ရပ်တည်နေထိုင်ဖို့အတွက် သင်ယူစရာပညာရပ်တွေ လေ့လာစရာစာပေ တွေကလည်း အများကြီးပါ။ အသက်ရှင်သန်နေသရွေ့တော့ လေ့လာမှုတွေကိုလုပ်နေရအုံးမှာပါ။
အခုမြန်မာနိုင်ငံအခြေအနေအရဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာတဲ့အခါ ဘာသာစကားလိုအပ်ချက်ဆိုတာလည်း မြင့်မားလာပါတယ်။ တရုတ်ကဝင်လာတဲ့ ကုမ္ပဏီတွေလည်း များလာပါတယ်။ ဒါကြောင့်တရုတ်ဘာသာစကားကလည်း လေ့လာ ထားသင့်တဲ့ ဘာသာစကားတစ်ခုအဖြစ် ရှိနေပါတယ်။ လေ့လာတဲ့အခါ ပိုပြီးအကျိုးရှိစေဖို့အတွက် မိမိကိုယ်ကို ပြန်မေးသင့်တဲ့ မေးခွန်းလေးတွေပါ။
မိမိကိုယ်တိုင်တတ်ချင်တာလား ၊ မဖြစ်မနေသင်ရတာလား။
ကိုယ်ကိုယ်တိုင်တတ်ချင်တာဆိုရင်တော့ စိတ်မပူပါနဲ့ တတ်သွားမှာပါ။ လိုအပ်ချက်တစ်ခုကြောင့် မဖြစ်မနေ သင်ရတာဆိုရင်တော့ အချိန်ပိုပေးပြီး သင်ရမှာပါ။
ဘာကြောင့်တတ်မြောက်ချင်ရတာလဲ။
ဘာကြောင့်တတ်ချင်ရတာလဲဆိုတဲ့ အကြောင်းပြချက်တစ်ခုတော့ ရှိသင့်ပါတယ်။ မရှိသေးဘူးဆိုရင်လည်း မရရအောင်ရှာထားပါ။ တရုတ်ကားတွေကြည့်ရင် နားလည်ချင်လို့ပါဆိုရင်လည်း ရပါတယ်။ အဓိက က လေ့လာနေရတဲ့အကြောင်းအရင်းကို ကိုယ်ကိုယ်တိုင်သိနေဖို့ပါ။ အကြောင်းရင်းခိုင်မာရင် ခိုင်မာသလောက် အကျိုးတရားလည်း ခိုင်မာတတ်လို့ပါ။
ဘယ်အခြေအနေလောက်ထိ တတ်မြောက်ချင်တာလဲ။
သင်ဘယ်အဆင့်ထိတတ်လှမ်းချင်တာလဲ အခြေခံလား ၊ အလယ်အလတ်လား ၊ အဆင့်မြင့်လား ဘယ်အထိလဲဆိုတဲ့ ပန်းတိုင်ကိုသတ်မှတ်ထားရပါမယ်။ ပြီးရင် စကားပြောတတ်ရုံပဲလား ဒါမှမဟုတ် စာတတ်ချင်တာလား ဒါကိုလည်းထည့်စဉ်းစားရမှာပါ။ ဒါမှ သင်အချိန်ဘယ်လောက်ပေးရမလဲ ဘယ်လောက်ကြိုးစားအားထုတ်ရမလဲဆိုတာကို သိနိုင်မှာပါ။
READ -မှတ်ဉာဏ်ကောင်းအောင် ပြုလုပ်နိုင်တဲ့ အချက် (၃) ချက်
စနစ်တကျတတ်ချင်တာလား။
ကိုယ့်ကိုယ်တိုင် self-study လုပ်ပြီးလေ့လာလို့ရောမရဘူးလား… ရပါတယ်… online ကနေတဆင့် website တွေကနေလေ့လာလို့ရပါတယ်။ ဒါပေမယ့် အချိန်တွေအများကြီးပေးရမှာပါ။ စကားပြောတွေ အတွက်ဆိုရင်တော့ သင်နဲ့အမြဲအတူလေ့ကျင့်ပေးနိုင်မယ့် သင်တန်းဖော်သူငယ်ချင်းတွေက ပိုကောင်း ပါတယ်။ စနစ်တကျတတ်ချင်တာဆိုရင်တော့ သင်တန်းတွေတက်ပြီး အခြေခံကို ပိုင်ပိုင်နိုင်နိုင် စနစ်တကျလေ့လာသင့်ပါတယ်။
ဆင်ခြေတွေများနေလား။
သင့်မှာ လေ့လာဖို့အတွက် အနှောင့်အယှက်ဖြစ်နေတဲ့ဆင်ခြေတွေရော ရှိနေလား၊ အလုပ်မအားလို့ ၊ အချိန်က ညမှအားတာ၊ ဘယ်နေ့မှအားတာ ၊ ပိုက်ဆံမရှိလို့၊ အတူတက်မယ့် သူငယ်ချင်းမရှိလို့ စသဖြင့် ကြိုက်တဲ့ဆင်ခြေတွေ ပေးလို့ရပါတယ်။ သင်ဆင်ခြေတွေ ပေးနေသရွေ့ တော့ တတ်မြောက်မှာမဟုတ် ပါဘူး။ သင့်ကြိုးစားတဲ့ရလဒ် အခြေအနေနဲ့ ကိုက်ညီတဲ့ အခြေအနေတစ်ခုကတော့ တကယ်တတ်မြောက် ချင်တဲ့သူတွေအတွက် ရှိနေမှာ မလွဲပါဘူး။
တရုတ်ဘာသာ စကား ကျွမ်းကျင်အောင် သင်ကြားလိုသော ကျောင်းသား ၊ ကျောင်းသူများသည် sayar.com.mm တွင် ရှိသော တရုတ်ဘာသာ သင်ကြားသော ဆရာ ၊ ဆရာမများနှင့် ဆက်သွယ်နိုင်ပါတယ်။
READ-သင်ကြိုးစားသလောက် အရာမထင်ဘူးလား???