မြေပေါ်မှာ ပိုက်ဆံကျနေရင် ကောက်ကြပါတယ်။ တန်ဖိုးကြီးလေလေ ပိုကောက် လေလေပါပဲ။ ကလေး တစ်ယောက် အနေနဲ့ ကတော့ ၅၀ တန်၊ ၁၀၀ ဖြစ်နေလည်း ကောက်ပါလိမ့်မယ်။ အကယ်၍ ငါးထောင်တန်၊ တစ်သောင်းတန် တို့ ဖြစ်နေရင် ကျသွားတဲ့အခါ ကောက်ဖြစ်ကြမှာပါပဲ။
ဆိုလိုရင်းက ဒီလိုပါ။ ပိုက်ဆံနေရာမှာ ပိုက်ဆံ မဟုတ်ပဲ စာရွက်တို့ ဘာတို့ ကျရင် ကောက်ဖြစ်ဖို့ မသေချာပါဘူး။ အကယ်၍ အမှိုက်ဖြစ်နေရင် ပိုလို့တောင် ဝေးပါလိမ့်မယ်။ လူတွေမှာလဲ ဒီလိုပါပဲ။ ဘဝမှာ အခက်အခဲ၊ အတားအဆီး အတွေ့အကြုံ များစွာကြောင့် အတက်ရှိတယ်။ အကျ ရှိတယ်။ ကျသွားတဲ့ အချိန်မှာ ပိုက်ဆံလို လူတွေက ဝမ်းနည်းစရာ မလိုပါဘူး။ အကြောင်း ကတော့ တန်ဖိုးရှိနေလို့ လူတွေ ပြန်ကောက်ကြမှာ ဖြစ်ပါတယ်။
Recommended for you - သင့်ဘဝကို ပြောင်းလဲနိုင်တာ သင်ကိုယ်တိုင်ပဲ
မိမိမှာသာ တန်ဖိုး ရှိနေဖို့ လိုအပ်ပါတယ်။ တန်ဖိုးဆိုတာ ပညာပါပဲ။ ပညာအရည်အချင်း ရှိနေသလောက် စည်းစိမ်တွေ ဆုံးရှုံးသွားသည့်တိုင်၊ အကြောင်းအမျိုးမျိုးကြောင့် ကျရှုံးသွားသည့်တိုင် အပေါ် ပြန်ရောက် အောင် ကြိုးစားနိုင်ပါတယ်။ အကယ်၍ လူတွေ မကိုင်တွယ်ဝံ့တဲ့ အညစ်အကြေးတွေ ပေနေရင်တော့ မကောက်ကြသလို အကျင့်စာရိတ္တနဲ့ ပက်သက်ပြီး အမဲစက်ရှိထားသူကိုလည်း ရှောင်ကြပါလိမ့်မယ်။
ဒီတော့ ပညာတတ်နေရုံနှင့် မပြီး အကျင့်စာရိတ္တပါ ကောင်းဖို့ လိုအပ်ပြီး ယင်းနှစ်ခုသာ ပြည့်စုံရင် ကြိမ်းသေ နေရာ တစ်ခုကို ပြန်လည် ရောက်ရှိ ပါလိမ့်မယ်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့ ။ sayar.com.mm တင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Ref: Human value
Credit; အောင်ခမ်း
Recommended for you - အောင်မြင်တဲ့ Network Engineer တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ကြိုးစားနေတဲ့ လူငယ်များအတွက်