×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Thursday, 12 December 2019

"ဘာသာစကားအသစ္တစ္ခုကုို ဒီအခ်က္ (၇) ခ်က္နဲ႔ အလြယ္တကူသင္ယူၾကမယ္"

"ဘာသာစကားအသစ္တစ္ခုကုို ဒီအခ်က္ (၇) ခ်က္နဲ႔ အလြယ္တကူသင္ယူၾကမယ္" freepick

ဘာသာစကားအသစ္တစ္ခုကို သင္ယူဖုိ႔ဆုိတာလြယ္လား?ဘယ္ဘာသာရပ္က သင္ယူဖို႔အလြယ္ဆံုးလဲ?ဒါေတြက လူတိုင္းေမးခ်င္ၾကတဲ႔ေမးခြန္းတစ္ခုပါ။

ေလ့လာဆန္းစစ္ခ်က္ေတြအရ…အလြယ္ဆံုးဘာသာရပ္က စပိန္ဘာသာစကား ပါတဲ႔။ေျပာရတာလည္းလြယ္ကူျပီး ၀ါက်ေတြစီရတာလည္းအရမ္းလြယ္ပါတယ္။ ဒုတိယအလြယ္ဆံုးက အီတလီစကားပါ။အီတလီစကားက ေျပာရတာလည္းလြယ္ျပီး ၀ါက်စီရတာကလည္းလြယ္တယ္။တတိယကေတာ့ျပင္သစ္စကား။ျပင္သစ္စကားက နည္းနည္းေတာ့ခက္မယ္။အလယ္အလတ္ေပါ့။ေပၚတူဂီကလည္း အလယ္အလတ္ပဲ။ ဂ်ာမန္က်ေတာ့ စကားေျပာရတာအရမ္းခက္ခဲပါတယ္တဲ႔။ဟင္ဒီစကားကေတာ့ အလယ္အလတ္ခက္ခဲတယ္လို႔သိရျပီး တရုတ္ဘာသာစကားကေတာ့ သင္ယူရတာအရမ္းခက္တယ္လုိ႔ေလ့လာေတြ႔ရွိရပါတယ္။
ဒါဆိုအဂၤလိပ္စကားက မပါဘူးလားလို႔ေမးစရာရွိပါတယ္။အဂၤလိပ္စကားကေတာ့ ႏုိင္ငံတကာက လည္းသံုးႏႈန္းေျပာဆုိေနျပီး ကုိယ့္ျမန္မာႏုိင္ငံမွာလည္း ငယ္ငယ္ေလးကတည္း ကတြဲဖက္သင္ယူလာရတာ ဆိုေတာ့သိပ္မစိမ္းတဲ႔အတြက္ဘာသာရပ္အသစ္ထဲမွာေတာ့မပါ၀င္ဘူး လို႔ေျပာလို႔ရပါတယ္။အဂၤလိပ္စာနဲ႔ျမန္မာစာကေတာ့ အေျခခံဘာသာစကားလုိ ႔ေတာင္ေျပာႏုိင္ပါတယ္။ဘယ္ႏုိင္ငံပဲသြားသြားအဂၤလိပ္လိုေျပာရင္ နားလည္တဲ႔သူက ပိုျပီးမ်ားတယ္မဟုတ္လား?
ဒါဆို ဘာသာစကားအသစ္တစ္ခုကုိ ဘယ္လိုေလ့လာသင္ယူၾကမလဲ? ဘာသာစကားအသစ္ကုိေလ့လာမယ္ဆိုရင္ ဒီအခ်က္ ၇ခ်က္ကိုသိထားဖို႔လိုပါတယ္။

၁။ရိုးရိုးေလးပဲစတင္ပါ

ဂ်ာမန္ဘာသာျပန္တစ္ေယာက္ျဖစ္တဲ႔ Judith Matz အၾကံေပးခ်က္အရ ဘာသာစကားအသစ္နဲ႔သက္ဆုိင္တဲ႔စကားလံုး ၅၀ကုိယူထုတ္လိုက္ပါ။ျပီးရင္ တျခားသူေတြနဲ႔စကားေျပာတဲ႔အခါ သံုးၾကည့္ပါ။ျပီးမွ ဂရမ္မာကုိဆက္ျပီးေလ့လာပါတဲ႔။

၂။ဘာသာစကားကုိရွာပါ

အသက္ ၂၇နွစ္အရြယ္ အဂၤလိပ္စာသင္တဲ႔Elisabeth Buffard ရဲ ႔ေလ့လာခ်က္အရ ပင္ပန္းေနတဲ႔အခ်ိန္၊ေနမေကာင္းျဖစ္ေနတဲ႔အခ်ိန္၊အလုပ္မ်ားေနတဲ႔အခိ်န္ေတြမွာေတာင္ ကုိယ္အလြယ္တကူသင္ယူႏုိင္တဲ႔ဘာသာရပ္ကုိရွာျပီးအဲ႔ဒီဘာသာရပ္ကုိဆက္ျပီးေလ့လာပါတဲ႔။ဒါဆို ဘယ္ဘာသာကုိေလ့လာရင္ေကာင္းမလဲဆိုတဲ႔အခက္အခဲကုိေျဖရွင္းႏုိင္ျပီေပါ့။

၃။ဘာသာစကားကုိသူငယ္ခ်င္းလိုသေဘာထားပါ

ရုရွားဘာသာျပန္တစ္ေယာက္ျဖစ္တဲ႔ Olga Dmitrochenkova ရဲ ႔ေလ့လာခ်က္တစ္ခုအရ ဘာသာစကားအသစ္ကုိပုိျပီးျမန္ျမန္ဆန္ဆန္ကြ်မ္းက်င္ခ်င္တယ္ဆိုရင္ ေန႔တိုင္းသံုးပါတဲ႔။ သူငယ္ခ်င္းနဲ႔စကားေျပာတဲ႔အခါမွာလည္း ထည့္သြင္းေျပာဆိုတာျဖစ္ေစ၊သင့္ရဲ ႔အိမ္မွာရွိတဲ႔ ပစၥည္းမွန္သမ်ွကုိ အဲ႔ဒီဘာသာစကားအသစ္နဲ႔ဘယ္လိုေခၚလဲဆုိတာရွာျပီး ကပ္ထားပါ။ ကိုုယ္ေလ့လာေနတဲ႔ဘာသာနဲ႔သက္ဆုိင္တဲ႔ရုပ္ရွင္ေတြၾကည့္ပါ။ဘာသာစကားအသစ္ကုိ ကုိယ့္္ရဲ႔ႏုိင္ငံျခားသူငယ္ခ်င္းတစ္ေယာက္လုိသေဘာထားျပီးေလ့လာမယ္ ဆိုရင္ပုိုျပီးကြ်မ္းက်င္လာပါလိမ့္မယ္တဲ႔။

-ဘာသာ စကားေပါင္းစံုကို မိမိ အိမ္မွာပဲ ကိုယ္ပိုင္ဆရာ၊ ဆရာမေတြ ေခၚယူျပီးသင္ၾကားခ်င္ရင္ေတာ့ sayar.com.mm မွာ ဘာသာစကားေပါင္းစံုကိုသင္ၾကားေပးေသာ Study Guide ဆရာ၊ ဆရာမမ်ားရွိပါသည္။
-ဝင္ေရာက္ရွာေဖြလိုပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html တြင္ အခမဲ့ဝင္ေရာက္ရွာေဖြလို ့ရႏိုင္ပါတယ္။

၄။အြန္လိုင္းကေနေလ့လာပါ

ဒီအခ်က္ေတြကေတာ့အားလံုးသိျပီးသားျဖစ္မွာပါ။အြန္လုိင္းမွာဆုိရင္ အားလံုးရွိသေလာက္ပါပဲ။ ကုိယ္လုိခ်င္တဲ႔စာေတြ၊အသံဖိုင္ေတြကုိ ဖုန္းထဲမွာထည့္မွတ္ထားမယ္ဆိုရင္ အခ်ိန္မေရြးေလ့လာႏုိင္ပါတယ္။

၅။သူငယ္ခ်င္းအသစ္ရွာပါ

ဘာသာစကားအသစ္တစ္ခုကုိေလ့လာေနတဲ႔အခါမွာ အဲ႔ဒီဘာသာစကား ကြ်မ္းက်င္တဲ႔သူငယ္ခ်င္းေတြ အုပ္စုဖဲြ႔ျပီးျဖစ္ေစအေတြ႔အၾကံဳေတြဖလွယ္ပါ။ တစ္ေယာက္တည္းေလ့လာတာထက္ သူငယ္ခ်င္းေတြအေတြ႔အၾကံဳဖလွယ္ၾကတာ ပိုျပီးဗဟုသုတရႏုိင္ပါတယ္။

၇။အမွားလုပ္မိမွာမစုိးရိမ္ပါနဲ႔

ဘာသာစကားအသစ္ကိုသင္ေနျပီဆိုရင္ မေျပာရဲသလို ၊အမွားအယြင္းျဖစ္မွာကုိ စုိးရိမ္ေနတတ္ၾကပါတယ္။ ဒါကအားလံုးလိုလိုပါပဲ။ဒါေပမဲ႔ စုိးရိမ္စိတ္ကိုေဖ်ာက္ပါ။အမွားလုပ္မိမွ ဘာမွားတာလဲဆုိတာသိျပီး ျပန္ျပင္ဆင္ေလ့လာလုိ႔ရမွာပါ။ဂ်ာမန္ဘာသာျပန္တစ္ေယာက္ျဖစ္တဲ႔ Judith Matz က သူတစ္ခါက အီတလီကေလးငယ္ေလးနဲ႔စကားေျပာၾကည့္ျပီးတဲ႔ေနာက္မွာ သူတို႔ႏွစ္ေယာက္ဟာ အီတလီဘာသာစကားနဲ႔ပတ္သက္ျပီး အဆင့္တူတူျဖစ္ေနတာကုိ နားလည္ခဲ႔ပါတယ္လို႔ေျပာျပခဲ႔ပါတယ္။အဓိကက ေျပာရဲဆိုရဲျဖစ္ေနမွအလြယ္တကူ နားလည္ သင္ယူႏုိင္မွာျဖစ္ပါတယ္။ အမွားအယြင္းျဖစ္မွာစုိးရိမ္ေနရင္ ၅ႏွစ္ေအာက္ႏုိင္ငံျခားက ကေလးငယ္ေလးေတြနဲ႔စကားစျမည္ေျပာၾကည့္ပါ။ျပီးေတာ့မွ ရြယ္တူေတြနဲ႔စကားေျပာဖုိ႔ ၾကိဳးစားၾကည့္ပါ။

Sources : Trend Myanmar

UNICODE

"ဘာသာစကားအသစ်တစ်ခုကို ဒီအချက် (၇) ချက်နဲ့ အလွယ်တကူသင်ယူကြမယ်"
ဘာသာစကားအသစ်တစ်ခုကို သင်ယူဖို့ဆိုတာလွယ်လား?ဘယ်ဘာသာရပ်က သင်ယူဖို့အလွယ်ဆုံးလဲ?ဒါတွေက လူတိုင်းမေးချင်ကြတဲ့မေးခွန်းတစ်ခုပါ။ လေ့လာဆန်းစစ်ချက်တွေအရ…အလွယ်ဆုံးဘာသာရပ်က စပိန်ဘာသာစကား ပါတဲ့။ပြောရတာလည်းလွယ်ကူပြီး ဝါကျတွေစီရတာလည်းအရမ်းလွယ်ပါတယ်။ ဒုတိယအလွယ်ဆုံးက အီတလီစကားပါ။အီတလီစကားက ပြောရတာလည်းလွယ်ပြီး ဝါကျစီရတာကလည်းလွယ်တယ်။တတိယကတော့ပြင်သစ်စကား။ပြင်သစ်စကားက နည်းနည်းတော့ခက်မယ်။အလယ်အလတ်ပေါ့။ပေါ်တူဂီကလည်း အလယ်အလတ်ပဲ။ ဂျာမန်ကျတော့ စကားပြောရတာအရမ်းခက်ခဲပါတယ်တဲ့။ဟင်ဒီစကားကတော့ အလယ်အလတ်ခက်ခဲတယ်လို့သိရပြီး တရုတ်ဘာသာစကားကတော့ သင်ယူရတာအရမ်းခက်တယ်လို့လေ့လာတွေ့ရှိရပါတယ်။
ဒါဆိုအင်္ဂလိပ်စကားက မပါဘူးလားလို့မေးစရာရှိပါတယ်။အင်္ဂလိပ်စကားကတော့ နိုင်ငံတကာက လည်းသုံးနှုန်းပြောဆိုနေပြီး ကိုယ့်မြန်မာနိုင်ငံမှာလည်း ငယ်ငယ်လေးကတည်း ကတွဲဖက်သင်ယူလာရတာ ဆိုတော့သိပ်မစိမ်းတဲ့အတွက်ဘာသာရပ်အသစ်ထဲမှာတော့မပါဝင်ဘူး လို့ပြောလို့ရပါတယ်။အင်္ဂလိပ်စာနဲ့မြန်မာစာကတော့ အခြေခံဘာသာစကားလို့တောင်ပြောနိုင်ပါတယ်။ဘယ်နိုင်ငံပဲသွားသွားအင်္ဂလိပ်လိုပြောရင် နားလည်တဲ့သူက ပိုပြီးများတယ်မဟုတ်လား?
ဒါဆို ဘာသာစကားအသစ်တစ်ခုကို ဘယ်လိုလေ့လာသင်ယူကြမလဲ? ဘာသာစကားအသစ်ကိုလေ့လာမယ်ဆိုရင် ဒီအချက် ၇ချက်ကိုသိထားဖို့လိုပါတယ်။

၁။ရိုးရိုးလေးပဲစတင်ပါ

ဂျာမန်ဘာသာပြန်တစ်ယောက်ဖြစ်တဲ့ Judith Matz အကြံပေးချက်အရ ဘာသာစကားအသစ်နဲ့သက်ဆိုင်တဲ့စကားလုံး ၅၀ကိုယူထုတ်လိုက်ပါ။ပြီးရင် တခြားသူတွေနဲ့စကားပြောတဲ့အခါ သုံးကြည့်ပါ။ပြီးမှ ဂရမ်မာကိုဆက်ပြီးလေ့လာပါတဲ့။

၂။ဘာသာစကားကိုရှာပါ

အသက် ၂၇နှစ်အရွယ် အင်္ဂလိပ်စာသင်တဲ့Elisabeth Buffard ရဲ့လေ့လာချက်အရ ပင်ပန်းနေတဲ့အချိန်၊နေမကောင်းဖြစ်နေတဲ့အချိန်၊အလုပ်များနေတဲ့အချိန်တွေမှာတောင် ကိုယ်အလွယ်တကူသင်ယူနိုင်တဲ့ဘာသာရပ်ကိုရှာပြီးအဲ့ဒီဘာသာရပ်ကိုဆက်ပြီးလေ့လာပါတဲ့။ဒါဆို ဘယ်ဘာသာကိုလေ့လာရင်ကောင်းမလဲဆိုတဲ့အခက်အခဲကိုဖြေရှင်းနိုင်ပြီပေါ့။

၃။ဘာသာစကားကိုသူငယ်ချင်းလိုသဘောထားပါ

ရုရှားဘာသာပြန်တစ်ယောက်ဖြစ်တဲ့ Olga Dmitrochenkova ရဲ့လေ့လာချက်တစ်ခုအရ ဘာသာစကားအသစ်ကိုပိုပြီးမြန်မြန်ဆန်ဆန်ကျွမ်းကျင်ချင်တယ်ဆိုရင် နေ့တိုင်းသုံးပါတဲ့။ သူငယ်ချင်းနဲ့စကားပြောတဲ့အခါမှာလည်း ထည့်သွင်းပြောဆိုတာဖြစ်စေ၊သင့်ရဲ့အိမ်မှာရှိတဲ့ ပစ္စည်းမှန်သမျှကို အဲ့ဒီဘာသာစကားအသစ်နဲ့ဘယ်လိုခေါ်လဲဆိုတာရှာပြီး ကပ်ထားပါ။ ကိုယ်လေ့လာနေတဲ့ဘာသာနဲ့သက်ဆိုင်တဲ့ရုပ်ရှင်တွေကြည့်ပါ။ဘာသာစကားအသစ်ကို ကိုယ့်ရဲ့နိုင်ငံခြားသူငယ်ချင်းတစ်ယောက်လိုသဘောထားပြီးလေ့လာမယ် ဆိုရင်ပိုပြီးကျွမ်းကျင်လာပါလိမ့်မယ်တဲ့။

- ဘာသာ စကားပေါင်းစုံကို မိမိ အိမ်မှာပဲ ကိုယ်ပိုင်ဆရာ၊ ဆရာမတွေ ခေါ်ယူပြီးသင်ကြားချင်ရင်တော့ sayar.com.mm မှာ ဘာသာစကားပေါင်းစုံကိုသင်ကြားပေးသော Study Guide ဆရာ၊ ဆရာမများရှိပါသည်။
- ဝင်ရောက်ရှာဖွေလိုပါက ဤလင့်ခ် https://www.sayar.com.mm/subjects.html တွင် အခမဲ့ဝင်ရောက်ရှာဖွေလို့ရနိုင်ပါတယ်။

၄။အွန်လိုင်းကနေလေ့လာပါ

ဒီအချက်တွေကတော့အားလုံးသိပြီးသားဖြစ်မှာပါ။အွန်လိုင်းမှာဆိုရင် အားလုံးရှိသလောက်ပါပဲ။ ကိုယ်လိုချင်တဲ့စာတွေ၊အသံဖိုင်တွေကို ဖုန်းထဲမှာထည့်မှတ်ထားမယ်ဆိုရင် အချိန်မရွေးလေ့လာနိုင်ပါတယ်။

၅။သူငယ်ချင်းအသစ်ရှာပါ

ဘာသာစကားအသစ်တစ်ခုကိုလေ့လာနေတဲ့အခါမှာ အဲ့ဒီဘာသာစကား ကျွမ်းကျင်တဲ့သူငယ်ချင်းတွေ အုပ်စုဖွဲ့ပြီးဖြစ်စေအတွေ့အကြုံတွေဖလှယ်ပါ။ တစ်ယောက်တည်းလေ့လာတာထက် သူငယ်ချင်းတွေအတွေ့အကြုံဖလှယ်ကြတာ ပိုပြီးဗဟုသုတရနိုင်ပါတယ်။

၇။အမှားလုပ်မိမှာမစိုးရိမ်ပါနဲ့

ဘာသာစကားအသစ်ကိုသင်နေပြီဆိုရင် မပြောရဲသလို ၊အမှားအယွင်းဖြစ်မှာကို စိုးရိမ်နေတတ်ကြပါတယ်။ ဒါကအားလုံးလိုလိုပါပဲ။ဒါပေမဲ့ စိုးရိမ်စိတ်ကိုဖျောက်ပါ။အမှားလုပ်မိမှ ဘာမှားတာလဲဆိုတာသိပြီး ပြန်ပြင်ဆင်လေ့လာလို့ရမှာပါ။ဂျာမန်ဘာသာပြန်တစ်ယောက်ဖြစ်တဲ့ Judith Matz က သူတစ်ခါက အီတလီကလေးငယ်လေးနဲ့စကားပြောကြည့်ပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်ဟာ အီတလီဘာသာစကားနဲ့ပတ်သက်ပြီး အဆင့်တူတူဖြစ်နေတာကို နားလည်ခဲ့ပါတယ်လို့ပြောပြခဲ့ပါတယ်။အဓိကက ပြောရဲဆိုရဲဖြစ်နေမှအလွယ်တကူ နားလည် သင်ယူနိုင်မှာဖြစ်ပါတယ်။ အမှားအယွင်းဖြစ်မှာစိုးရိမ်နေရင် ၅နှစ်အောက်နိုင်ငံခြားက ကလေးငယ်လေးတွေနဲ့စကားစမြည်ပြောကြည့်ပါ။ပြီးတော့မှ ရွယ်တူတွေနဲ့စကားပြောဖို့ ကြိုးစားကြည့်ပါ။

sayar.com.mm

Sources : Trend Myanmar

Read times Last modified on Friday, 27 December 2019 15:28
Rate this articles
(0 votes)