×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Friday, 03 January 2020

အိမ္မက္ေတြကေစ်းၾကီးတယ္ဆိုတာ တကယ္လား..?

အိမ္မက္ေတြကေစ်းၾကီးတယ္ဆိုတာ တကယ္လား..? freepick

အိပ္မက္ေတြက ေဈးႀကီးတယ္….ဆိုၿပီး ေျပာေနၾကတာၾကားမိပါတယ္။ တကယ္ပဲ အိပ္မက္ေတြက ေဈးႀကီးတာလား။ ကိုယ္တိုင္က အစြမ္းအစမရွိတာလား။

လူတိုင္းက ေဈးႀကီးတာကိုေတာ့ မဝယ္ႏိုင္ၾကပါဘူး။ ဒါေပမယ့္ အဲဒီ့ေဈးႀကီးတယ္ဆိုတဲ့အရာကိုေတာ့ ရရွိပိုင္ဆိုင္ရတဲ့အခါမွာေတာ့ အျခားေသာ ေဈးနည္းတဲ့ပစၥည္းေတြထက္ကို ပိုၿပီး တန္ဖိုးထားတတ္ၾကတယ္မဟုတ္လား။ အဲဒီ့ေတာ့ သင္ျဖစ္ခ်င္တဲ့အိပ္မက္က ေဈးႀကီးတယ္ဆိုၿပီး သင္မႀကိဳးစားဘဲေနရင္ သင္တန္ဖိုးရွိတာကို ပိုင္ဆိုင္ႏိုင္မွာမဟုတ္ပါဘူး။

မေအာင္ျမင္သူေတာ္ေတာ္မ်ားမ်ားကေတာ့ အိပ္မက္ေတြက ေဈးႀကီးတယ္၊ အိမ္မက္ေတြေနာက္ကို လိုက္ဖို႔မလြယ္ဘူးလို႔ သတ္မွတ္တတ္ၾကပါတယ္။ အဲဒီလို သတ္မွတ္လို႔လဲ သူတို႔က မေအာင္ျမင္ၾကတာျဖစ္ပါတယ္။ တကယ္ေတာ့ အိပ္မက္ေတြေဈးႀကီးတယ္ဆိုတာ မရႏိုင္တဲ့စပ်စ္သီးကိုခ်ဥ္တယ္ေျပာၾကတဲ့ လူတန္းစားေတြအတြက္ပါ။

Walt Disney ကေျပာထားပါတယ္။“All of our Dreams can come true. If we have the courage to pursue them” အိပ္မက္ေတြေနာက္ကိုသာ လိုက္ရဲတဲ့သတၱိရွိရင္ ကြၽန္ေတာ္တို႔အိပ္မက္ေတြ တကယ္ျဖစ္လာႏိုင္တာေပါ့တဲ့။ အမွန္ပါပဲ။ အိပ္မက္ေတြေဈးႀကီးတယ္ေျပာေနသူေတြက အိပ္မက္ေတြေနာက္ကိုမလိုက္ရဲၾကသူေတြပါ။ တနည္းအားျဖင့္ေတာ့ ဆင္ျခင္ေပးတာျဖစ္ပါတယ္။


Herry potter စာေရးဆရာမ JK Rowling က စာေရးဆရာမျဖစ္ခင္မွာ မိခင္ဆုံးသြားသလို၊ သူ႔ရဲ႕အိမ္ေထာင္ၿပိဳကြဲခဲ့တယ္။ အလုပ္မရွိဘဲ ကေလးတစ္ေယာက္နဲ႔ လူမႈ႕ဖူလုံေရးေငြေၾကးေထာက္ပံ့မႈနဲ႔အသက္ဆက္ခဲ့ရသလို စိတ္ဓာတ္က်ျခင္းကိုလည္း ခံစားခဲ့ရပါတယ္။ Herry potter စာအုပ္ကိုလည္း ထုတ္ေဝသူေတြ အႀကိမ္ေပါင္းမ်ားစြာ ျငင္းပယ္ခံခဲ့ရျပန္ပါတယ္။ ေနာက္ဆုံးမွာေတာ့ သူမရဲ႕ဝတၳဳက ေရာင္းအားအေကာင္းဆုံးျဖစ္ၿပီး နာမည္ႀကီးစာေရးဆရာတစ္ဦးျဖစ္လာခဲ့တာပါပဲ။


Thomas Edison ဆိုလည္း ေက်ာင္းမွာ စာသင္ဖို႔ဉာဏ္ရည္မမီဘူးဆိုၿပီး ေက်ာင္းထုတ္ခံခဲ့ရသူပါ။ အႀကိမ္ေပါင္းမ်ားစြာ စမ္းသပ္မႈေတြျပဳလုပ္ခဲ့ၿပီးမွ မီးသီးကိုတီထြင္ႏိုင္ခဲ့ပါတယ္။ Steven King ဆိုရင္လည္း ခ်က္ခ်င္းနာမည္ႀကီးစာေရးဆရာျဖစ္လာတာမဟုတ္ဘဲ ဝတၳဳေပါင္း ၆၀ေက်ာ္ေရးခဲ့ရပါတယ္။ အိပ္မက္ေတြေဈးႀကီးလို႔ မျဖစ္ႏိုင္ပါဘူးဆိုၿပီး ေရွ႕မဆက္ခဲ့ရင္ အဲဒီ့နာမည္ႀကီးေအာင္ျမင္သူေတြအားလုံးဟာ ထိုေနရာကိုေတာင္ ေရာက္လာစရာမရွိပါဘူး။ သူတို႔ေတြရဲ႕အိပ္မက္ေတြက ဒီေလာက္ခက္ခဲခဲ့ရဲ႕သားနဲ႔ ဘာလို႔မ်ား ျဖစ္လာရတာလဲ။ သူတို႔က သူတို႔အိပ္မက္ေတြေနာက္ကို လိုက္ဖို႔ သတၱိရွိတဲ့သူေတြျဖစ္လို႔ပါပဲ။


အဲဒီ့မွာ အိပ္မက္ေတြေနာက္ကိုလိုက္ရဲတဲ့သူျဖစ္ဖို႔ အဓိက လိုအပ္ခ်က္တစ္ခုက အိပ္မက္ေတြက ေဈးႀကီးတယ္လို႔ေတြးေနတဲ့အေတြးကိုေျပာင္းလဲပစ္လိုက္ဖို႔ပဲျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အိပ္မက္ေတြက ေဈးႀကီးလို႔ အိပ္မက္ေတြေနာက္ကိုမလိုက္ႏိုင္ဘူးဆိုတဲ့အေတြးက သင့္ကို အေၾကာက္တရားကိုေပးေနတာပါ။ သင္မလုပ္ႏိုင္ေလာက္ဘူးဆိုတဲ့စိတ္ပါ။ အဲဒီ့အေတြးရွိေနသေ႐ြ႕ သင့္အိပ္မက္ေတြေနာက္ကို သင္လိုက္ဖို႔ သတၱိရွိမွာမဟုတ္ပါဘူး။ အဲဒါေၾကာင့္ သင့္အိပ္မက္ေတြကို ပုံေဖာ္ဖို႔ အရင္ဆုံး သင္လုပ္ႏိုင္တယ္လို႔ ယုံၾကည္ေနဖို႔လိုပါတယ္။


“if you believe in yourself anything is possible” သင့္ကိုယ္သင္လုပ္ႏိုင္တယ္လို႔ ယုံၾကည္ေနတယ္ဆိုရင္ မျဖစ္ႏိုင္ဘူးဆိုတာ မရွိပါဘူး။ အဲဒါေၾကာင့္ အိပ္မက္ေတြေဈးႀကီးတယ္လို႔ ဘယ္သူေတြဘယ္လိုေျပာေျပာ သင္က အိပ္မက္ေတြအေကာင္အထည္ေဖာ္ခ်င္သူဆိုရင္ သင့္အေတြးကိုေျပာင္းလဲပစ္လိုက္ပါ။ သင့္ကိုယ္သင္ယုံၾကည္ပါ။ အိပ္မက္ေတြေဈးႀကီးပါေစ။ ေဈးႀကီးမွ ပိုတန္ဖိုးထားခံရတယ္ဆိုတာ မေမ့ပါနဲ႔။


အိပ္မက္ေတြက ေဈးႀကီးတယ္ဆိုတာက မရႏိုင္တဲ့စပ်စ္သီးကို ခ်ဥ္တဲ့ေျပာၾကတဲ့လူအခ်ိဳ႕ရဲ႕စကားပါ။ ဘယ္အရာမွ အလကားသင့္လက္ထဲလာထည့္ေပးဖို႔ ေမွ်ာ္လင့္မေနပါနဲ႔။ ေဈးႀကီးတဲ့အိပ္မက္က သင့္အတြက္ ပိုတန္ဖိုးမရွိဘူးလား။ ေဈးႀကီးတဲ့တန္ဖိုးကို ပိုင္ဆိုင္ထားႏိုင္တဲ့လူမွ လူတိုင္းက အားက်ၾကတာမဟုတ္လား။ သိထားဖို႔က ေဈးႀကီးတဲ့အိပ္မက္ကို ဘယ္သူကမွေတာ့အလကားလာမေပးဘူးဆိုတာပါပဲ။ သင္ကိုယ္တိုင္ႀကိဳးစားယူမွ ရမွာပါလို႔ တိုက္တြန္းလိုက္ရပါတယ္။

 

 

Sources : Bawa 101

 

UNICODE

အိမ်မက်တွေကဈေးကြီးတယ်ဆိုတာ တကယ်လား..?
အိပ်မက်တွေက ဈေးကြီးတယ်….ဆိုပြီး ပြောနေကြတာကြားမိပါတယ်။ တကယ်ပဲ အိပ်မက်တွေက ဈေးကြီးတာလား။ ကိုယ်တိုင်က အစွမ်းအစမရှိတာလား။ လူတိုင်းက ဈေးကြီးတာကိုတော့ မဝယ်နိုင်ကြပါဘူး။ ဒါပေမယ့် အဲဒီ့ဈေးကြီးတယ်ဆိုတဲ့အရာကိုတော့ ရရှိပိုင်ဆိုင်ရတဲ့အခါမှာတော့ အခြားသော ဈေးနည်းတဲ့ပစ္စည်းတွေထက်ကို ပိုပြီး တန်ဖိုးထားတတ်ကြတယ်မဟုတ်လား။ အဲဒီ့တော့ သင်ဖြစ်ချင်တဲ့အိပ်မက်က ဈေးကြီးတယ်ဆိုပြီး သင်မကြိုးစားဘဲနေရင် သင်တန်ဖိုးရှိတာကို ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။

မအောင်မြင်သူတော်တော်များများကတော့ အိပ်မက်တွေက ဈေးကြီးတယ်၊ အိမ်မက်တွေနောက်ကို လိုက်ဖို့မလွယ်ဘူးလို့ သတ်မှတ်တတ်ကြပါတယ်။ အဲဒီလို သတ်မှတ်လို့လဲ သူတို့က မအောင်မြင်ကြတာဖြစ်ပါတယ်။ တကယ်တော့ အိပ်မက်တွေဈေးကြီးတယ်ဆိုတာ မရနိုင်တဲ့စပျစ်သီးကိုချဉ်တယ်ပြောကြတဲ့ လူတန်းစားတွေအတွက်ပါ။

Walt Disneyကပြောထားပါတယ်။“All of our Dreams can come true. If we have the courage to pursue them” အိပ်မက်တွေနောက်ကိုသာ လိုက်ရဲတဲ့သတ္တိရှိရင် ကျွန်တော်တို့အိပ်မက်တွေ တကယ်ဖြစ်လာနိုင်တာပေါ့တဲ့။ အမှန်ပါပဲ။ အိပ်မက်တွေဈေးကြီးတယ်ပြောနေသူတွေက အိပ်မက်တွေနောက်ကိုမလိုက်ရဲကြသူတွေပါ။ တနည်းအားဖြင့်တော့ ဆင်ခြင်ပေးတာဖြစ်ပါတယ်။ 

 

Herry potter စာရေးဆရာမ JK Rowling က စာရေးဆရာမဖြစ်ခင်မှာ မိခင်ဆုံးသွားသလို၊ သူ့ရဲ့အိမ်ထောင်ပြိုကွဲခဲ့တယ်။ အလုပ်မရှိဘဲ ကလေးတစ်ယောက်နဲ့ လူမှု့ဖူလုံရေးငွေကြေးထောက်ပံ့မှုနဲ့အသက်ဆက်ခဲ့ရသလို စိတ်ဓာတ်ကျခြင်းကိုလည်း ခံစားခဲ့ရပါတယ်။ Herry potter စာအုပ်ကိုလည်း ထုတ်ဝေသူတွေ အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံခဲ့ရပြန်ပါတယ်။ နောက်ဆုံးမှာတော့ သူမရဲ့ဝတ္ထုက ရောင်းအားအကောင်းဆုံးဖြစ်ပြီး နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်လာခဲ့တာပါပဲ။


Thomas Edison ဆိုလည်း ကျောင်းမှာ စာသင်ဖို့ဉာဏ်ရည်မမီဘူးဆိုပြီး ကျောင်းထုတ်ခံခဲ့ရသူပါ။ အကြိမ်ပေါင်းများစွာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီးမှ မီးသီးကိုတီထွင်နိုင်ခဲ့ပါတယ်။ Steven King ဆိုရင်လည်း ချက်ချင်းနာမည်ကြီးစာရေးဆရာဖြစ်လာတာမဟုတ်ဘဲ ဝတ္ထုပေါင်း ၆၀ကျော်ရေးခဲ့ရပါတယ်။ အိပ်မက်တွေဈေးကြီးလို့ မဖြစ်နိုင်ပါဘူးဆိုပြီး ရှေ့မဆက်ခဲ့ရင် အဲဒီ့နာမည်ကြီးအောင်မြင်သူတွေအားလုံးဟာ ထိုနေရာကိုတောင် ရောက်လာစရာမရှိပါဘူး။ သူတို့တွေရဲ့အိပ်မက်တွေက ဒီလောက်ခက်ခဲခဲ့ရဲ့သားနဲ့ ဘာလို့များ ဖြစ်လာရတာလဲ။ သူတို့က သူတို့အိပ်မက်တွေနောက်ကို လိုက်ဖို့ သတ္တိရှိတဲ့သူတွေဖြစ်လို့ပါပဲ။


အဲဒီ့မှာ အိပ်မက်တွေနောက်ကိုလိုက်ရဲတဲ့သူဖြစ်ဖို့ အဓိက လိုအပ်ချက်တစ်ခုက အိပ်မက်တွေက ဈေးကြီးတယ်လို့တွေးနေတဲ့အတွေးကိုပြောင်းလဲပစ်လိုက်ဖို့ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်မက်တွေက ဈေးကြီးလို့ အိပ်မက်တွေနောက်ကိုမလိုက်နိုင်ဘူးဆိုတဲ့အတွေးက သင့်ကို အကြောက်တရားကိုပေးနေတာပါ။ သင်မလုပ်နိုင်လောက်ဘူးဆိုတဲ့စိတ်ပါ။ အဲဒီ့အတွေးရှိနေသရွေ့ သင့်အိပ်မက်တွေနောက်ကို သင်လိုက်ဖို့ သတ္တိရှိမှာမဟုတ်ပါဘူး။ အဲဒါကြောင့် သင့်အိပ်မက်တွေကို ပုံဖော်ဖို့ အရင်ဆုံး သင်လုပ်နိုင်တယ်လို့ ယုံကြည်နေဖို့လိုပါတယ်။


“if you believe in yourself anything is possible” သင့်ကိုယ်သင်လုပ်နိုင်တယ်လို့ ယုံကြည်နေတယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ အဲဒါကြောင့် အိပ်မက်တွေဈေးကြီးတယ်လို့ ဘယ်သူတွေဘယ်လိုပြောပြော သင်က အိပ်မက်တွေအကောင်အထည်ဖော်ချင်သူဆိုရင် သင့်အတွေးကိုပြောင်းလဲပစ်လိုက်ပါ။ သင့်ကိုယ်သင်ယုံကြည်ပါ။ အိပ်မက်တွေဈေးကြီးပါစေ။ ဈေးကြီးမှ ပိုတန်ဖိုးထားခံရတယ်ဆိုတာ မမေ့ပါနဲ့။


အိပ်မက်တွေက ဈေးကြီးတယ်ဆိုတာက မရနိုင်တဲ့စပျစ်သီးကို ချဉ်တဲ့ပြောကြတဲ့လူအချို့ရဲ့စကားပါ။ ဘယ်အရာမှ အလကားသင့်လက်ထဲလာထည့်ပေးဖို့ မျှော်လင့်မနေပါနဲ့။ ဈေးကြီးတဲ့အိပ်မက်က သင့်အတွက် ပိုတန်ဖိုးမရှိဘူးလား။ ဈေးကြီးတဲ့တန်ဖိုးကို ပိုင်ဆိုင်ထားနိုင်တဲ့လူမှ လူတိုင်းက အားကျကြတာမဟုတ်လား။ သိထားဖို့က ဈေးကြီးတဲ့အိပ်မက်ကို ဘယ်သူကမှတော့အလကားလာမပေးဘူးဆိုတာပါပဲ။ သင်ကိုယ်တိုင်ကြိုးစားယူမှ ရမှာပါလို့ တိုက်တွန်းလိုက်ရပါတယ်။

 

 

Sources : Bawa 101

Read times Last modified on Friday, 03 January 2020 10:41
Rate this articles
(0 votes)