ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် ဆိုတဲ့ သတ်မှတ်ချက်တွေအောက်မှ ဒုတိယအရွယ်အစပိုင်းလို့ ဆိုလို့ရတဲ့ အသက် (၃၀) အရွယ် ရောက်ပြီဆိုတာနဲ့ ပျော်ရွှင်အေးချမ်းတဲ့ ဘဝကို ဖန်တီးဖို့ အချိန်တန်ပါပြီ။ ဒီလိုပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့အတွက် လိုက်နာသင့်တဲ့အချက်တွေ၊ မဖြစ်မနေပြုလုပ်သင့်တဲ့ အရာလေးတွေကို အကြံပေးချင်ပါတယ်။
(၁) တစ်ယောက်ထဲသီးသန့်အချိန်ပေးပါ။
ဒီအသက်အရွယ်ရောက်တာနဲ့ ငါဘာလုပ်သင့်လဲ၊ ငါတစ်ယောက်ထဲ ရပ်တည်နိုင်ပြီလား ဆိုတဲ့အပေါ် စမ်းသပ်ကြည့်ဖို့အတွက် တစ်ယောက်ထဲသီးသန့်အချိန်ပေး နေကြည့်ပါ။ တိုက်ခန်းတစ်ခုမှာ ငှားနေတာ မျိုးဖြစ်ဖြစ် တစ်ယောက်ထဲ သီးသန့်နေကြည့်ပါ။ မိဘ၊ ဆွေမျိုးတွေရဲ့ မှီခိုမှုတွေ ကင်းလွတ်ရာ နေရာမှာ တစ်လလောက်ဖြစ်ဖြစ် တစ်ယောက်ထဲ အေးအေးချမ်းချမ်းနေပါ။ သင့်ဘဝ ပိုမိုတိုးတက်ကောင်းမွန်လာဖို့အတွက် ဘာတွေဆက်လုပ်သွားသင့်လဲ ဆိုတာကို စဉ်းစားချင့်ချိန်နိုင်ဖို့ သင့်မှာ ကိုယ်ပိုင်သီးသန့်အချိန်လေးတစ်ခု လိုပါတယ်။
(၂) တစ်ယောက်ထဲခရီးထွက်ပါ။
ငယ်ရွယ်တုန်း၊ သွားနိုင်တုန်း၊ လာနိုင်တုန်းမှာ ခရီးများများထွက်ပါလို့ ပြောကြတာကို ကြားဖူးကြမှာပါ။ မှန်ပါတယ်။ နောက်ဆံတင်းစရာ မိသားစု၊ သားသမီးတွေ မရှိတုန်း အခုလို အချိန်မှာ တစ်ယောက်ထဲ ခရီးထွက်ပါ။ တစ်ယောက်ထဲ ခရီးသွားတဲ့အခါမှာ ရရှိနိုင်တဲ့ အကျိုးတွေကတော့ အကူအညီမလိုဘဲ ကိုယ့်ဘာသာ စီမံခန့်ခွဲနိုင်တာ၊ ငွေရေးကြေးရေး ချင့်ချိန်သုံးစွဲနိုင်လာတာ၊ ကိုယ့်ကိုယ်ကို အားကိုးတဲ့ စိတ်လေး ဖြစ်စေပါတယ်။ ဒါအပြင် ခုလို အသက် (၃၀) ဝန်းကျင်အရွယ်က ကျန်းမာသန်စွမ်းတဲ့ အရွယ်ကောင်းလည်း ဖြစ်တာကြောင့် တစ်ယောက်ထဲခရီးတွေထွက်ပြီး အတွေးအမြင်သစ်တွေကို စူးစမ်း ရှာဖွေလိုက်ပါ။
Recommended for you - အယောင်ဆောင်ပျော်ရွှင်ခြင်းတွေနဲ့ ပါကင်ပိတ်ထားတဲ့ အထီးကျန်ကမ္ဘာတစ်ခု
(၃) တင်းတိမ်ရောင့်ရဲတတ်ပါစေ။
သင့်ရဲ့ လက်ရှိဘဝကို တင်းတိမ်ရောင့်ရဲတတ်တဲ့ စိတ်လေးမွေးဖို့ လိုပါပြီ။ လက်ရှိရောက်နေတဲ့ ဘဝကို ဘယ်လိုအကောင်းဆုံး ရှေ့ဆက်သွားမလဲ၊ ဘာအတွေ့အကြုံတွေ၊ သင်ခန်းစာတွေ ရရှိခဲ့ပြီးပြီလဲ ဆိုတာတွေကို ပြန်လည်သုံးသပ်ပါ။ ကိုယ်ကျရှုံးခဲ့တဲ့ နောင်တရစရာတွေကို အတိတ်မှာ ထားခဲ့လိုက်ပြီး သင်ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက်လည်း မိမိကိုယ်ကို Accept လုပ်ဖို့ မမေ့ပါနဲ့။
(၄) သင့်မိဘအတွက်အချိန်ပေးပါ။
သင်ငယ်ရွယ်စဉ်အခါက မိဘဆိုတာ သင့်အတွက် စူပါဟီးရိုးကြီး ဖြစ်ခဲ့သလိုပဲ သူတို့အသက်ကြီး လာတဲ့ အခါမှာလည်း သင်က သူတို့အတွက် စူပါဟီးရိုးကြီး ဖြစ်နေပေးဖို့ လိုပါတယ်။ မိဘကို စိတ်ချမ်းသာအောင် ထားတာကလည်း မိဘကျေးဇူးဆပ်နည်းတစ်မျိုးပါပဲ။ ဒါကြောင့် မိဘကို စောင့်ရှောက်ဖို့၊ ပျော်ရွှင်ဖွယ်ရာများကို ဖန်တီးပေးဖို့ သင့်ရဲ့အချိန်တွေထဲက တချို့ကို ဖဲ့ပေးလိုက်ဖို့ ဝန်မလေးပါနဲ့။
(၅) ဒင်နာပါတီပြုလုပ်ပါ။
သင့်ရဲ့အိမ်နီးနားချင်း၊ ဒါမှမဟုတ် ဆွေမျိုး အပေါင်းအသင်းများနဲ့ ဒင်နာပါတီပွဲ ပြုလုပ်ပါ။ သင့်ရဲ့ သူတို့အပေါ် ထားရှိတဲ့ ဂရုစိုက်မှု၊ ချစ်ခြင်းမေတ္တာများကို ပြသဖို့အချိန်တန်ပါပြီ။ ကိုယ်ချစ်ခင် ရတဲ့ သူတွေကို ဖိတ်ပြီး ပျော်ပွဲရွှင်ပွဲပြုလုပ်ပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။
(၆) လစာတိုးဖို့ (သို့မဟုတ်) ရာထူးတိုးဖို့ တောင်းဆိုပါ။
အသက် (၃၀) အရွယ် ရောက်လာပြီဆိုတာနဲ့ လုပ်ငန်းမှာ ကျင်လည်လာတာကလည်း နှစ်ပေါင်းမနည်းတော့ပါဘူး။ ဒီတော့ အတွေးသစ်၊ အမြင်သစ်၊ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်နိုင်ဖို့ လိုပါပြီ။ ဒါကြောင့် သင့်ရဲ့လုပ်ရည်ကိုင်ရည်အပေါ် မူတည်ပြီး သင့်ရဲ့အထက်အရာရှိထံ လစာတိုးဖို့ ၊ ရာထူးတိုးမြှင့်ပေးဖို့ တောင်းဆိုပါ။ ဒါမှမဟုတ် စိန်ခေါ်မှုများတဲ့ လုပ်ငန်းကို ပြောင်းရွှေ့တာမျိုး ပြုလုပ်ပါ။
Recommended for you - ထိုက်တန်တဲ့အောင်မြင်မှုရဖို့ မင်းဆီမှာ ထိုက်တန်တဲ့ကြိုးစားမှုရှိရဲ့လား
(၇) ရင့်ကျက်ပါ။
ကိုယ့်ရဲ့ စိတ်၊ ကိုယ့်ရဲ့ ခံယူချက်နဲ့သာ ရှေ့ဆက်အသက်ရှင်ပါ။ ပတ်ဝန်းကျင်က ပြောတဲ့စကားများကို လျစ်လျူရှုပြီး ဘာမှလိုက်ခံစားမနေတော့ဘဲ ရင့်ကျက်သင့်တဲ့ အချိန်ရောက်နေပါပြီ။ သင်ဟာဘာလဲ ဆိုတာကို သင်ကိုယ်တိုင်သိရှိနားလည်ပြီး လက်ခံတတ်ဖို့ပဲ လိုတာပါ။ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင် တစ်ခုတည်းကိုသာ အာရုံစိုက်ပြီး ကြိုးစားသွားပါ။
အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါသလား။ IELTS စာမေးပွဲကို အကောင်းဆုံးဖြေဆိုအောင်မြင်ချင်ပါသလား။ Sayar.com.mm တွင် ရှိသော ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။
သင်ကိုယ်တိုင်က ဆရာတစ်ယောက် ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်လိုက်ပါ။
Source: myanmarplatform