လူတစ်ယောက်နဲ့တစ်ယောက်ကတော့ တူညီတဲ့အတွေ့အကြုံတွေမရှိနိုင်ပါဘူး။ ဒါပေမဲ့လည်း လူတိုင်းဟာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ ကြီးပြင်းလာရတာချည်းပါပဲ။
ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးရိုက်ခတ်မှုကတော့ လူတိုင်းလိုလို ကြုံရတတ်တဲ့အရာပါ။ ဒါတွေဟာ လူတစ်ယောက်ရဲ့ဘဝကို ပုံဖော်ပေးပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ရဲ့စကားသံတွေကို ဂရုစိုက်ပြီးတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းလာတာ တစ်ခုခုကို ဆုံးဖြတ်ရခက်ပြီး ဝေခွဲရခက်တာတွေဖြစ်နေပြီဆိုရင်တော့ ဒီလိုအချက်လေးတွေကို သတိထားလုပ်ကြည့်ပါ။
၁။ ပတ်ဝန်းကျင်ရဲ့စကားသံတွေကို အာရုံမစိုက်ပါနဲ့
ဒါဟာအရေးကြီးတဲ့အချက်ပါ။ တစ်ခါတစ်လေမှာ ကိုယ့်အတွေးနဲ့ တခြားသူတွေရဲ့အတွေးအမြင်တွေက မတူတတ်ပါဘူး။ တစ်ချို့သူတွေက အမှန်တကယ်အကြံပေးတာဆိုပေမဲ့ ဝေဖန်တာသက်သက်နဲ့ လူတွေက အများကြီးပါ။
၂။ တာဝန်ယူမှုရှိပါ
လူတိုင်းက အမှားလုပ်တတ်ပါတယ်။ အဲ့ဒီအတွက် အမှားတွေ အလွဲတွေ လုပ်မိပြီဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်တင်မနေပါနဲ့။ ဒီ့အတွက်သာ ပိုမိုကြံ့ခိုင်လာပါစေ။
၃။ ကိုယ့်အားနည်ချက်တွေကိုပြရမှာ မကြောက်ရွံ့ပါနဲ့
လူတိုင်းက မပြည့်စုံပါဘူးနော်။ အဲ့ဒီတော့ အားနည်းချက်ဆိုတာ လူတိုင်းမှာရှိတတ်ပါတယ်။ ကိုယ့်အားနည်းချက်ကြောင့် သိမ်ငယ်နေဖို့မလိုပါဘူး။
၎။ ကိုယ့်ကိုကိုယ် တန်ဖိုးထားခြင်း
လူတွေက ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ဆိုတာကို မေ့နေတတ်ကြပါတယ်။ ကိုယ်ကြိုက်တဲ့ အစားအစာ၊ ဝါသနာ၊ ကိုယ်ချစ်တဲ့သူတွေအနားနေဖို့ စတာတွေအတွက် အချိန်ပေးဖို့လည်းလိုပါတယ်။
၅။ ကိုယ့်ကိုကိုယ် အချိန်ပေးပါ
ကိုယ့်ဘဝကို ဘယ်လိုပုံဖော်ချင်တာလဲ ကိုယ်အမှန်တကယ်လုပ်ချင်တဲ့အရာတွေက ဘာတွေလဲဆိုတာကို သေချာသိအောင်လုပ်ပါ။ ကိုယ်တကယ်ဖြစ်ချင်တာက ဘာလဲဆိုတာ သိအောင်ကြိုးစားပါ အချိန်ပေးပါ။
Recommended for you - အိပ်မက်တွေ အခိုးမခံရစေနဲ့
Recommended for you - ပညာရေး ၀ိဇ္ဇာ၊ သိပ္ပံစာပေးစာယူ သင်တန်းများသို့ ဆရာအတတ်ပညာ ဒီပလိုမာရသူအားလုံး တက်ခွင့်ရမည်ဟုဆို
Credit; we.com.mm