အတန်းပညာတိုင်းမှာ စိန်ခေါ်မှုတွေအများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ဆရာများကြောင့် ပညာသင်ကလေး တွေက ညဘက်ထိ စာလုပ်နေရတာတွေလည်း ရှိတဲ့အတွက် ကလေးများရဲ့ အချို့သော စာရိတ္တတွေနဲ့  ကျွမ်းကျင်တဲ့  အရာတွေလုပ်ကိုင်ဖို့အတွက်ကျတော့ စီမံခန့်ခွဲမှု မရှိသလောက် ရှားသွားပါတယ်။
အရည်အချင်းရှိတဲ့  ကလေးတွေကို ပျိုးထောင်ပေးဖို့အတွက် သူတို့ကိုပြုစုပေးပြီး တရားဝင် အခွင့်အာဏာ ဖြင့်သာ မစပေးရမှာဖြစ်ပါတယ်။ တချိုကလေးတွေက ကောင်းကောင်းမကြီးပြင်း ရတာတွေရှိတယ်။ မကောင်းတဲ့ စိတ်ခံစားမှု ၊ လူမှုရေး ၊ ကြီးပြင်းမှုတွေနဲ့ ပညာသင်ကြားရေးအခက်ခဲတွေနဲ့  ကြုံတွေ့နေရပါတယ်။ တချို့ကလေးတွေက အုပ်ထိန်း သူလက်အောက်၌ ကန့်သတ်စွာ ကြီးပြင်းနေရကြပါတယ်။ တစ်ချို့ ကလေးတွေက ဘာပေါင်းသင်းဆက်ဆံ ရေးတစ်ခုမှမသိဘဲ ကျောင်းတော့ပုံမှန်လာတယ် သို့ပေမဲ့  သူငယ်ချင်း အတန်းဖော်များနဲ့ ဆက်ဆံတဲ့ အခါ အခက်အခဲတွေ ကြုံတွေ့နေရတတ်ပါတယ်။
ယေဘူယျ အပြုအမူအနေဖြင့်သာ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို စစ်ဆေးမယ်ဆိုရုံနဲ့ တော့ ကျွန်ုပ်တို့ အနေနဲ့  အဲ့ကလေးတွေကို အကောင်းဆုံးထောက်ပံ့မှုပေးနိုင်မယ်လို့ ထင်နေပါသလား။
အရည်အချင်းရှိတဲ့ သူတို့လေးတွေကို ဘယ်လိုပျိုးထောင်ပေး ရမလဲဆိုတဲ့ နည်းလမ်းတချို့ကို ဖော်ပြပေးသွားပါမယ်။
သူတို့အသက်နဲ့ အခြေအနေကိုအကဲခတ်ပါ..
လူမှူရေးနဲ့ စိတ်အခြေနေက ကလေးတိုင်း မတူညီကြပါဘူး။ ဒါကြောင့် ကျောင်းမှာ စာသင်နေဖို့ပဲ လိုအပ်တာမဟုတ်ပဲ ကြားအချိန်တစ်ခုမှာ စိတ်ပိုင်းဆိုင်ရာတိုးတက်စေတဲ့  ပေါင်းသင်း ဆက်ဆံရေးဆိုင်ရာများ ပြုလုပ်ပေးသင့်ပါတယ်။ သူတို့အသက်အရွယ်နဲ့သူတို့ အရည်အချင်း ဘယ်လောက် ရှိလဲ ၊ ပင်ကိုယ်အသိစိတ်ကအစလေ့လာထားသင့်ပါတယ်။ဒါမှသာလိုတာပိုတာပြုပြင်ပေးလို့ရမှာပါ။
Recommended for you - ထိုင်နေရင်းနဲ့တော့ မျှော်လင့်ချက်မထားနဲ့
သဘာဝအတိုင်းပျိုးထောင်ပေးပါ..
ကလေးတွေက ဘောင်တွေစည်းတွေ ကြားမှာနေရတာများတဲ့အခါ သူတို့ပင်ကိုယ်အရည်သွေး ဆုံးရှုးံရ တတ်ပါတယ်။ သို့ပေသော်ငြား ထိုစည်းကမ်းတင်းကျပ်ခြင်းတွေက ကလေးကိုလုံခြုံကွယ်ကာမှုတွေ ပေးနိုင်ပါသေးတဲ့အတွက် ကောင်းတဲ့အရာဖြစ်သလို သဘာဝအတိုင်း ရင့်ကျက်စေတာကိုလည်း ထိန်း ကျောင်းပေးဖို့လိုအပ်ပါတယ်။
လက်ဦးဆရာ မိနဲ့ ဘ ဆိုသလို မိဘများရဲ့ ရှေးဦးသင်ကြားဦးဆောင်မှုက ကလေးရဲ့ မှတ်ဉာဏ်မှာ အပိုင်း အစတစ်ခုလို ရှင်သန်အမြစ်ဆွဲစေပါတယ်။ ထိုအရာတွေက ကလေးရဲ့စိတ်ဓါတ် ပျက်စီးစေတတ်တယ် ဆိုတာ နားလည်ပေးထားပြီး ပြုံးတတ်ဖို့ ၊ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေ ပြောတတ်ဖို့ ၊ အကျင့်စာရိတ္တနဲ့  ပြင်ပလက္ခဏာများတွက် သင်ကြားပေးနိုင်ပါတယ်။
ဂရုတစိုက်ဆုံးမပေးပါ..
ကျောင်းသား ၊ ကလေးရဲ့ အခြေနေ အပြုမူ မကောင်းတာကိုမြင်တဲ့ အခါသူတို့ကို လူရှေ့တစ်လှည့် ၊ ကွယ်ရာတစ်ခါ ၊ ချော့တစ်လှည့် ခြောက်တစ်ခါ ဆုံးမပေးတက်ရပါမယ်။ စာသင်ကြားနေရင်း eye contact ဖြင့်သော်လည်းကောင်း ၊ရင်းနှီးစေလိုတဲ့သဘောအရ ဝေယျာဝေစ္စလုပ်ခိုင်းတာတွေလည်း ပြုလုပ်ပေးသင့် ပါတယ်။
Recommended for you - စိတ်မပျက်ပါနဲ့
သင့်ကိုယ်သင်လည်း ဆန်းစစ်ပါ..
တစ်ချို့ကလေးတွေရဲ့ စိတ်မှာ ဒီဆရာနဲ့ပဲ သင်ချင်တယ် ဟိုဆရာသင်တာနားဝင်လွယ်တယ်ဆိုတဲ့  အရာ တွေက သင့်ကိုယ်သင်ပြန်လည်ဆန်းစစ်ဖို့လိုတဲ့ အရာတွေပါ။ ကိုယ့်သင်ကြားဆုံးမမှုအပေါ် သူတို့ ဘယ်လိုပြန်လည်တုံ့ပြန်သလဲ ၊ ကိုယ့်စေတနာမှားယွင်းနေလား စသဖြင့် ကြည့်ပြီး သကာလ ကလေး တွေကို ကောင်းကောင်း ဂရုစိုက်နှိုင်ဖို့ သင်ကိုယ်တိုင်လည်း စားဝင် အိပ်ပျော်အောင် ဂရုပြုသင့်ပါတယ်။
တစ်နေ့တာ ပင်ပန်းနွမ်းနယ်လာတာကို ကောင်းစွာအနားယူုခြင်း မရှိပါကနောက်တစ်နေ့ ထိုကလေးတွေ အပေါ် ဆက်ဆံတာတွေ မူမှန်နိုင်ပါဦးမလား။ အထက်ဖော်ပြပါအချက်တွေက အသေးစိတ်လို့မဆိုနိုင်ပေမဲ့  အခြေခံသိမှတ်လက်ခံထားမယ်ဆိုရင် အနာဂါတ်ခေါင်းဆောင်များကို အကောင်းဆုံးပျိုးထောင်တဲ့  လူသား များအဖြစ် သမိုင်းဝင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ အမှားပါပါကလည်းခွင့်လွတ်ပေးကြပါရန်..လေးစားစွာဖြင့်
အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါသလား။ IELTS စာမေးပွဲကို အကောင်းဆုံးဖြေဆိုအောင်မြင်ချင်ပါသလား။ Sayar.com.mm တွင် ရှိသော ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။
သင်ကိုယ်တိုင်က ဆရာတစ်ယောက် ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်လိုက်ပါ။
Credit: mingalarbarmorning