×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Monday, 20 November 2017

လူတစ္ေယာက္ရဲ႕ တန္ဖိုး

လူတစ္ေယာက္ရဲ႕ တန္ဖိုး google.com

တစ္ခါက နာမည္ႀကီး တကၠသိုလ္မွ ဆရာတစ္ဦးသည္ ေခ်ာင္က်ေသာ ရြာတစ္ရြာသို႔ သြားေရာက္လည္ပတ္ ခဲ႔သည္။ ရြာသို႔ေရာက္ေသာ္ ေလွတစီးငွားျပီး ျမစ္တစ္ေလ်ွာက္ လည္ပတ္ခဲ႔သည္။ ေလွစတင္ထြက္ေသာအခါ ဆရာက ေလွသမားအား…

” ခင္ဗ်ား သခ်ၤာေဗဒတတ္သလား ”

” က်ြန္ေတာ္ မတတ္ပါဘူး ” ” ရူပေဗဒ တတ္သလား ”

” အဲဒါလဲ မတတ္ပါဘူး ”

” ဒါဆိုရင္ ခင္ဗ်ား ကြန္ျပဴတာ သံုးတတ္လား ”

” စိတ္မေကာင္းပါဘူး… အဲဒါလဲ က်ြန္ေတာ္မတတ္ပါဘူး ” ဆရာမွာ ေခါင္းခါျပီး

” သခ်ၤာမတတ္ရင္ လူ႔ဘဝရဲ႕ ၆ပံု ၂ပံုကိုခင္ဗ်ား ဆံုးရွဳံးမယ္ ”

” ရူပေဗဒမတတ္ရင္ လူ႕ဘဝရဲ႕ ၆ပံု ၁ပံုကို ဆံုးရွဳံးမယ္ ”

” ကြန္ျပဴတာမတတ္ရင္ လူ႔ဘဝရဲ႕ ၆ပံု ၁ပံု ဆံုးရွဳံးမယ္ “..

” ခင္ဗ်ားရဲ႕ ဘဝ၆ပံု ၄ပံု ဆံုးရွဳံးသြားျပီ ”

Recommended for you - ဆုေငြဆယ္သိန္းရနိုင္မယ့္ Myanamar Cyber Security Challenge 2018

ထိုခဏအတြင္း ရာသီဥတုေျပာင္းျပီး ေကာင္ကင္းတြင္တိမ္ညိဳမ်ား တတ္လာသည္။ မၾကာမီ မိုးသက္ေလျပင္း က်ေရာက္ေတာ့မည္။ ထိုအခါ ေလွသမားက ဆရာအား

” ခင္ဗ်ား ေရကူးတတ္သလား ” ဟုေမးလိုက္သည္။ ဆရာက ခဏမွ်ဆြံ႕အျပီး

” က်ြန္ေတာ္ မကူးတတ္ဘူး တစ္ခါမွ မသင္ဖူးဘူး ” ဟုေျဖေလသည္။

ေလွသမားမွာ ေခါင္းကိုအသြင္သြင္ရမ္းျပီး….

” ဒါဆိုရင္ ခင္ဗ်ားရဲ႕ ဘဝ၆ပံုစလံုးဟာ ဆံုးရွဳံးရေတာ့မယ္ ” ဟု ျပန္ေျဖခဲ႔သည္။

လူတစ္ေယာက္ဟာ ကိုယ့္ရဲ႕အဆင့္အတန္း ကိုယ့္ရဲ႕စံခ်ိန္နဲ႔ အျခားလူတစ္ေယာက္ကို သြားတိုင္းတာလို႕ မရပါဘူး။ ပံုျပင္ထဲကဆရာဟာ ပညာရွင္တစ္ဦးပါ။ သူ႕ဘဝမွာ သခ်ၤာ၊ ရူပ၊ ကြန္ျပဴတာပညာေတြသာ အေရးႀကီးတယ္လို႔ ထင္ေနသူပါ။

ဒီပညာေတြမတတ္ရင္ လူ႕ဘဝဟာအဓိပၸါယ္မဲ႔ ျပီလို႔ ထင္ေနသူပါ။

ဒါဟာ ပညာရွင္ေတြရဲ႕ အယူအဆပါ။ ေလွသမားအတြက္ကေတာ့ သူ႔အတြက္ ဒီပညာမတတ္လဲ ဘာမွမျဖစ္ဘူး။ အေရးႀကီးတာက သူ႔အတြက္ ရွင္သန္ဖို႔ အားအင္ေတြရွိ ေနဖို႔ပါပဲ။ ဒါေပမယ့္ အေရးႀကံဳလာတဲ႔ အခ်ိန္မွာ ဆရာတတ္ထားတဲ႔ ပညာဟာ ဘာမွအသံုးမဝင္ခဲ႔ဘူး။ ေလွေမွာက္သြားရင္ ေရကူးတတ္တဲ႔ လူသာ အသက္ရွင္ခြင့္ရမွာပါ။

Recommended for you - ေၾကာက္လာရင္ ရပ္မယ့္အစား ဆက္သြားပါ။ အရွံဳးေပးမယ့္အစား ျပင္းျပင္းထန္ထန္ ျပန္တိုက္ပါ။

တပါးသူကို အထင္မေသးပါနဲ႔။ ” ငါ ” ဆိုတဲ႔ ကိုယ့္စံႏွုန္းနဲ႔ အမွားအမွန္ကို မခြဲျခားပါနဲ႕။

ဟိုလူမွာ တီထြင္ဥာဏ္မရွိဘူး… ဒါေပမယ့္ သူဟာရိုးသားတယ္… မေကာင္းတာကို မႀကံစည္ တတ္ဘူး။ ဒီလူဟာ အေျပာအဆိုမတတ္ဘူး။ ဒါေပမယ့္ သူဟာ အလုပ္ကိုႀကိဳးစားတယ္။ ေျဖာင့္မတ္တယ္။ မခိုမကပ္ဘူး။

ငါ့ရဲ႕ ” အရည္အခ်င္း ” သူ႕မွာမရွိသလို သူ႕ရဲ႕ ” အရည္အခ်င္း ” လဲ ငါ့မွာမရွိဘူး ဆိုတာကို ဘယ္ေတာ့မွမေမ့ပါနဲ႔…

ဘဝတစ္ေလ်ွာက္မွာ ကိုယ္နဲ႔ သေဘာထားခ်င္း တိုက္ဆိုင္သူနဲ႔ ဆံုဖို႔ဆိုတာ တကယ္တမ္းေတာ့ ေတာ္ေတာ္ မလြယ္လွပါဘူး။ အဓိက ကေတာ့ကိုယ္ယံုၾကည္ရတဲ႔ သူငယ္ခ်င္းနဲ႔ ဆံုတဲ႔အခါ သင့္ျမတ္ေအာင္ ေနထိုင္ဖို႔ ႀကိဳးစားပါ။ ကိုယ့္စံႏွုန္းနဲ႔ သူမ်ားကို တိုင္းတာဖို႔ မႀကိဳးစားပါနဲ႔….

အဂၤလိပ္စာေကာင္းျပီး ကြ်မ္းက်င္တဲ့ဘာသာျပန္ျဖစ္ခ်င္ပါသလား။ ဒါမွမဟုတ္ အခုခ်ိန္မွာ လိုအပ္ေနတဲ့ digital marketer တစ္ေယာက္ျဖစ္ခ်င္တာလား… သင့္ရဲ႕စိတ္ကူးအိမ္မက္ကို အခုပဲအေကာင္အထည္ ေဖာ္ဖို႔ sayar.com.mm မွာရွိတဲ့ အဂၤလိပ္စာ ဆရာ ဆရာမမ်ားနွင့္  digital marketing ကို သင္ၾကားေပး ေနတဲ့ ဆရာမ်ားႏွင့္ တိုက္ရိုက္ဆက္သြယ္လိုက္ပါ။

Credit; ဓမၼေရခ်မ္းစင္

[Unicode Version]

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့ သွားရောက်လည်ပတ် ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား…
” ခင်ဗျား သချင်္ာဗေဒတတ်သလား ”
” ကျွန်တော် မတတ်ပါဘူး ” ” ရူပဗေဒ တတ်သလား ”
” အဲဒါလဲ မတတ်ပါဘူး ”
” ဒါဆိုရင် ခင်ဗျား ကွန်ပြူတာ သုံးတတ်လား ”
” စိတ်မကောင်းပါဘူး… အဲဒါလဲ ကျွန်တော်မတတ်ပါဘူး ” ဆရာမှာ ခေါင်းခါပြီး
” သချင်္ာမတတ်ရင် လူ့ဘဝရဲ့ ၆ပုံ ၂ပုံကိုခင်ဗျား ဆုံးရှုံးမယ် ”
” ရူပဗေဒမတတ်ရင် လူ့ဘဝရဲ့ ၆ပုံ ၁ပုံကို ဆုံးရှုံးမယ် ”
” ကွန်ပြူတာမတတ်ရင် လူ့ဘဝရဲ့ ၆ပုံ ၁ပုံ ဆုံးရှုံးမယ် “..
” ခင်ဗျားရဲ့ ဘဝ၆ပုံ ၄ပုံ ဆုံးရှုံးသွားပြီ ”

Recommended for you - ဆုငွေဆယ်သိန်းရနိုင်မယ့် Myanamar Cyber Security Challenge 2018
ထိုခဏအတွင်း ရာသီဥတုပြောင်းပြီး ကောင်ကင်းတွင်တိမ်ညိုများ တတ်လာသည်။ မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား
” ခင်ဗျား ရေကူးတတ်သလား ” ဟုမေးလိုက်သည်။ ဆရာက ခဏမျှဆွံ့အပြီး
” ကျွန်တော် မကူးတတ်ဘူး တစ်ခါမှ မသင်ဖူးဘူး ” ဟုဖြေလေသည်။
လှေသမားမှာ ခေါင်းကိုအသွင်သွင်ရမ်းပြီး….
” ဒါဆိုရင် ခင်ဗျားရဲ့ ဘဝ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ် ” ဟု ပြန်ဖြေခဲ့သည်။
လူတစ်ယောက်ဟာ ကိုယ့်ရဲ့အဆင့်အတန်း ကိုယ့်ရဲ့စံချိန်နဲ့ အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲကဆရာဟာ ပညာရှင်တစ်ဦးပါ။ သူ့ဘဝမှာ သချင်္ာ၊ ရူပ၊ ကွန်ပြူတာပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။
ဒီပညာတွေမတတ်ရင် လူ့ဘဝဟာအဓိပ္ပါယ်မဲ့ ပြီလို့ ထင်နေသူပါ။
ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။ လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာမတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက သူ့အတွက် ရှင်သန်ဖို့ အားအင်တွေရှိ နေဖို့ပါပဲ။ ဒါပေမယ့် အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှအသုံးမဝင်ခဲ့ဘူး။ လှေမှောက်သွားရင် ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

Recommended for you - ကြောက်လာရင် ရပ်မယ့်အစား ဆက်သွားပါ။ အရှုံးပေးမယ့်အစား ပြင်းပြင်းထန်ထန် ပြန်တိုက်ပါ။
တပါးသူကို အထင်မသေးပါနဲ့။ ” ငါ ” ဆိုတဲ့ ကိုယ့်စံနှုန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ တီထွင်ဉာဏ်မရှိဘူး… ဒါပေမယ့် သူဟာရိုးသားတယ်… မကောင်းတာကို မကြံစည် တတ်ဘူး။ ဒီလူဟာ အပြောအဆိုမတတ်ဘူး။ ဒါပေမယ့် သူဟာ အလုပ်ကိုကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။
ငါ့ရဲ့ ” အရည်အချင်း ” သူ့မှာမရှိသလို သူ့ရဲ့ ” အရည်အချင်း ” လဲ ငါ့မှာမရှိဘူး ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့…
ဘဝတစ်လျှောက်မှာ ကိုယ်နဲ့ သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ တကယ်တမ်းတော့ တော်တော် မလွယ်လှပါဘူး။ အဓိက ကတော့ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်ဖို့ ကြိုးစားပါ။ ကိုယ့်စံနှုန်းနဲ့ သူများကို တိုင်းတာဖို့ မကြိုးစားပါနဲ့….

အင်္ဂလိပ်စာကောင်းပြီး ကျွမ်းကျင်တဲ့ဘာသာပြန်ဖြစ်ချင်ပါသလား။ ဒါမှမဟုတ် အခုချိန်မှာ လိုအပ်နေတဲ့ digital marketer တစ်ယောက်ဖြစ်ချင်တာလား… သင့်ရဲ့စိတ်ကူးအိမ်မက်ကို အခုပဲအကောင်အထည် ဖော်ဖို့ sayar.com.mm မှာရှိတဲ့ အင်္ဂလိပ်စာ ဆရာ ဆရာမများနှင့်  digital marketing ကို သင်ကြားပေး နေတဲ့ ဆရာများနှင့် တိုက်ရိုက်ဆက်သွယ်လိုက်ပါ။
Credit; ဓမ္မရေချမ်းစင်

 

Read times Last modified on Friday, 03 January 2020 10:07
Rate this articles
(2 votes)