×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Thursday, 26 April 2018

ဘဝသင်ခန်းစာဆိုတာ

ဘဝသင်ခန်းစာဆိုတာ google.com

အသက်အရွယ်ရလာတာတဲ့အမျှ သိလာခဲ့ရတာက .....
၁၀သိန်းတန်နာရီနဲ့ တစ်သောင်းတန်နာရီတို့ဟာ အချိန်ကို တူတူပဲပြတယ်ဆိုတာ။

ကိုယ်ကိုင်တဲ့ ပိုက်ဆံအိတ်က တစ်သိန်းတန်တယ်၊ တစ်သောင်းတန်တယ်ဆိုတာထက် အထဲမှာရှိတဲ့ပိုက်ဆံက ပိုအရေးကြီးတယ်ဆိုတာ။

သိန်းထောင်ချီအိမ်ကြီးထဲမှာ နေပြီး အထီးကျန်နေရခြင်းထက် အိမ်သေးသေးလေးမှာ မိသားစု၊ ပတ်ဝန်းကျင် သိုက်သိုက်ဝန်းဝန်းနဲ့နေတာကို ပိုပျော်စရာကောင်းတယ်ဆိုတာနားလည်လာရတယ်။

တကယ်တော့ ပျော်ရွှင်မှုအစစ်က အရာဝတ္ထုပစ္စည်းတွေကြောင့်မဟုတ်ဘဲ ချစ်သူ၊မိသားစု၊မိတ်ဆွေတွေ၊ကျောင်းတက်ဖော်တွေ၊အပေါင်းအသင်းတွေ၊လုပ်ဖော်ကိုင်ဖက်တွေဆီကသာရနိုင်ပါတယ်။

၁။ ကလေးတွေကို ငွေရှာနိုင်ဖို့ ပညာသင်မပေးပါနဲ့။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ပဲ သင်ပေးပါ။ သူတို့အသက်အရွယ်ရလာတဲ့အခါ ဈေးနှုန်းတွေမဟုတ်တဲ့ ဘ၀ရဲ့ တန်ဖိုးတွေကို နားလည်လာပါလိမ့်မယ်။

၂။ အစာကို ဆေးလိုသဘောထားပြီးစားပါ။ 
အဲ့လိုမှမဟုတ်ရင် ဆေးကို အစာလို မှီဝဲနေရလိမ့်မယ်။

၃။ သင့်ကိုတကယ်ချစ်တဲ့သူဆိုတာ ဘယ်တော့မှသင့်ကို စွန့်ခွာမှာမဟုတ်ပါဘူး။
သူမကြိုက်တဲ့အချက် (၁၀၀)ရှိနေရင်တောင်မှ 
သူကြိုက်တဲ့ (၁)ချက်လောက်အတွက် ဖက်တွယ်နေပါလိမ့်မယ်။

Recomended for you - သင့်ကလေးလိမ်တတ်တာ ဘာကြောင့်လဲ ?

၎။ "Human Being" လူဖြစ်နေခြင်းနဲ့ 
"Being Human" လူပီသခြင်းဟာ မတူပါဘူး။

၅။ မင်းမွေးတဲ့အချိန်မှာလည်း အားလုံးက၀ိုင်းချစ်ကြလိမ့်မယ်။
သေသွားတဲ့အချိန်ကြရင်လည်း မင်းကိုချစ်ကြောင်းတွေပြောပြီး ၀ိုင်းငိုကြလိမ့်မယ်။
အဲ့နှစ်ခုကြားမှာတော့ အချစ်ခံရဖို့က မင်းအပေါ်ပဲမူတည်တယ်။

၆။ မြန်မြန်ရောက်ချင်ပါသလား။ တစ်ယောက်ထဲလျှောက်ပါ။
ဝေးဝေးရောက်ချင်ပါသလား။ အားလုံးနဲ့တူတူလျှောက်ပါ။

၇။ ကမ္ဘာပေါ်က အတော်ဆုံးဒေါက်တာခြောက်ဦး
- အိပ်စက်ခြင်း
- နေရောင်ခြည်
- ရေ 
- လေ
- လေ့ကျင့်ခန်းလုပ်ခြင်း
- မျှတစွာစားသောက်ခြင်း

Source: AllinoneMyanmar

Recommended for you - English စာအမြန်ဆုံးတတ်ချင်ရင်ဘာလုပ်ရမလဲ ? ? ?

Read times Last modified on Wednesday, 08 January 2020 11:41
Rate this articles
(4 votes)