×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Monday, 18 September 2017

သားသမီးေတြ အမွားလုပ္တာ မိဘေတြေၾကာင့္လား

သားသမီးေတြ အမွားလုပ္တာ မိဘေတြေၾကာင့္လား google.com

ဒီတစ္ပတ္ ငါတို႔သူငယ္ခ်င္းေတြ အျပင္သြားလည္ရေအာင္။ ဟာ…ငါလိုက္လို႔မရဘူး ။ အိမ္က ဘယ္မွေပးမသြားခိုင္းဘူး။ နင္ကလည္း အိမ္ကို မေျပာနဲ႔ေလ ။ ခိုးထြက္ခဲ့ေပါ့။

သင္တန္းပဲ ျဖစ္ျဖစ္ က်ဴရွင္ပဲျဖစ္ျဖစ္ တစ္ခုခုေျပာလိုက္ေလ။ ခုေခတ္လူငယ္ေတြ ၾကားထဲမွာ ေတာ္ေတာ္မ်ားမ်ား ျဖစ္ေနၾက ၾကားေနၾက ကိစၥရပ္တစ္ခုပါပဲ။

သူငယ္ခ်င္းေတြနဲ႕ အျပင္ဆိုလည္း ေပးမသြား။ ခရီးဆိုလည္း မလိုက္ရ။ အကုန္လံုးကို လိုက္လံပိတ္ပင္ ေနတဲ့အခါ သားသမီးေတြဘက္က မိဘေတြကို အသိမေပးေတာ့ပဲ ကိုယ္လုပ္ခ်င္တာကို ခိုးလုပ္တတ္တဲ့ အက်င့္ေတြ ရွိလာၾကတယ္။ ေနာက္သိခါမွ ဆူခ်င္ဆူေတာ့ အခုေတာ့ကိုယ္လုပ္ခ်င္တာကို အရင္လုပ္ရတဲ့အတြက္ေက်နပ္တယ္ ဆိုတာမ်ိဳးေတြျဖစ္လာပါတယ္။

အဲ့ဒီအခါမွာ ဘာျဖစ္လာလဲဆိုေတာ့ လုပ္သင့္တာေတြ မလုပ္သင့္တာေတြ ျဖစ္သင့္တာေတြ မျဖစ္သင့္တာေတြကို ေဝဖန္ပိုင္းျခားနိုင္စြမ္းမရွိေတာ့ပါဘူး။ မိဘေတြကလည္း ကိုယ့္သားသမီး ဘာေတြလုပ္ေနမွန္း မသိပဲ ကိုယ္ကေတာ့ ကိုယ့္စကားနားေထာင္တယ္ လိမၼာတယ္ လို႔ပဲထင္ေနတတ္ပါတယ္။

RECOMMENDED FOR YOU - သင္က ေၾကာက္တတ္တဲ့သူ တစ္ေယာက္လား ? ? ?

မိဘနဲ႕သားသမီးဆိုတာက ပြင့္လင္းတဲ့ ဆက္ဆံေရးျဖစ္သင့္ပါတယ္။ သားသမီးေတြကေရာ ကိုယ့္မိဘေတြကို ဖုန္းကြယ္ျပီး ဘာကိုမွ လုပ္ခ်င္မွာမဟုတ္ပါဘူး။ တစ္ခုခုလုပ္ခ်င္လို႔ အိမ္က ခိုးထြက္ရတာထက္ မိဘေတြကို အသိေပးျပီးမွ စိတ္ေအးေအးနဲ႕ လုပ္ခြင့္ရခ်င္တဲ့သူေတြပါ။ ကိုယ္လုပ္သမွ် အရာတိုင္း ကိုယ့္မွာ ရင္ဆိုင္ရတဲ့ကိစၥတိုင္းကို မိဘကုိ ဖြင့္ေျပာျပီး တိုင္ပင္ခ်င္တဲ့သူေတြၾကီးပါပဲ။

ဒါေပမယ့္ ကြ်န္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြက မိဘေတြကို အရမ္းေၾကာက္ၾကပါတယ္။ မိဘေတြ ဘက္ကလည္း ကိုယ့္သားသမီးန႔ဲ သူငယ္ခ်င္းလိုမ်ိဳး ပြင့္ပြင့္လင္းလင္းနဲ႔ ေျပာစရာရွိတာေျပာျပီး ကုိယ့္ကေလးေတြ တိုင္ပင္နိုင္ေအာင္လို႔ တံခါးဖြင့္ထားေပးသင့္ပါတယ္။ ကိုယ့္ကေကာင္မေလးတစ္ေယာက္ ကို သေဘာက်တယ္ အိမ္ကိုေျပာတယ္ အဆင္ေျပနိုင္မလားေပါ့ ကိုယ့္မိဘေတြက ကိုယ့္ထက္အသက္လဲ ၾကီးတယ္ အေတြ႔အၾကံဳေတြလည္း မ်ားတဲ့အတြက္ လူကဲေခတ္တာလည္း ကိုယ့္ထက္ေတာ္တယ္ေလ။ မိန္းကေလးေတြဆိုရင္လည္း ကိုယ္ကိုၾကိဳက္ေနတဲ့သူက ဘယ္သ၊ူ ဘယ္သူ႕ကိုေတာ့ စိတ္ဝင္စားတယ္ေပါ့ ဒီလိုမ်ိဳး ေပါ့ေပါ့ပါးပါးနဲ႕ ကိုယ့္မိဘကို တိုင္ပင္ခြင့္ရမယ္ဆိုရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲေပါ့။

မိဘေတြကို ေျပာလိုက္တဲ့အခါ ဆူခံထိမလား ငါ့ကို ပိတ္ပင္ထားမလား။

တခ်ိဳ႕မိဘေတြက ကိုယ့္သားသမီးကို စိတ္မခ်ဘူး တစ္ခုခုျဖစ္သြားမွာစိုးလို႔ ဘယ္မွ ေပးမသြားဘူး ဘာကိုမွ မလုပ္ခိုင္းဘူး။ ငါေျပာတာကိုပဲ နားေထာင္ ငါလုပ္ခိုင္းသလိုပဲ လုပ္ ။ ဒီလိုမ်ိဳးတစ္ယူသန္မိဘေတြလည္း ရွိပါတယ္။ အဲ့လိုမိဘလက္ေအာက္မွာ ၾကီးပ်င္းလာတဲ့ကေလးေတြက ငယ္ငယ္တုန္းကေတာ့ လိမၼာခ်င္ လိမၼာနိုင္ေပမယ့္ ၾကီးလာတဲ့အခါ လြတ္သြားတဲ့သူေတြ မ်ားပါတယ္။ သားေရကြင္းလိုေပါ့ တင္းလြန္းရင္လည္း ျပတ္သြားတတ္တယ္ေလ။ မေလ်ာ့မတင္းေလးဆိုတာ အေကာင္းဆံုးပါပဲ။

RECOMMENDED FOR YOU - အခ်ိန္စီမံခန္႔ခြဲနည္းကို ေက်ာင္းသားဘဝတည္းက ေလ့က်င့္လာပါ။

မိဘနဲ႕သားသမီးၾကားထဲမွာ ယံုၾကည္မွဳဆိုတဲ့ တံတားေလးတစ္စင္းလည္း လိုအပ္ပါတယ္။ သားသမီး ဘက္ကလည္း မိဘေတြကိုယ့္အေပၚမွာထားတဲ့ ယံုၾကည္မွဳကို မပ်က္စီးသြားေအာင္ ထိန္းသိမ္းသင့္ပါတယ္။ မိဘေတြဘက္ကလည္း ကိုယ့္သားသမီးအေပၚမွာ အရာရာ သံသယမ်က္လံုးေတြနဲ႕ ၾကည့္မေနဘဲနဲ႕ ယံုၾကည္ေပးသင့္ပါတယ္။

သူငယ္ခ်င္းလုိ ေနေပးတဲ့မိဘေတြလည္း အမ်ားၾကီးရွိပါတယ္။ ကြ်န္ေတာ္ကေတာ့ ကြ်န္ေတာ့္မိဘေတြကုိ အရမး္ကို ေက်းဇူးတင္မိပါတယ္။ ကြ်န္ေတာ္ရဲ႕ခံစားခ်က္တိုင္းကို နားေထာင္ေပးတယ္ တခါတေလ ရီစရာေတြေျပာတယ္ တခါတေလ ကြ်န္ေတာ္ၾကိဳက္ေနတဲ့ ေကာင္မေလးအေၾကာင္းကို ရင္ဖြင့္လို႔ရတယ္။ တခါတေလ ကြ်န္ေတာ္လုပ္ေဆာင္ခ်က္ေတြ မွားေနတဲ့အခါ ေခါင္းစဥ္တစ္ခုေပးျပီး ေဆြးေႏြးတဲ့ပံုနဲ႔ ကိစၥတစ္ခုကို ကြ်န္ေတာ္ဘယ္လိုျမင္သလဲ ဘယ္လိုဆိုရင္ေတာ့ သင့္ေတာ္တယ္ ဘယ္ဟာကေတာ့ မျဖင့္သင့္ဘူး ဒီလိုမ်ိဳး အေၾကာင္းျပခ်က္ေလးေတြနဲ႕တကြ ေျပာျပေပးတတ္ပါတယ္။

မိဘတိုင္းကလည္း သားသမီးေတြရဲ႕ခံစားခ်က္ေတြကို နားလည္ေပးျပီး သားသမီးေတြကလည္း ကိုယ့္ဖက္တစ္ဖက္တည္းကို မၾကည့္ပဲနဲ႕ နွစ္ဖက္ ညွိညွိနွိုင္ႏွိုင္းနဲ႕ ပြင္းလင္းျမင္သာမွဳရွိရွိ နားလည္မွဳေတြနဲ႕ တည္ေဆာက္ထားတဲ့ ဆက္ဆံေရးေလးကို ပိုင္ဆုိင္နိုင္ပါေစလို႔ ဆႏၵျပဳရင္း…..

Minsayar

Unicode

ဒီတစ်ပတ် ငါတို့သူငယ်ချင်းတွေ အပြင်သွားလည်ရအောင်။ ဟာ…ငါလိုက်လို့မရဘူး ။ အိမ်က ဘယ်မှပေးမသွားခိုင်းဘူး။ နင်ကလည်း အိမ်ကို မပြောနဲ့လေ ။ ခိုးထွက်ခဲ့ပေါ့။ သင်တန်းပဲ ဖြစ်ဖြစ် ကျူရှင်ပဲဖြစ်ဖြစ် တစ်ခုခုပြောလိုက်လေ။ ခုခေတ်လူငယ်တွေ ကြားထဲမှာ တော်တော်များများ ဖြစ်နေကြ ကြားနေကြ ကိစ္စရပ်တစ်ခုပါပဲ။
သူငယ်ချင်းတွေနဲ့ အပြင်ဆိုလည်း ပေးမသွား။ ခရီးဆိုလည်း မလိုက်ရ။ အကုန်လုံးကို လိုက်လံပိတ်ပင် နေတဲ့အခါ သားသမီးတွေဘက်က မိဘတွေကို အသိမပေးတော့ပဲ ကိုယ်လုပ်ချင်တာကို ခိုးလုပ်တတ်တဲ့ အကျင့်တွေ ရှိလာကြတယ်။ နောက်သိခါမှ ဆူချင်ဆူတော့ အခုတော့ကိုယ်လုပ်ချင်တာကို အရင်လုပ်ရတဲ့အတွက်ကျေနပ်တယ် ဆိုတာမျိုးတွေဖြစ်လာပါတယ်။
အဲ့ဒီအခါမှာ ဘာဖြစ်လာလဲဆိုတော့ လုပ်သင့်တာတွေ မလုပ်သင့်တာတွေ ဖြစ်သင့်တာတွေ မဖြစ်သင့်တာတွေကို ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတော့ပါဘူး။ မိဘတွေကလည်း ကိုယ့်သားသမီး ဘာတွေလုပ်နေမှန်း မသိပဲ ကိုယ်ကတော့ ကိုယ့်စကားနားထောင်တယ် လိမ္မာတယ် လို့ပဲထင်နေတတ်ပါတယ်။

RECOMMENDED FOR YOU - သင်က ကြောက်တတ်တဲ့သူ တစ်ယောက်လား ? ? ?
မိဘနဲ့သားသမီးဆိုတာက ပွင့်လင်းတဲ့ ဆက်ဆံရေးဖြစ်သင့်ပါတယ်။ သားသမီးတွေကရော ကိုယ့်မိဘတွေကို ဖုန်းကွယ်ပြီး ဘာကိုမှ လုပ်ချင်မှာမဟုတ်ပါဘူး။ တစ်ခုခုလုပ်ချင်လို့ အိမ်က ခိုးထွက်ရတာထက် မိဘတွေကို အသိပေးပြီးမှ စိတ်အေးအေးနဲ့ လုပ်ခွင့်ရချင်တဲ့သူတွေပါ။ ကိုယ်လုပ်သမျှ အရာတိုင်း ကိုယ့်မှာ ရင်ဆိုင်ရတဲ့ကိစ္စတိုင်းကို မိဘကို ဖွင့်ပြောပြီး တိုင်ပင်ချင်တဲ့သူတွေကြီးပါပဲ။
ဒါပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုးတွေက မိဘတွေကို အရမ်းကြောက်ကြပါတယ်။ မိဘတွေ ဘက်ကလည်း ကိုယ့်သားသမီးနဲ့ သူငယ်ချင်းလိုမျိုး ပွင့်ပွင့်လင်းလင်းနဲ့ ပြောစရာရှိတာပြောပြီး ကိုယ့်ကလေးတွေ တိုင်ပင်နိုင်အောင်လို့ တံခါးဖွင့်ထားပေးသင့်ပါတယ်။ ကိုယ့်ကကောင်မလေးတစ်ယောက် ကို သဘောကျတယ် အိမ်ကိုပြောတယ် အဆင်ပြေနိုင်မလားပေါ့ ကိုယ့်မိဘတွေက ကိုယ့်ထက်အသက်လဲ ကြီးတယ် အတွေ့အကြုံတွေလည်း များတဲ့အတွက် လူကဲခေတ်တာလည်း ကိုယ့်ထက်တော်တယ်လေ။ မိန်းကလေးတွေဆိုရင်လည်း ကိုယ်ကိုကြိုက်နေတဲ့သူက ဘယ်သ၊ူ ဘယ်သူ့ကိုတော့ စိတ်ဝင်စားတယ်ပေါ့ ဒီလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်မိဘကို တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲပေါ့။
မိဘတွေကို ပြောလိုက်တဲ့အခါ ဆူခံထိမလား ငါ့ကို ပိတ်ပင်ထားမလား။
တချို့မိဘတွေက ကိုယ့်သားသမီးကို စိတ်မချဘူး တစ်ခုခုဖြစ်သွားမှာစိုးလို့ ဘယ်မှ ပေးမသွားဘူး ဘာကိုမှ မလုပ်ခိုင်းဘူး။ ငါပြောတာကိုပဲ နားထောင် ငါလုပ်ခိုင်းသလိုပဲ လုပ် ။ ဒီလိုမျိုးတစ်ယူသန်မိဘတွေလည်း ရှိပါတယ်။ အဲ့လိုမိဘလက်အောက်မှာ ကြီးပျင်းလာတဲ့ကလေးတွေက ငယ်ငယ်တုန်းကတော့ လိမ္မာချင် လိမ္မာနိုင်ပေမယ့် ကြီးလာတဲ့အခါ လွတ်သွားတဲ့သူတွေ များပါတယ်။ သားရေကွင်းလိုပေါ့ တင်းလွန်းရင်လည်း ပြတ်သွားတတ်တယ်လေ။ မလျော့မတင်းလေးဆိုတာ အကောင်းဆုံးပါပဲ။

RECOMMENDED FOR YOU - အချိန်စီမံခန့်ခွဲနည်းကို ကျောင်းသားဘဝတည်းက လေ့ကျင့်လာပါ။
မိဘနဲ့သားသမီးကြားထဲမှာ ယုံကြည်မှုဆိုတဲ့ တံတားလေးတစ်စင်းလည်း လိုအပ်ပါတယ်။ သားသမီး ဘက်ကလည်း မိဘတွေကိုယ့်အပေါ်မှာထားတဲ့ ယုံကြည်မှုကို မပျက်စီးသွားအောင် ထိန်းသိမ်းသင့်ပါတယ်။ မိဘတွေဘက်ကလည်း ကိုယ့်သားသမီးအပေါ်မှာ အရာရာ သံသယမျက်လုံးတွေနဲ့ ကြည့်မနေဘဲနဲ့ ယုံကြည်ပေးသင့်ပါတယ်။
သူငယ်ချင်းလို နေပေးတဲ့မိဘတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်မိဘတွေကို အရမး်ကို ကျေးဇူးတင်မိပါတယ်။ ကျွန်တော်ရဲ့ခံစားချက်တိုင်းကို နားထောင်ပေးတယ် တခါတလေ ရီစရာတွေပြောတယ် တခါတလေ ကျွန်တော်ကြိုက်နေတဲ့ ကောင်မလေးအကြောင်းကို ရင်ဖွင့်လို့ရတယ်။ တခါတလေ ကျွန်တော်လုပ်ဆောင်ချက်တွေ မှားနေတဲ့အခါ ခေါင်းစဉ်တစ်ခုပေးပြီး ဆွေးနွေးတဲ့ပုံနဲ့ ကိစ္စတစ်ခုကို ကျွန်တော်ဘယ်လိုမြင်သလဲ ဘယ်လိုဆိုရင်တော့ သင့်တော်တယ် ဘယ်ဟာကတော့ မဖြင့်သင့်ဘူး ဒီလိုမျိုး အကြောင်းပြချက်လေးတွေနဲ့တကွ ပြောပြပေးတတ်ပါတယ်။
မိဘတိုင်းကလည်း သားသမီးတွေရဲ့ခံစားချက်တွေကို နားလည်ပေးပြီး သားသမီးတွေကလည်း ကိုယ့်ဖက်တစ်ဖက်တည်းကို မကြည့်ပဲနဲ့ နှစ်ဖက် ညှိညှိနှိုင်နှိုင်းနဲ့ ပွင်းလင်းမြင်သာမှုရှိရှိ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း…..
Minsayar

 

Read times Last modified on Friday, 27 December 2019 15:58
Rate this articles
(2 votes)