုဒ်ရဲ့ ဆိုလိုချက်ကို သဘောပေါက် နားလည်အောင် ကြည့်မှတ်ပါ။

၂. စာတစ်ပိုဒ်လုံးကို ဖတ်ရှုမှုထက် အဆုံးသတ်မေးခွန်းနဲ့ အဖြေတွေကို ဖတ်ပါ။

စာတစ်ပိုဒ်လုံးရဲ့ အရေးပါဆုံး အကြောင်းအရာများကို သိစေနိုင်မှာ ဖြစ်သလို ဘာတွေမေးလာနိုင်မလဲ၊ ဘယ်လိုမေးလာနိုင်မလဲ၊ ဘယ်လိုဖြေဆိုရမလဲဆိုတဲ့ အချက်တွေကိုပါ တစ်ခါတည်း သိစေနိုင်သလို တစ်ဖက်က စာဖတ်မှု အပိုင်းမှာ အားနည်းနေတဲ့ သင့်အတွက် မြန်မြန်နဲ့ချက်ချင်း သဘောပေါက်လာစေနိုင်ပြီး စာဖတ်ရငြီးငွေ့မှုကိုလည်း လျော့နည်းစေနိုင်သလို တိုတိုနဲ့ လိုရင်းသိရတာကြောင့် တဖြည်းဖြည်းချင်း စာဖတ်ချင်စိတ်ပိုလာပြီး စာဖတ်နှုန်းလည်း မြန်လာစေပါလိမ့်မယ်။

READ - အင်္ဂလိပ်စကားပြော လေ့ကျင့်နည်း (၆) နည်း

၃. သင်ကြားမှု အခန်းတစ်ခန်းရဲ့ မိတ်ဆက်နဲ့ နိဂုံးကို ဖတ်ရှုပါ။

စာပိုဒ်တစ်ခုလုံး၊ အခန်းတစ်ခုလုံးကို ဖတ်တာထက် အရေးကြီးတဲ့အပိုင်းကိုပဲ ဖတ်ပါ။ လေ့လာပါ၊ မှတ်သားပါ၊ အကြိမ်ကြိမ် ဖတ်ရှုမှုကနေ သင်ရဲ့ စာဖတ်နှုန်းလည်း မြန်လာမှာ ဖြစ်ပါတယ်။

၎. မှတ်ချက် ရေးသားမှု ပုံစံနဲ့ လေ့လာပါ။

ဖတ်စာအုပ်မှာဆိုရင်လည်း Meaning အဓိပ္ပာယ်ကို အနီးမှာ မှတ်သားချက်မျိုးဖြစ်စေ၊ စာကြောင်းတစ်ခုရဲ့ ဆိုလိုရင်းကို စာအုပ်ရဲ့အပေါ်ဆုံး ဒါမှမဟုတ် အောက်ဆုံး နေရာတွေမှာ ရေးသားမှတ်ထားခြင်းမျိုးဖြစ်စေ၊ ရေးစာအုပ်နဲ့ မှတ်သားချိန်မှာ ဘေးမျဉ်းနဲ့ စာမျက်နှာအပေါ်၊ အောက်ဘက် နေရာတွေမှာ မှတ်ချက်ရေးသားမှတ်သားခြင်းမျိုး ပုံစံလေ့လာပါ။

၅. စကားပြောတွေ၊ ခေါင်းစဉ်ကြီးငယ်တွေကို အလေးထားဖတ်မှတ်ပါ။

ခေါင်းစဉ်ငယ်များ ဒါမှမဟုတ် စကားပြောထည့်သွင်းထားခြင်းတွေဟာ အရေးပါတဲ့အတွက် ထိုစကားလုံးတွေ၊ ဆိုလိုရင်းတွေကို သတိထားအလေးပြု ဖတ်ပါ။ မကျော်ပါနဲ့၊ ဖတ်ရုံမဖတ်ပါနဲ့၊ နားလည်သည်ထိအောင် လေ့လာပါ၊ မှတ်သားပါ။

များသောအားဖြင့် ထိုအချက်တစ်ခုချင်းစီဟာ မိမိသင်ယူနေတဲ့ စာပိုဒ်ရဲ့ ဆိုလိုချက်၊ အပြောင်းအလဲ၊ ပေါ်လွင်မှုနဲ့ အဓိက အချက်တွေကို ရေးသားထားခြင်း မျိုး ဖြစ်ပါတယ်။

READ - အင်္ဂလိပ်စာ Grammar အားနည်းသူများ သိထားရမယ့် Grammar ပုံစံ ၈ မျိုး

Source: internet journal

Read times Last modified on Saturday, 28 December 2019 13:45
Rate this articles
(4 votes)