×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Saturday, 13 July 2019

"ဘယ္ေနရာေရာက္ေရာက္ လူခ်စ္လူခင္ေပါေစမယ့္ စကားေျပာနည္း (၆)နည္း"

"ဘယ္ေနရာေရာက္ေရာက္ လူခ်စ္လူခင္ေပါေစမယ့္ စကားေျပာနည္း (၆)နည္း" pexels

ဘယ္ေနရာပဲေရာက္ေရာက္ လူသစ္ေတြနဲ႕ စတင္ဆက္ဆံရတဲ့အခါမွာ ဘယ္လုိစကားစေျပာရမလဲ ၊ ဘာအေျကာင္းအရာကိုေျပာရမလဲ စသည္ျဖင့္ေတြေ၀ျပီး ဘယ္သူနဲ႕မွမရင္းနွီး မိတ္ေဆြမဖြဲ႕မိပဲေနတတ္ျကပါတယ္ ။ ဒီလုိဆိုရင္ေတာ့ တစ္ဖက္လူေတြက သင္ဟာ တစ္ကုိယ္ေကာင္းဆန္တဲ့သူ ၊ တစ္ေယာက္တည္း သီးသန္႕ေနခ်င္တဲ့သူအျဖစ္ျမင္သြားနိုင္ပါတယ္ေနာ္။

ေက်ာင္းေျပာင္းတာပဲျဖစ္ျဖစ္ ၊ အလုပ္ေျပာင္းသြားတာပဲျဖစ္ျဖစ္ မိတ္ေဆြအသစ္ ၊ သူငယ္ခ်င္းအသစ္ေတြနဲ႕ထိေတြ႕ဆက္ဆံဖို႕ခက္ေနတဲ့သူေတြအတြက္ မိတ္ေဆြေကာင္းေတြရေစဖို႕ စကားေျပာနည္းေလးေတြကိုေ၀မွ်ေပးလုိက္ပါတယ္…

 

(၁)ဘယ္လိုစကားစရမလဲသိပါေစ

လူတစ္ေယာက္နဲ႕ စကားစမေျပာခင္မွာ သူ႕ရဲ႕အေနအထား ပတ္၀န္းက်င္ကို အရင္အကဲခတ္ပါ ။ စကားေျပာမယ့္သူနဲ႕ သက္ဆိုင္တဲ့ အေျကာင္းအရာကိုစေျပာတာက အေကာင္းဆံုးပါပဲ။ ဥပမာ-စာအုပ္ကိုင္ထားတဲ့သူ ၊ ေကာ္ဖီေသာက္ေနတဲ့သူတို႕ဆိုရင္ ဒီေကာ္ဖီေလးေကာင္းလား ၊ ဒီစာအုပ္ေလး ဘယ္မွာ၀ယ္လဲ စသျဖင့္ စကားစေျပာလုိ႕ရပါတယ္။

 

(၂)စကားေျပာတဲ့အခါ သက္ေသာင့္သက္သာျဖစ္ေနပါေစ

ေမြးရပ္ေျမ၊ လက္ရွိေနေနတဲ့ေနရာေတြကို အစခ်ီျပီး စကားေျပာေပးတာက တစ္ဖက္လူကို ပိုျပီးသက္ေသာင့္သက္သာျဖစ္ေစျပီး စကားေျပာရလည္း အဆင္ေျပေစနုိင္ပါတယ္ ။ သင္နဲ႕ေမြးရပ္ေျမတူတာ (သို႕) ေနရပ္တူေနရင္ေတာ့ အဲ့ေနရာမွာရွိတဲ့ အစားအေသာက္အေျကာင္း၊ ပတ္၀န္းက်င္အေျကာင္းေတြေဆြးေႏြးျကျပီး မိတ္ေဆြအရင္းေတြေတာင္ျဖစ္ေစနိုင္ပါတယ္ေနာ္။

 

(၃)ကိုယ္ေရးကိုယ္တာအေျကာင္းေတြမေမးမိပါေစနဲ႕

သင္တို႕က အခုမွစေတြ႕တဲ့သူေတြဆိုရင္ေတာ့ သူ႕ရဲ႕ ကိုယ္ေရးကိုယ္တာအေျကာင္းေတြကိုေမးျမန္းတာက ရိုင္းတဲ့ အျပဳအမူျဖစ္ပါတယ္ ။ ဒါ့ေျကာင့္ ကိုယ္ေရးကိုယ္တာအေျကာင္းေတြ ၊ မိသားစုအတြင္းေရးအေျကာင္းေတြေျပာတာထက္စာရင္ ရာသီဥတုအေျကာင္း ၊ ၀ါသနာနဲ႕ ဘယ္လိုအစားအစာေတြျကိုက္နွစ္သက္လဲ စတာေတြေမးျမန္းနိုင္ပါတယ္။

Recommended For You >>> "ဘီလ္ဂိတ္ကို မုန္းခဲ့ေသာ ဂ်က္မား "

(၄)အာရံုစိုက္နားေထာင္ေပးပါ

သင္ဟာ စကားမ်ားတဲ့လူတစ္ေယာက္ျဖစ္ေနရင္ေတာင္ မခင္မင္ေသးတဲ့သူတစ္ေယာက္နဲ႕ မိတ္ေဆြဖြဲ႕တဲ့အခါ မ်ားမ်ားနားေထာင္ေပးဖို႕လိုပါတယ္ ။ ဒါကလည္း သင့္ရဲ႕ ရင္းနွီးေႏြးေထြးမွဳကိုျပတာျဖစ္ျပီး ေနာက္ပိုင္းလည္း သင္နဲ႕အတူစကားေျပာ မိတ္ေဆြဖြဲ႕ဖို႕ကို လိုလားၾကမွာပါ။

 

(၅)ဟာသေလးေတြေႏွာေပးပါ

ဟာသေျပာရ ၊ နားေထာင္ရတာေတြကို လူတိုင္းျကိုက္ျကပါတယ္ ။ ဟာသေလးေတြေျပာျခင္းက မိတ္ေဆြဖြဲ႕ရာမွာ အထိေရာက္ဆံုးပါပဲ ။တကယ္လုိ႕ သင္က ဟာသေျပာတတ္သူတစ္ေယာက္ဆိုရင္ေတာ့ စကားေျပာရင္းနဲ႕ သက္ဆိုင္တဲ့အေျကာင္းအရာေလးေတြကို ဟာသေလးေနွာျပီးေျပာလုိ႕ရပါတယ္ ။

ခုမွမိတ္ေဆြဖြဲ႕မယ့္လူတစ္ေယာက္ကို အဓိပၸာယ္ နွစ္ခြထြက္တဲ့ ဟာသမ်ိဳး ၊ တစ္ဖက္လူရဲ႕ အားနည္းခ်က္ကို ေလွာင္ေျပာင္သေရာ္တဲ့ ဟာသမ်ိဳး မေျပာမိဖုိ႕ေတာ့ အေရးျကီးပါတယ္ေနာ္ ။ ဒီလုိဟာသမ်ိဳးေတြေျပာမိျပီဆိုရင္ေတာ့ သင္နဲ႕ မိတ္ေဆြဖြဲ႕ဖို႕ မျဖစ္နုိင္သလို ၊ သင့္ကိုလည္း အထင္အျမင္ေသးသြားေစနိုင္ပါတယ္ ။

 

(၆)အကူအညီေတာင္းပါ

အကူအညီေတာင္းေပးတာကလည္း ရင္းနွီးမွဳကိုျပတဲ့သေဘာပါပဲ ။ သင္နဲ႕သူ႕ၾကားမွာ အေသးအမႊားအကူအညီေလးေတြ ေတာင္းေပးဖို႕ ၀န္မေလးပါနဲ႕ ။ ေဘာပင္ေလးခဏငွားတာေလာက္ ၊ စာအုပ္နာမည္ေလး ေျပာျပတာေလာက္က တစ္ဖက္လူကို ၀န္ထုပ္၀န္ပိုးမျဖစ္ေစပဲ သင္တို႕ၾကားမွာ ရင္းနွီးမွဳပိုတိုးလာေစနုိင္ပါတယ္ ။

Recommended For You >>>> "ေက်ာင္းၿပီးတာနဲ ့လစာေကာင္းတဲ့အလုပ္ရဖို ့ဒါေတြသိဖို ့လိုပါတယ္"

 

Auntymay

sayar.com.mm

 

UNICODE

ဘယ်နေရာပဲရောက်ရောက် လူသစ်တွေနဲ့ စတင်ဆက်ဆံရတဲ့အခါမှာ ဘယ်လိုစကားစပြောရမလဲ ၊ ဘာအကြောင်းအရာကိုပြောရမလဲ စသည်ဖြင့်တွေဝေပြီး ဘယ်သူနဲ့မှမရင်းနှီး မိတ်ဆွေမဖွဲ့မိပဲနေတတ်ကြပါတယ် ။ ဒီလိုဆိုရင်တော့ တစ်ဖက်လူတွေက သင်ဟာ တစ်ကိုယ်ကောင်းဆန်တဲ့သူ ၊ တစ်ယောက်တည်း သီးသန့်နေချင်တဲ့သူအဖြစ်မြင်သွားနိုင်ပါတယ်နော်။

ကျောင်းပြောင်းတာပဲဖြစ်ဖြစ် ၊ အလုပ်ပြောင်းသွားတာပဲဖြစ်ဖြစ် မိတ်ဆွေအသစ် ၊ သူငယ်ချင်းအသစ်တွေနဲ့ထိတွေ့ဆက်ဆံဖို့ခက်နေတဲ့သူတွေအတွက် မိတ်ဆွေကောင်းတွေရစေဖို့ စကားပြောနည်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်…

(၁)ဘယ်လိုစကားစရမလဲသိပါစေ

လူတစ်ယောက်နဲ့ စကားစမပြောခင်မှာ သူ့ရဲ့အနေအထား ပတ်ဝန်းကျင်ကို အရင်အကဲခတ်ပါ ။ စကားပြောမယ့်သူနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကိုစပြောတာက အကောင်းဆုံးပါပဲ။ ဥပမာ-စာအုပ်ကိုင်ထားတဲ့သူ ၊ ကော်ဖီသောက်နေတဲ့သူတို့ဆိုရင် ဒီကော်ဖီလေးကောင်းလား ၊ ဒီစာအုပ်လေး ဘယ်မှာဝယ်လဲ စသဖြင့် စကားစပြောလို့ရပါတယ်။

 

(၂)စကားပြောတဲ့အခါ သက်သောင့်သက်သာဖြစ်နေပါစေ

မွေးရပ်မြေ၊ လက်ရှိနေနေတဲ့နေရာတွေကို အစချီပြီး စကားပြောပေးတာက တစ်ဖက်လူကို ပိုပြီးသက်သောင့်သက်သာဖြစ်စေပြီး စကားပြောရလည်း အဆင်ပြေစေနိုင်ပါတယ် ။ သင်နဲ့မွေးရပ်မြေတူတာ (သို့) နေရပ်တူနေရင်တော့ အဲ့နေရာမှာရှိတဲ့ အစားအသောက်အကြောင်း၊ ပတ်ဝန်းကျင်အကြောင်းတွေဆွေးနွေးကြပြီး မိတ်ဆွေအရင်းတွေတောင်ဖြစ်စေနိုင်ပါတယ်နော်။

 

(၃)ကိုယ်ရေးကိုယ်တာအကြောင်းတွေမမေးမိပါစေနဲ့

သင်တို့က အခုမှစတွေ့တဲ့သူတွေဆိုရင်တော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းတွေကိုမေးမြန်းတာက ရိုင်းတဲ့ အပြုအမူဖြစ်ပါတယ် ။ ဒါ့ကြောင့် ကိုယ်ရေးကိုယ်တာအကြောင်းတွေ ၊ မိသားစုအတွင်းရေးအကြောင်းတွေပြောတာထက်စာရင် ရာသီဥတုအကြောင်း ၊ ဝါသနာနဲ့ ဘယ်လိုအစားအစာတွေကြိုက်နှစ်သက်လဲ စတာတွေမေးမြန်းနိုင်ပါတယ်။

Recommended For You >>> "ဘီလ်ဂိတ်ကို မုန်းခဲ့သော ဂျက်မား "

 

(၄)အာရုံစိုက်နားထောင်ပေးပါ

သင်ဟာ စကားများတဲ့လူတစ်ယောက်ဖြစ်နေရင်တောင် မခင်မင်သေးတဲ့သူတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့တဲ့အခါ များများနားထောင်ပေးဖို့လိုပါတယ် ။ ဒါကလည်း သင့်ရဲ့ ရင်းနှီးနွေးထွေးမှုကိုပြတာဖြစ်ပြီး နောက်ပိုင်းလည်း သင်နဲ့အတူစကားပြော မိတ်ဆွေဖွဲ့ဖို့ကို လိုလားကြမှာပါ။

 

(၅)ဟာသလေးတွေနှောပေးပါ

ဟာသပြောရ ၊ နားထောင်ရတာတွေကို လူတိုင်းကြိုက်ကြပါတယ် ။ ဟာသလေးတွေပြောခြင်းက မိတ်ဆွေဖွဲ့ရာမှာ အထိရောက်ဆုံးပါပဲ ။တကယ်လို့ သင်က ဟာသပြောတတ်သူတစ်ယောက်ဆိုရင်တော့ စကားပြောရင်းနဲ့ သက်ဆိုင်တဲ့အကြောင်းအရာလေးတွေကို ဟာသလေးနှောပြီးပြောလို့ရပါတယ် ။

ခုမှမိတ်ဆွေဖွဲ့မယ့်လူတစ်ယောက်ကို အဓိပ္ပာယ် နှစ်ခွထွက်တဲ့ ဟာသမျိုး ၊ တစ်ဖက်လူရဲ့ အားနည်းချက်ကို လှောင်ပြောင်သရော်တဲ့ ဟာသမျိုး မပြောမိဖို့တော့ အရေးကြီးပါတယ်နော် ။ ဒီလိုဟာသမျိုးတွေပြောမိပြီဆိုရင်တော့ သင်နဲ့ မိတ်ဆွေဖွဲ့ဖို့ မဖြစ်နိုင်သလို ၊ သင့်ကိုလည်း အထင်အမြင်သေးသွားစေနိုင်ပါတယ် ။

 

(၆)အကူအညီတောင်းပါ

အကူအညီတောင်းပေးတာကလည်း ရင်းနှီးမှုကိုပြတဲ့သဘောပါပဲ ။ သင်နဲ့သူ့ကြားမှာ အသေးအမွှားအကူအညီလေးတွေ တောင်းပေးဖို့ ဝန်မလေးပါနဲ့ ။ ဘောပင်လေးခဏငှားတာလောက် ၊ စာအုပ်နာမည်လေး ပြောပြတာလောက်က တစ်ဖက်လူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေပဲ သင်တို့ကြားမှာ ရင်းနှီးမှုပိုတိုးလာစေနိုင်ပါတယ် ။

Recommended For You >>> "ကျောင်းပြီးတာနဲ့လစာကောင်းတဲ့အလုပ်ရဖို့ဒါတွေသိဖို့လိုပါတယ်"

 

 Auntymay

sayar.com.mm

Read times Last modified on Tuesday, 07 January 2020 12:03
Rate this articles
(2 votes)