×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Monday, 26 February 2018

သင္တကယ္ေလွ်ာက္ရမယ့္ လမ္းက

သင္တကယ္ေလွ်ာက္ရမယ့္ လမ္းက google.com

ထံုးစံအတိုင္း ေန႔တစ္ေန႔အစျပဳျပီး

ထံုးစံအတိုင္း လုပ္ေနက်လုပ္ငန္းစဥ္ေတြကို လုပ္ရင္းနဲ႔

ထံုးစံအတိုင္း မိုးခ်ဳပ္သြားျပန္ျပီ….။

ဒီလိုနဲ႕ပဲ တစ္ရက္ျပီးတစ္ရက္ ထံုးစံအတိုင္း အခ်ိန္ေတြကုန္ အသက္ေတြၾကီးလာတယ္။ လူလည္း ဘာမွမတိုးတက္ မေျပာင္းလဲ ထံုးစံအတိုင္းပဲ။ တိုးတက္ခ်င္တဲ့စိတ္မရွိလို႔လား … မဟုတ္ပါဘူး တိုးတက္ခ်င္ တဲ့စိတ္ ေအာင္ျမင္ခ်င္တဲ့စိတ္ (ေအာင္ျမင္တယ္ဆိုတာ ဘီလ္ဂိတ္ တို႔လိုမ်ိဳး ကမၻာကေတာင္ အသိအမွတ္ ျပဳရေလာက္တဲ့ထိကို ေျပာတာမဟုတ္ပါဘူး။) ဆိုတာ ရွိပါတယ္။

ငါ့ရပ္တည္မွဳက ဘာ ငါ့ရွင္သန္ျခင္းက ဘာ ငါခ်မွတ္ထားတဲ့ ပန္းတိုင္က ဘာ ဆိုတာကို တိတိက်က်သိျပီး တစိုက္မတ္မတ္နဲ႕ ေရာက္ေအာင္သြားနိုင္တဲ့စိတ္ကိုသာ ပိုင္ဆိုင္ထားမယ္ဆိုရင္ ေအာင္ျမင္မွဳဆိုတာသင့္ရဲ႕ လက္တစ္ကမ္းမွာပါ။

Recommended for you - အျမင္နဲ႔ ဆံုးျဖတ္ခ်က္ခ်မိတာထက္ ပိုႏုိင္ပါေစ

တခါတေလမွာ ပန္းတိုင္လည္းရွိတယ္ ေရာက္ေအာင္သြားရမယ့္လမ္းကိုလည္း သိတယ္။ ဒါေပမယ့္ သင္က ဘယ္ေနရာမွာ ရွိေနတယ္ဆိုတာ မသိတာ။ အဲ့ေတာ့ ပန္းတိုင္ေရာက္ဖို႔ ေျခလွမ္းဘယ္နလွမ္း လိုေသးလဲ ဘာေတြျပင္ဆင္ရဦးမလဲ ဘာေတြလိုအပ္ေနေသးလဲ အခ်ိန္ေတြ အလဟႆျဖစ္ကုန္တာလား ဒါေတြကုိ ျပန္ဆန္းစစ္ဖို႔ လိုအပ္ပါတယ္။

သင့္ကုိယ္သင္ ေမးခြန္းတခ်ိဳ႕ ေမးဖို႔ လိုအပ္ပါတယ္။ သင္တစ္ေယာက္တည္းရွိေနခ်ိန္ သင့္စိတ္တည္ျငိမ္ ေနတဲ့အခ်ိန္မွာ ဒီေမးခြန္းေတြကို ေျဖၾကည့္ပါ။

ကိုယ့္ဘဝ ပန္းတိုင္ဆီကို သြားတ့ဲခရီးလမ္းမွာ ဘာေတြရနိုင္၊ ျဖစ္နိုင္သလဲ။

ေလွ်ာက္လွမ္းရမယ့္ ခရီးလမ္းမွာ ၾကံဳေတြ႔နိုင္တာေတြအတြက္ ကြ်နု္ပ္မွာ ဘယ္လုိတာဝန္ရွိပါသလဲ။

လြန္ခဲ့တဲ့တစ္နွစ္ေလာက္က ဒီအခ်ိန္မွာ ကုိယ္ဘာေတြ လုပ္ေနသလဲ။

ကုိယ္နွစ္သက္ျပီး စိတ္ဝင္စားတဲ့အရာေတြ လုပ္ဆာင္ရင္းနဲ႕ အခ်ိန္ေတြ ကုန္ဆံုးေစတာလား။

Recommended for you - ၾသစေၾတးလ်နိုင္ငံမွာ ေက်ာင္းတက္ဖို႔ ဘာေတြျပင္ဆင္ထားရမလဲ ?

ေနာက္ထပ္ ဘာေတြလုပ္ေဆာင္သင့္သလဲ။

လုပ္သင့္တဲ့အရာထဲမွာ ဘာေတြ မလုပ္ရေသးဘဲ က်န္ေနသလဲ။

ကုိယ္က ဘယ္သူေတြကို ၊ ဘာေတြကို မ်က္ကြယ္ျပဳထားသလဲ။

ဘာေတြကုိ ေမ့ေလ်ာ့ေနပါသလဲ။

ဘဝကိုေျပာင္းလဲဖို႔အတြက္ ဘယ္လုိအေရးၾကီးတာေတြ လုိအပ္ပါသလဲ။

ေျပာင္းလဲဖို႔ ဘာေတြလုပ္ဖို႔ လိုအပ္သလဲ။

ဒီေန႔လုပ္ေဆာင္မယ့္ အစီအစဥ္ေတြက ကုိယ့္ဘဝေျပာင္းလဲတိုးတက္ဖို႔အတြက္ ျဖစ္နိုင္ေျခရွိရဲ႕လား။

ဒီေမးခြန္းေတြအတိုင္း ျပန္ေမးရမယ္လို႔ မဆိုလုိပါဘူး။ ကိုယ့္အတြက္ အေရးပါနိုင္မယ့္ ေမးခြန္းေတြကိုသာ ေမးပါ။ ရလဒ္ေတြကို စီစစ္ပါ။ ဒါမွ ကုိယ္လုပ္ေနတဲ့အရာေတြက ကုိယ့္ဘဝအတြက္ အသံုးဝင္နိုင္မယ့္ အရာ ေတြလား အသံုးမဝင္တာေတြနဲ႕ အခ်ိန္ေတြကုန္ေနတာလား။ ငါအခုဘာေတြ လုပ္ေနသလဲ ဒါေတြကို ျမင္ဖို႔ အေရးၾကီးပါတယ္။ ဒါမွ ကိုယ့္ပန္းတိုင္ ကိုယ္ရည္ရြယ္ရာဘဝကို ပံုေဖာ္ထုဆစ္နုိင္မွာပါ။

အဂၤလိပ္စာကို အေျခခံမွစျပီး ကြ်မ္းက်င္စြာ သင္ယူနိုင္ဖို႔ အတြက္ sayar.com.mm တြင္ရွိေသာ ဆရာ ဆရာမမ်ားႏွင့္ ဆက္သြယ္လိုက္ပါ။ 

သင္ကိုယ္တိုင္က ဆရာတစ္ေယာက္ဆိုပါက ကြ်န္ေတာ္တို႔ နွင့္ လက္တြဲဖို႔ ဖိတ္ေခၚလိုက္ပါရေစ။ အခမဲ့ register လုပ္နိုင္ပါတယ္။

Scorpion (sayar.com.mm)

[Unicode Version]

ထုံးစံအတိုင်း နေ့တစ်နေ့အစပြုပြီး

ထုံးစံအတိုင်း လုပ်နေကျလုပ်ငန်းစဉ်တွေကို လုပ်ရင်းနဲ့

ထုံးစံအတိုင်း မိုးချုပ်သွားပြန်ပြီ….။

ဒီလိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက် ထုံးစံအတိုင်း အချိန်တွေကုန် အသက်တွေကြီးလာတယ်။ လူလည်း ဘာမှမတိုးတက် မပြောင်းလဲ ထုံးစံအတိုင်းပဲ။ တိုးတက်ချင်တဲ့စိတ်မရှိလို့လား … မဟုတ်ပါဘူး တိုးတက်ချင် တဲ့စိတ် အောင်မြင်ချင်တဲ့စိတ် (အောင်မြင်တယ်ဆိုတာ ဘီလ်ဂိတ် တို့လိုမျိုး ကမ္ဘာကတောင် အသိအမှတ် ပြုရလောက်တဲ့ထိကို ပြောတာမဟုတ်ပါဘူး။) ဆိုတာ ရှိပါတယ်။

ငါ့ရပ်တည်မှုက ဘာ ငါ့ရှင်သန်ခြင်းက ဘာ ငါချမှတ်ထားတဲ့ ပန်းတိုင်က ဘာ ဆိုတာကို တိတိကျကျသိပြီး တစိုက်မတ်မတ်နဲ့ ရောက်အောင်သွားနိုင်တဲ့စိတ်ကိုသာ ပိုင်ဆိုင်ထားမယ်ဆိုရင် အောင်မြင်မှုဆိုတာသင့်ရဲ့ လက်တစ်ကမ်းမှာပါ။

Recommended for you - အမြင်နဲ့ ဆုံးဖြတ်ချက်ချမိတာထက် ပိုနိုင်ပါစေ

တခါတလေမှာ ပန်းတိုင်လည်းရှိတယ် ရောက်အောင်သွားရမယ့်လမ်းကိုလည်း သိတယ်။ ဒါပေမယ့် သင်က ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ မသိတာ။ အဲ့တော့ ပန်းတိုင်ရောက်ဖို့ ခြေလှမ်းဘယ်နလှမ်း လိုသေးလဲ ဘာတွေပြင်ဆင်ရဦးမလဲ ဘာတွေလိုအပ်နေသေးလဲ အချိန်တွေ အလဟဿဖြစ်ကုန်တာလား ဒါတွေကို ပြန်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

သင့်ကိုယ်သင် မေးခွန်းတချို့ မေးဖို့ လိုအပ်ပါတယ်။ သင်တစ်ယောက်တည်းရှိနေချိန် သင့်စိတ်တည်ငြိမ် နေတဲ့အချိန်မှာ ဒီမေးခွန်းတွေကို ဖြေကြည့်ပါ။

ကိုယ့်ဘဝ ပန်းတိုင်ဆီကို သွားတဲ့ခရီးလမ်းမှာ ဘာတွေရနိုင်၊ ဖြစ်နိုင်သလဲ။

လျှောက်လှမ်းရမယ့် ခရီးလမ်းမှာ ကြုံတွေ့နိုင်တာတွေအတွက် ကျွနု်ပ်မှာ ဘယ်လိုတာဝန်ရှိပါသလဲ။

လွန်ခဲ့တဲ့တစ်နှစ်လောက်က ဒီအချိန်မှာ ကိုယ်ဘာတွေ လုပ်နေသလဲ။

ကိုယ်နှစ်သက်ပြီး စိတ်ဝင်စားတဲ့အရာတွေ လုပ်ဆာင်ရင်းနဲ့ အချိန်တွေ ကုန်ဆုံးစေတာလား။

Recommended for you - သြစတြေးလျနိုင်ငံမှာ ကျောင်းတက်ဖို့ ဘာတွေပြင်ဆင်ထားရမလဲ ?

နောက်ထပ် ဘာတွေလုပ်ဆောင်သင့်သလဲ။

လုပ်သင့်တဲ့အရာထဲမှာ ဘာတွေ မလုပ်ရသေးဘဲ ကျန်နေသလဲ။

ကိုယ်က ဘယ်သူတွေကို ၊ ဘာတွေကို မျက်ကွယ်ပြုထားသလဲ။

ဘာတွေကို မေ့လျော့နေပါသလဲ။

ဘဝကိုပြောင်းလဲဖို့အတွက် ဘယ်လိုအရေးကြီးတာတွေ လိုအပ်ပါသလဲ။

ပြောင်းလဲဖို့ ဘာတွေလုပ်ဖို့ လိုအပ်သလဲ။

ဒီနေ့လုပ်ဆောင်မယ့် အစီအစဉ်တွေက ကိုယ့်ဘဝပြောင်းလဲတိုးတက်ဖို့အတွက် ဖြစ်နိုင်ခြေရှိရဲ့လား။

ဒီမေးခွန်းတွေအတိုင်း ပြန်မေးရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်အတွက် အရေးပါနိုင်မယ့် မေးခွန်းတွေကိုသာ မေးပါ။ ရလဒ်တွေကို စီစစ်ပါ။ ဒါမှ ကိုယ်လုပ်နေတဲ့အရာတွေက ကိုယ့်ဘဝအတွက် အသုံးဝင်နိုင်မယ့် အရာ တွေလား အသုံးမဝင်တာတွေနဲ့ အချိန်တွေကုန်နေတာလား။ ငါအခုဘာတွေ လုပ်နေသလဲ ဒါတွေကို မြင်ဖို့ အရေးကြီးပါတယ်။ ဒါမှ ကိုယ့်ပန်းတိုင် ကိုယ်ရည်ရွယ်ရာဘဝကို ပုံဖော်ထုဆစ်နိုင်မှာပါ။

အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ သင်ယူနိုင်ဖို့ အတွက် sayar.com.mm တွင်ရှိသော ဆရာ ဆရာမများနှင့် ဆက်သွယ်လိုက်ပါ။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဆိုပါက ကျွန်တော်တို့ နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်နိုင်ပါတယ်။

Scorpion (sayar.com.mm)

Read times Last modified on Friday, 03 January 2020 14:42
Rate this articles
(3 votes)