×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 27 November 2019

"လူငယ္တစ္ေယာက္ဆိုေပမယ့္ ဒီလိုအရာေတြမွာ ပိုျပီးစဥ္းစားတတ္သင့္ပါတယ္"

"လူငယ္တစ္ေယာက္ဆိုေပမယ့္ ဒီလိုအရာေတြမွာ ပိုျပီးစဥ္းစားတတ္သင့္ပါတယ္" pexels

ဆယ္တန္းေတြၿပီးလို႔ တကၠသိုလ္ကိုစတက္ေတာ့မယ္ဆိုတာနဲ႔ ကိုယ့္ကိုယ္ကိုလူၾကီးျဖစ္ၿပီလို႔ သတ္မွတ္လိုက္ၾကၿပီမဟုတ္လား။

ကိုယ့္ကိုယ္ကိုလူႀကီးျဖစ္ၿပီလို႔ သတ္မွတ္လိုက္တာနဲ႔ လူႀကီးတစ္ေယာက္လိုမ်ိဳး အေတြးအေခၚေတြကအစ ရင့္က်က္လာသင့္ၿပီေလ။
ဒါေပမယ့္ အသက္ ၁၇ ၁၈ အရြယ္ေလးေတြကေတာ့ လူႀကီးလည္းမဟုတ္၊ ကေလးလည္းမဟုတ္နဲ႔ဆုိေတာ့ ေျပာရခက္ေပမယ့္ အသက္ ၂၀ အရြယ္လူႀကီးလို႔သတ္မွတ္လို႔ရတဲ့ အရြယ္ကိုေရာက္လာၿပီဆိုရင္ေတာ့ စဥ္းစားေတြးေခၚပံုေတြ၊ ျပဳမူလုပ္ေဆာင္ပံုေတြကအစ ေျပာင္းလဲပစ္ဖို႔လိုလာပါၿပီ။

 

(၁) မိတ္ဖြဲ႔တတ္ဖို႔
တစ္ေယာက္ထဲေနလည္းရတယ္ဆိုေပမယ့္ လူရယ္လို႔ျဖစ္လာရင္ အေပါင္းအသင္းဆိုတာမ်ိဳးေတြလိုလာၿပီေပါ႔။ ငယ္ရြယ္စဥ္အခ်ိန္က ကိုယ့္မာနေလးနဲ႔ကိုယ္ သူမ်ားေတြကိုေအာက္က်ၿပီး မေပါင္းသင္းခဲ့ဘူးဆိုေပမယ့္ အရြယ္ေရာက္လာတဲ့အခါမွာေတာ့ ဒါေတြကမရွိမျဖစ္လိုအပ္တယ္ဆိုတာကို စဥ္းစားတတ္လာပါလိမ္႔မယ္။
လုပ္ငန္းခြင္ဝင္တဲ့အခါမွာပဲျဖစ္ျဖစ္ ေအာင္ျမင္ဖို႔ဆိုတာက တစ္ေယာက္ထဲ႐ုန္းကန္လို႔ေတာ့မရဘူးေလ။ မိတ္ေကာင္းေဆြေကာင္းဆိုတာ တကယ္ကိုလိုအပ္တာေၾကာင့္ ေပါင္းသင္းဆက္ဆံေရးေကာင္းဖို႔လိုၿပီဆိုတာကို စဥ္းစားတတ္သင့္ပါတယ္။


(၂) ဗဟုသုတၾကြယ္ဝေနဖို
ငယ္ရြယ္ေနတဲ့အခ်ိန္မွာ အင္တာနက္ေတြ၊ ဂိမ္းေတြေဆာ့ၿပီးအခ်ိန္ကုန္ေနတာက အေၾကာင္းမဟုတ္ဘူးဆိုေပမယ့္ အရြယ္ေရာက္လာတဲ့အခ်ိန္မွာေတာ့ ကိုယ့္ဘဝအတြက္အက်ိဳးရွိေစမယ့္ အရာမ်ိဳးကိုေတြကိုေရြးၿပီးလုပ္တာက ပိုသင့္ေတာ္မႈရွိတယ္ဆိုတာကို ေတြးတတ္ဖို႔လိုပါလိမ့္မယ္။
အားေနတဲ့အခ်ိန္ေတြမွာ ႐ုပ္ရွင္ေတြၾကည့္၊ အင္တာနက္ေတြသံုးေနမယ့္အစား ကိုယ့္အတြက္ဗဟုသုတရေစမယ့္ စာအုပ္ဖတ္တာမ်ိဳးေတြ၊ ကိုယ့္အတြက္အက်ိဳးရွိေစမယ့္အရာေတြကို ရွာတာကအေကာင္းဆံုးပါေနာ္။

Recommended For You >>> "ဦးေနွာက္မွတ္ဥာဏ္ေကာင္းေအာင္ ပံုမွန္ ျပဳလုပ္သင့္တဲ့ ေလ့က်င့္ခန္း (၅) မ်ိဳး"


(၃) က်န္းမာေရးေကာင္းဖို ့
လူငယ္တစ္ေယာက္ဆိုေပမဲ့လည္း က်န္းမာေရးကို ဂရုမစိူက္လို႕ေတာ့မရပါဘူး။ စားခ်ိန္၊ အိပ္ခ်ိန္မွန္ဖို ့လည္းလိုပါတယ္။ လူငယ္တစ္ေယာက္အေနနဲ ့ က်န္းက်န္းမာမာနဲ ့ လူငယ္ပီပီ ဖ်က္ဖ်က္လက္လက္ သြက္သြက္လက္လက္ေနထိုင္ႏိုင္ဖို ့က အရမ္းကိုအေရးၾကီးပါတယ္။ က်န္းမာေရးေကာင္းမွာ စိတ္သြားတိုင္းကိုယ္ပါျပီး လုပ္ေဆာင္တဲ့ အရာေတြမွာ ေအာင္ျမင္ႏိုင္မွာ ျဖစ္ပါတယ္။

 

(၄) ပညာအရည္အခ်င္းျပည့္စံုဖို႕
အခုေခတ္ကလည္း ပညာေရးေခတ္ဆိုေတာ့ ပညာတတ္ထားမွ ဘဝကိုေကာင္းေကာင္းမြန္မြန္ျဖတ္သန္းလို႔ရမွာေပါ႔။ ကိုယ့္မွာေတြးေခၚတတ္တဲ့အသိပညာေတြေကာင္းေကာင္းျပည့္ဝေနေတာ့ သူမ်ားအထင္ေသးတာမ်ိဳးေတြလည္း မခံရေတာ့မွာေပါ႔။


(၅) စိတ္ပိုင္းဆိုင္ရာေကာင္းမြန္ဖို ့
လူငယ္တိုင္းမွာလိုအပ္တဲ့အရာပါပဲ။ သူမ်ားကိုအက်င့္ယုတ္တာမ်ိဳးေတြကိုပဲ မလုပ္ဖို႔ဆိုလိုတာမ်ိဳးမဟုတ္ပဲ လူတစ္ေယာက္ကိုအေကာင္းဘက္ကေနၾကည့္တတ္ဖို႔၊ စာနာနားလည္တတ္ဖို႔ကလည္း အေရးႀကီးပါေသးတယ္ေနာ္။
ဒီအခ်က္ေတြကို ျပည့္စံုေအာင္ႀကိဳးစားၿပီးေတာ့ ေနထိုင္ခ်င္စိတ္ရွိဖို႔က တကယ္ကိုလိုအပ္ပါတယ္။ ေအာင္ျမင္မႈေတြနဲ႔ ဘဝတစ္ေလ ွ်ာက္လံုးကို အက်ိဳးရွိရွိျဖတ္သန္းသြားခ်င္တယ္ဆိုရင္ေတာ့ ဒါေတြကိုစၿပီးေတာ့ ျပင္ဆင္ၾကည့္ဖို႔လိုပါလိမ့္မယ္ေနာ္။

ေက်ာင္းသားလူငယ္ေတြအေနနဲ ့ မိမိအရည္အခ်င္းေတြကိုျမွင့္တင္ခ်င္ရင္ေတာ့ sayar.com.mm မွာ ဘာသာရပ္ေပါင္းစံုကို တစ္ဦးခ်င္းသင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ားရွိပါသည္။ ဤလင့္ခ္ https://www.sayar.com.mm/subjects.html တြင္ အခမဲ့ဝင္ေရာက္ရွာေဖြႏိုင္ပါသည္။

 

UNICODE

"လူငယ်တစ်ယောက်ဆိုပေမယ့် ဒီလိုအရာတွေမှာ ပိုပြီးစဉ်းစားတတ်သင့်ပါတယ်"
ဆယ်တန်းတွေပြီးလို့ တက္ကသိုလ်ကိုစတက်တော့မယ်ဆိုတာနဲ့ ကိုယ့်ကိုယ်ကိုလူကြီးဖြစ်ပြီလို့ သတ်မှတ်လိုက်ကြပြီမဟုတ်လား။ ကိုယ့်ကိုယ်ကိုလူကြီးဖြစ်ပြီလို့ သတ်မှတ်လိုက်တာနဲ့ လူကြီးတစ်ယောက်လိုမျိုး အတွေးအခေါ်တွေကအစ ရင့်ကျက်လာသင့်ပြီလေ။
ဒါပေမယ့် အသက် ၁၇ ၁၈ အရွယ်လေးတွေကတော့ လူကြီးလည်းမဟုတ်၊ ကလေးလည်းမဟုတ်နဲ့ဆိုတော့ ပြောရခက်ပေမယ့် အသက် ၂၀ အရွယ်လူကြီးလို့သတ်မှတ်လို့ရတဲ့ အရွယ်ကိုရောက်လာပြီဆိုရင်တော့ စဉ်းစားတွေးခေါ်ပုံတွေ၊ ပြုမူလုပ်ဆောင်ပုံတွေကအစ ပြောင်းလဲပစ်ဖို့လိုလာပါပြီ။

 

(၁) မိတ်ဖွဲ့တတ်ဖို့
တစ်ယောက်ထဲနေလည်းရတယ်ဆိုပေမယ့် လူရယ်လို့ဖြစ်လာရင် အပေါင်းအသင်းဆိုတာမျိုးတွေလိုလာပြီပေါ့။ ငယ်ရွယ်စဉ်အချိန်က ကိုယ့်မာနလေးနဲ့ကိုယ် သူများတွေကိုအောက်ကျပြီး မပေါင်းသင်းခဲ့ဘူးဆိုပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ ဒါတွေကမရှိမဖြစ်လိုအပ်တယ်ဆိုတာကို စဉ်းစားတတ်လာပါလိမ့်မယ်။
လုပ်ငန်းခွင်ဝင်တဲ့အခါမှာပဲဖြစ်ဖြစ် အောင်မြင်ဖို့ဆိုတာက တစ်ယောက်ထဲရုန်းကန်လို့တော့မရဘူးလေ။ မိတ်ကောင်းဆွေကောင်းဆိုတာ တကယ်ကိုလိုအပ်တာကြောင့် ပေါင်းသင်းဆက်ဆံရေးကောင်းဖို့လိုပြီဆိုတာကို စဉ်းစားတတ်သင့်ပါတယ်။


(၂) ဗဟုသုတကြွယ်ဝနေဖို့
ငယ်ရွယ်နေတဲ့အချိန်မှာ အင်တာနက်တွေ၊ ဂိမ်းတွေဆော့ပြီးအချိန်ကုန်နေတာက အကြောင်းမဟုတ်ဘူးဆိုပေမယ့် အရွယ်ရောက်လာတဲ့အချိန်မှာတော့ ကိုယ့်ဘဝအတွက်အကျိုးရှိစေမယ့် အရာမျိုးကိုတွေကိုရွေးပြီးလုပ်တာက ပိုသင့်တော်မှုရှိတယ်ဆိုတာကို တွေးတတ်ဖို့လိုပါလိမ့်မယ်။
အားနေတဲ့အချိန်တွေမှာ ရုပ်ရှင်တွေကြည့်၊ အင်တာနက်တွေသုံးနေမယ့်အစား ကိုယ့်အတွက်ဗဟုသုတရစေမယ့် စာအုပ်ဖတ်တာမျိုးတွေ၊ ကိုယ့်အတွက်အကျိုးရှိစေမယ့်အရာတွေကို ရှာတာကအကောင်းဆုံးပါနော်။

Recommended For You >>> "ဦးနှောက်မှတ်ဉာဏ်ကောင်းအောင် ပုံမှန် ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်း (၅) မျိုး"


(၃) ကျန်းမာရေးကောင်းဖို့
လူငယ်တစ်ယောက်ဆိုပေမဲ့လည်း ကျန်းမာရေးကို ဂရုမစိူက်လို့တော့မရပါဘူး။ စားချိန်၊ အိပ်ချိန်မှန်ဖို့လည်းလိုပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ကျန်းကျန်းမာမာနဲ့ လူငယ်ပီပီ ဖျက်ဖျက်လက်လက် သွက်သွက်လက်လက်နေထိုင်နိုင်ဖို့က အရမ်းကိုအရေးကြီးပါတယ်။ ကျန်းမာရေးကောင်းမှာ စိတ်သွားတိုင်းကိုယ်ပါပြီး လုပ်ဆောင်တဲ့ အရာတွေမှာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

 

(၄) ပညာအရည်အချင်းပြည့်စုံဖို့
အခုခေတ်ကလည်း ပညာရေးခေတ်ဆိုတော့ ပညာတတ်ထားမှ ဘဝကိုကောင်းကောင်းမွန်မွန်ဖြတ်သန်းလို့ရမှာပေါ့။ ကိုယ့်မှာတွေးခေါ်တတ်တဲ့အသိပညာတွေကောင်းကောင်းပြည့်ဝနေတော့ သူများအထင်သေးတာမျိုးတွေလည်း မခံရတော့မှာပေါ့။


(၅) စိတ်ပိုင်းဆိုင်ရာကောင်းမွန်ဖို့
လူငယ်တိုင်းမှာလိုအပ်တဲ့အရာပါပဲ။ သူများကိုအကျင့်ယုတ်တာမျိုးတွေကိုပဲ မလုပ်ဖို့ဆိုလိုတာမျိုးမဟုတ်ပဲ လူတစ်ယောက်ကိုအကောင်းဘက်ကနေကြည့်တတ်ဖို့၊ စာနာနားလည်တတ်ဖို့ကလည်း အရေးကြီးပါသေးတယ်နော်။
ဒီအချက်တွေကို ပြည့်စုံအောင်ကြိုးစားပြီးတော့ နေထိုင်ချင်စိတ်ရှိဖို့က တကယ်ကိုလိုအပ်ပါတယ်။ အောင်မြင်မှုတွေနဲ့ ဘဝတစ်လေ ျှာက်လုံးကို အကျိုးရှိရှိဖြတ်သန်းသွားချင်တယ်ဆိုရင်တော့ ဒါတွေကိုစပြီးတော့ ပြင်ဆင်ကြည့်ဖို့လိုပါလိမ့်မယ်နော်။

ကျောင်းသားလူငယ်တွေအနေနဲ့ မိမိအရည်အချင်းတွေကိုမြှင့်တင်ချင်ရင်တော့ sayar.com.mm မှာ ဘာသာရပ်ပေါင်းစုံကို တစ်ဦးချင်းသင်ကြားပေးသော ဆရာ၊ ဆရာမများရှိပါသည်။ ဤလင့်ခ် https://www.sayar.com.mm/subjects.htmlတွင် အခမဲ့ဝင်ရောက်ရှာဖွေနိုင်ပါသည်။

 

sayar.com.mm

Sources : Mystyle

Read times Last modified on Monday, 30 December 2019 17:18
Rate this articles
(0 votes)