နယူးယောက်အချိန်ဟာ ကယ်လီဖိုးနီးယား အချိန်ထက် ၃ နာရီစောပါတယ်။
ကယ်လီဖိုးနီးယားဟာ အဲဒီအတွက်နဲ့ နောက်ကျမသွားပါဘူး၊
အချို့ လူများဟာ အသက် ၂၂ နှစ်မှာကတည်းက ဘွဲ့ ရပြီးသား၊
ဒါပေမဲ့ ငါးနှစ်ကြာမှ အလုပ်ရသွားတယ်။
အချို့ကျတော့ အသက် ၂၅ မှာ CEO ဖြစ်သွားတယ်။
ဒါပေမဲ့ အသက် ၅၀ မှာ သေသွားတယ်။
အချို့ လည်း အသက် ၅၀ မှ CEO ဖြစ်တယ်။
အသက် ၉၀ အထိ အသက်ရှင်သွားတယ်။
အချို့ ဟာ အသက် ၄၀ အထိ လူပျိုကြီးဖြစ်နေသေးပေမဲ့
အချို့ ကျတော့လည်း အသက် ၁၈ နှစ်နဲ့ အိမ်ထောင်ပြုသွားတယ်။
Obama ဟာ အသက် ၅၅ မှာ ပင်စင် စားသွားတယ်။
ဒေါ်နယ်လ်ထရမ့်ကျတော့ အသက် ၇၀ မှ သမ္မတ စဖြစ်တယ်။
ဗို်လ်ရူ့မောင်ဟာ ရဲဘော်သုံးကျိပ်မှာ အသက်အကြီးဆုံးဖြစ်တယ်။
နောက်ဆုံး နိုင်ငံတော်သမ္မတ လုပ်သွားတဲ့ အပြင် အသက်ကြီးကြီးထိ နေထိုင်သွားတယ်။
လူတိုင်းလူတိုင်းဟာ သူ့ အချိန်အခါနဲ့ သူရှိပါတယ်။
အနီးအနားလူတွေကို ပြန်ကြည့်လိုက်ပါ။
အချို့ ဟာ သင်ရဲ့ ရှေ့ အများကြီးရောက်နေတယ်။
အချို့လည်း သင်ရဲ့ နောက် အများကြီး ကျန်ခဲ့သလိုပဲ။
ရှေ့ ရောက်သွားတဲ့လူကို မနာလိုစရာ မရှိသလို
နောက်ရောက်နေတဲ့ လူကိုလည်း ပျက်ရယ်ပြုစရာ အကြောင်းမရှိပါ။
သင်ဟာ နောက်ကျနေတာလည်း မဟုတ်သလို
ရှေ့ ရောက်နေတာလည်း မဟုတ်ပါ။
ဘ၀ ကံကြမ္မာရဲ့ သဘောအရ သင့်ဟာ သင့်အချိန်အခါအတိုင်း
ဖြစ်သင့်တာ ဖြစ်နေတာပါ။
အားလုံး အချိန်ကိုက်ပါပဲ။
Credit: Sayar AungKoLatt
Recommended for you - သင်ဘာကြောင့် မအောင်မြင်သေးတာလဲ