×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Wednesday, 28 March 2018

Should I need to change my career???

Should I need to change my career??? google.com

လူတိုင်းလူတိုင်းကတော့ ကိုယ့်အလုပ်ခွင်ထဲမှာ ပျော်ရွှင်ကျေနပ်မှု အပြည့်အ၀ရချင်ကြတာချည်းပါပဲ ။ ဒါပေမယ့် အလုပ်ခွင်ထဲမှာ မပျော်လာတော့တဲ့အခါ အလုပ်ပြောင်းလုပ်ဖို့ အလွယ်တကူစဉ်းစားတတ်ကြလေ့ ရှိပါတယ်။ အဲလို အခက်အခဲတွေ့ တာနဲ့ လွယ်လွယ်ကူကူ အလုပ်ပြောင်းလိုက်ပီးတဲ့နောက်မှာ အဆင်ပြေ သွားတဲ့သူတွေ ရှိသလို ပိုမိုဆိုးရွားတဲ့အနေအထားတစ်ခုကို ရောက်သွားတဲ့သူတွေလဲ ရှိနေပါတယ်။

ဒါကြောင့် ဘယ်လိုအခြေအနေမျိုးရောက်တဲ့အခါ ကိုယ့် Career Path ကို ပြောင်းလဲဖို့  စဉ်းစားသင့်တယ် ဆိုတာ သိရှိထားဖို့ လိုပါတယ်။

သင် အခုလုပ်နေရတဲ့အလုပ်က အလုပ်ချိန်အရမ်းများပြီး အလုပ်ဆင်းတဲ့ အချိန်လူတစ်ကိုယ်လုံး နုံးဖတ် အားအင်ကုန်ခမ်းတဲ့ထိဖြစ်တဲ့အလုပ်မျိုးဖြစ်နေရင်တော့ Career Path ကို ပြောင်းလဲဖို့ စတင် စဉ်းစားသင့် ပါပြီ နေ့တိုင်း ဒီပုံစံကြီးအတိုင်းသွားနေရင် တချိန်ချိန်မှာသင့်ရဲ့ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။

နောက်ပြီး သင့်ရဲ့ ကျွှမ်းကျင်တဲ့ အရည်အချင်းတွေက သင်လုပ်နေတဲ့ အလုပ်နဲ့ မကိုက်ညီဘူး မအပ်စပ်ဘူး လို့ ခံစားရနေပြီဆိုရင်လည်း Career Path ကို ပြောင်းလဲဖို့ စဉ်းစားသင့်နေပါပြီ။ ကိုယ့်အရည်အချင်းနဲ့  မကိုက်ညီတဲ့ အလုပ်ကိုလုပ်နေခြင်းက ကိုယ့်အလုပ်မှာလဲ အဆင်မပြေနိုင်သလို ကိုယ့်ရှိရင်းစွဲ အရည်အချင်းတွေပါ မှေးမှိန်သွားစေနိုင်ပါတယ်။

အလုပ်တွေထဲမှာ ကိုယ်အကောင်းဆုံးကြိုးစားခဲ့သလောက် ကြိုးစားသလောက်အရာမထင်ခဲ့တဲ့ အချိန်တွေရှိခဲ့ကြမယ်ထင်ပါတယ်။ တခါတလေ ဖြစ်တာက ပြောစရာမရှိပေမယ့် ကိုယ်က အကောင်းဆုံး လုပ်ပေးလိုက်တိုင်းမှာ ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်မှုမရှိတဲ့ ရလဒ်တွေ အမြဲရလာနေပီဆိုရင်တော့ Depression မ၀င်ခင်မှာပဲ Career Path ကို အပြောင်းအလဲလုပ်ဖို့ စဉ်းစားသင့်ပါတယ်။

ဒါမှမဟုတ်ဘဲ သင့်ရဲ့ အရည်အချင်းတွေ Talent တွေ ဟာ ဒီထက်ကောင်းမွန်တဲ့ အလုပ်တစ်ခုမှာ အကောင်းဆုံးပြသနိုင်မယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ရှိရင်လဲ Career Path ကို ပြောင်းလဲသင့်ပါတယ်။ ခိုင်မာပြတ်သားတဲ့ယုံကြည်ချက်ရှိတဲ့သူတွေက အကောင်းဆုံး အလုပ်အကိုင်အခွင့်အရေးတွေကို ပိုင်ဆိုင်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ Career Path တစ်ခုကို ပြောင်းတော့မယ်ဆိုရင်တော့ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါ တယ်လို့ အကြုံပြုချင်ပါတယ်။

Recommended for you - သင်ဘာကြောင့် မအောင်မြင်သေးတာလဲ

Recommended for you - နောင် (၁၀) နှစ်ကြာရင် သင်ဘာအတွက်နဲ့ နောင်တရနိုင်သလဲ

Source: BGVInstitute

Read times Last modified on Tuesday, 07 January 2020 17:27
Rate this articles
(2 votes)