×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 17 August 2018

လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်နိုင်ပါ့မလား

လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်နိုင်ပါ့မလား google.com

အလုပ်လုပ်ရတာကတော့ လူတိုင်း ပင်ပန်းကြရတာပါပဲ။ နည်းနည်းပင်ပန်းတာ ကိစ္စမရှိပေမယ့် များများပင်ပန်းလာတဲ့အခါကျတော့ စိတ်ထွက်ပေါက်ပိတ်ပြီး မကြာခင်မှာ စိတ်ဓာတ်ကျလာတော့မှာပါ။

ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့လာရပြီဆိုရင်တော့ တစ်နေရာရာကို ခဏလောက်ထွက်သွားပြီး ကိုယ်ရောင်ဖျောက်လိုက်တာက အကောင်းဆုံးဖြစ်မှာပါ။ ဒါပေမယ့် တစ်နေ့တစ်နေ့လုပ်ငန်းခွင်မှာ ကိုယ်မရှိလို့မဖြစ်ဘူးဆိုတဲ့အခြေအနေတွေမှာကျတော့ အဝေးဆုံးကို ထွက်သွားဖို့ကျပြန်တော့လည်း မဖြစ်၊ စိတ်ကလည်းညစ် ဒါမျိုးတွေကို အဆင်ပြေအောင် ဘယ်လိုဖြေရှင်းကြရင်ကောင်းမလဲ။


ရေနွေးလေးနဲ့ရေချိုးပါ

ရေချိုးဖို့တောင် အချိန်မရှိအောင် အလုပ်ရှုပ်နေတာမျိုး မဖြစ်ပါစေနဲ့။ ညနေဘက် ရုံးကပြန်ရောက်ပြီဆို ရေချိုးဖို့အချိန်ပေးပါ။ ဒီအတိုင်းမချိုးပါနဲ့။ ရေနွေးလေးနဲ့ တစ်ကိုယ်လုံးက အကြောအချဉ်တွေ ပြေလျော့သွားအောင် စိမ်ပြေနပြေ ရေချိုးပါ။ ဒါက နည်းည်းတော့ စိတ်အပန်းပြေနိုင်ပါတယ်။

 


အရသာရှိတာတွေစားပါ

တစ်နေ့တစ်နေ့ Budget ချွေတာပြီး အရသာမရှိတဲ့ မနက်စာ၊ နေ့လည်စာနဲ့ ညစာတွေကိုပဲ ကြိတ်မှိတ်ပြီးစားမနေပါနဲ့။ ကိုယ်ရှာထားတဲ့ပိုက်ဆံတွေဟာ ကိုယ့်ဗိုက်ပြည့်ဖို့အတွက်တော့ တရားပါတယ်။ ကောင်းကောင်းစားပါ။ အရမ်းစိတ်ညစ်တဲ့နေ့မျိုးတွေမှာဆိုရင် အရသာရှိပြီး စားချင်နေတဲ့အစားအစာတွေကို စားလိုက်ပါ။ အရသာရှိရှိ ဗိုက်ပြည့်သွားရင် နည်းနည်းတော့ စိတ်ညစ်သက်သာသွားမှာပါ။

 

Recommended for you - ဆရာ/မများ၏ သင်ပြမှုအရည်အသွေး တိုးတက်ရေးစီမံကိန်း မြို့နယ် ၇၀ တွင် ထပ်တိုးပြုလုပ်မည်


သူငယ်ချင်းတွေနဲ့တွေ့ဆုံပါ

တစ်ခါတလေ တစ်ယောက်တည်းနေပြီး လုပ်ငန်းခွင်က စိတ်အနှောင့်အယှက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်မထားပါနဲ့။ လွတ်လွတ်လပ်လပ် ရယ်မောပြီး ပြောချင်တာ ပြောချလိုက်လို့ရတဲ့ ရင်ဘက်တူ၊ အကျင့်တူသူငယ်ချင်းတွေနဲ့ တွေ့ဆုံပြီး စကားပြောပါ။ အတူတူ အချိန်ဖြုန်းပါ။

 


ရုပ်ရှင်ကြည့်ပါ

ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ကြောက်ရွံ့စရာကောင်းတဲ့ရုပ်ရှင်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ် လွှမ်းမိုးထားနိုင်တဲ့ရုပ်ရှင်တွေကို အချိန်ယူပြီးကြည့်ပါ။ နာရီပိုင်းလောက်ပဲဖြစ်ဖြစ် ဒီရုပ်ရှင်တွေထဲမှာ မျောပါသွားပြီး ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ ကြောက်ရွံ့ခြင်းတွေက စိတ်ကို အပြောင်းအလဲဖြစ်စေပြီး ပေါ့ပါးသွားစေပါတယ်။


လုပ်ငန်းခွင်ဆိုတာကတော့ လူငယ်ဘဝရဲ့ ဘဝနိဗ္ဗာန်လည်းဖြစ်သလို၊ ငရဲဆိုရင်လည်း မမှားပါဘူး။ မနေတတ်တဲ့အခါကျရင်လည်း ငရဲကျသလို ခံစားရတတ်ပါတယ်။ ဒါကြောင့် လုပ်တာလည်း လုပ်ပေါ့နော်။ တစ်ဖက်ကလည်း ကိုယ့်ရဲ့ စိတ်ထွက်ပေါက်က ဘာဆိုတာကို သိအောင်ကြိုးစားထားပြီး စိတ်ပေါ့ပါးအောင် နေထိုင်နိုင်ပါစေ။ မဟုတ်ရင်တော့ ပိုက်ဆံတွေကလည်း သင့်ကို ကူညီနိုင်တော့မှာ မဟုတ်ပါဘူး။

 

Recommended for you - ခြေတစ်လှမ်းနဲ့ စတဲ့သူများ

 

Recommended for you - Asian Development Bank - Japan Scholarship Program ပညာသင်ဆု

 

Credit; akhayar

Read times Last modified on Friday, 17 January 2020 13:44
Rate this articles
(1 Vote)