အင်္ဂလိပ်စာလေ့လာရာတွင် စကားလုံး အသုံးအနှုန်းကြွယ်ဝလာစေရန် လုပ်ဆောင်ရမည့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။
၁. သူငယ်ချင်းတွေနဲ့အတူ စကားလုံးဝှက်တဲ့ ဂိမ်းတွေဆော့ကစားပေးပါ။
Boggle, Scrabble, catch-phrase တို့လို ကစားနည်းတွေကို သူငယ်ချင်းတွေနဲ့ ဆော့ကစားသင့်ပါတယ်။ အဲ့လို ဂိမ်းတွေ ကစားပေးခြင်းဖြင့် သင့်အတွက် စကားလုံးအသစ်တွေ ရလာနိုင်ပါတယ်။ သင့် သူငယ်ချင်းဆီက သင်မသိတဲ့ စကားလုံး အသစ်တွေကို ကြားရတဲ့အခါ အဲ့ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို မေးမြန်းမှတ်သား ထားသင့်ပါတယ်။
၂. အင်္ဂလိပ်စကားပြောတဲ့ သူငယ်ချင်းတွေကို ရှာပါ။
သင်ရဲ့ စကားပြောဖော်က သင် အင်္ဂလိပ်စာ လေ့လာနေတာကို ၀ိုင်းပြီး လေ့ကျင့်ပေးမယ် စကားလုံးအသစ်တွေနဲ့ စကားပြောပေးမယ်၊ အကြံဥာဏ်တွေ ပေးမယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်လာနိုင်ပါတယ်။ သူငယ်ချင်းနဲ့ စကားပြောတဲ့အခါမှာ အလုပ်တစ်ခုလို သဘောမထားဘဲ ပျော်စရာတစ်ခုလို သဘောထားဖို့တော့ လိုအပ်ပါတယ်။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။
၃. စကားလုံးတွေကို ချစ်ပါ။
သင်တကယ်ပဲ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်၊ ရေးတတ်ချင်ရင် စကားလုံးအသစ်တွေကို သင်ယူချင်စိတ် မွေးရပါ့မယ်။
၎. သင်မသိတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကို အဘိဓာန်တွေထဲ ပြန်လှန်ရှာကြည့်ပါ။
စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကို မှတ်မိနိုင်ဖို့ အကြိမ်များစွာ ကြိုးစားဖို့ လိုအပ်ပါတယ်။
၅. Thesaurus ကို သုံးပါ။
သင်သိထားတဲ့ ဝေါဟာရတစ်လုံးရဲ့ သံတူကြောင်းကွဲစကားလုံးတွေ၊ ဆန့်ကျင်ဖက်စကားလုံးတွေကို သိနိုင်ဖို့ အကောင်းဆုံးကတော့ Thesaurus သုံးသင့်ပါတယ်။
၆. စာဖတ်ပါ။
စာပေအစုံကိုဖတ်ပါ။ သင်မသိတဲ့ စကားလုံးတွေရှိလာရင်လဲ ကြိုးစားဖတ်ပါ။ အဓိပ္ပာယ်တွေကိုလည်း ကြိုးစားခန့်မှန်းထားပါ။ သင် ခန့်မှန်းထားတဲ့ အဓိပ္ပာယ် မှန်၊ မမှန်ကို အဘိဓာန်နဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ပါ။
၇. လူတွေနဲ့ စကားပြောတဲ့အခါမှာ ဖြစ်စေ၊ email တွေ စာတွေ ရေးတဲ့အခါမှာဖြစ်စေ သင် လေ့လာထားတဲ့ စကားလုံးတွေကို ပြန်သုံးပါ။
သင် လေ့လာထားတဲ့ စကားလုံးအသစ်တွေက ဂိမ်းကစားတဲ့နေရာမှာတင် သုံးဖို့မဟုတ်ပါဘူး။ အခြားလူတွေနဲ့ ဆက်သွယ်ပြောဆိုရာမှာလည်း အသုံးပြုသင့်ပါတယ်။ တစ်နေ့ကို အနည်းဆုံး စကားလုံးအသစ် သုံးလုံးလောက်ကို အခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုရာမှာ အသုံးပြုသင့်ပါတယ်။
၈. အခြားရောမ ဘာသာဖြစ်တဲ့ ပြင်သစ်၊ စပိန် နှင့် အီတလီ စကားတွေကိုလည်း လေ့လာပါ။
ပြင်သစ်၊ စပိန်နှင့် အီတလီဘာသာစကားတွေထဲက တစ်ခုခုကို လေ့လာခြင်းကလည်း သင့်ရဲ့အင်္ဂလိပ်စာ ဝေါဟာရတွေကို တိုးတက်လာစေနိုင်ပါတယ်။
ဒီတော့ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ စိတ်ဝင်စားသော မည်သည့်ဘာသာရပ်များကိုမဆို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။
Source: myanmar-network.net