×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Monday, 05 March 2018

ပိုမို ကြိုးစားစမ်းပါ။

ပိုမို ကြိုးစားစမ်းပါ။ google.com

၁။ မရေရာတဲ့ အနာဂတ်အတွက် စိုးရိမ်နေမဲ့အစား ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ ပစ္စုပန် အတွက် အစွမ်းကုန်ကြိုးစားမည်။

၂။ စိတ်နေစိတ်ထားကို အရင်ပြောင်းလဲနိုင်ပါမှ ဘ၀အနေအထားကို တိုးတက်အောင် ပြောင်းလဲနိုင်မည်။

၃။ ကိုယ်ပိုက်ဆံရတာ နည်းတယ်ဆိုပြီး မညီးငြူ ပါနှင့်၊ ကိုယ်ကအရင်ကြိုးစားစမ်းပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးတက်အောင် ကြိုးစားစမ်းပါ။

၎။ ဘွဲ့ ထူးဂုဏ်ထူးဆိုတာ အတိတ်ကိုပဲ ကိုယ်စားပြုပါတယ်။ သင်ယူတတ်တဲ့ အရည်အချင်းဟာ အနာဂတ်ကို ကိုယ်စားပြုတယ်။

၅။ အထီးကျန်တဲ့ဒဏ်ကို ခံနိုင်ရည်ရှိပါမှ အောင်မြင်မူရဲ့ ဒဏ်ကို ကြံ့ ကြံ့ ခံနိုင်မည်။ ကြိုးစားစွန့်စားရမဲ့ အရွယ်မှာ သက်တောင့်သက်သာဘ၀ကို မမက်မောမိပါစေနှင့်၊

၆။ ကိစ္စတော်တော်များများမှာ မျော်လင့်ချက်ရှိမှ ၀ိရိယ ရှိတာမဟုတ်ပါ။ ၀ိရိယရှိမှ မျော်လင့်ချက်ရှိတာပါ။

ရ။ သူများက သင့် ထက်ကြိုးစားလို့ ဖိအား ဖြစ်ပေါ် စေတာမဟုတ်ပါ။ ဖိအားဆိုတာ သင်ထက် အများကြီးထူးချွန်နေတဲ့လူက သင့်ထက် အများကြီးကြိုးစားနေခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်တယ်။

၈။ သင်လုပ်နေတဲ့ အလုပ်ဟာ ယာယီအားဖြင့် အောင်မြင်ချင်မှ အောင်မြင်မယ်။ ဒါပေမဲ့ စိတ်ဓါတ်မကျပါနှင့်၊ သင်မအောင်မြင်လို့ မဟုတ်ပါ။ အောင်မြင်အောင် အမြစ်တွယ်နေခြင်းကြောင့်ဖြစ်တယ်။

Credit: Sayar AungKoLatt

Read times Last modified on Tuesday, 07 January 2020 17:14
Rate this articles
(10 votes)