×

Warning

JUser: :_load: Unable to load user with ID: 723


Motivate

Monday, 25 September 2017

အခက္အခဲဆုိတိုင္း ဒူးေထာက္အရွံဳးေပးရမွာလား။

အခက္အခဲဆုိတိုင္း ဒူးေထာက္အရွံဳးေပးရမွာလား။ google.com

တာဝန္ေတြ ဝတၱရားေတြ လုပ္သင့္တာေတြ ျဖစ္သင့္တာေတြ လိုက္နာရမယ့္အရာေတြေအာက္မွာ ကိုယ္ျဖစ္ခ်င္တာေတြ ကိုယ္လုပ္ခ်င္တာေတြ ကိုယ့္ရဲ႕ဝါသနာ ကိုယ့္ကိုယ္ေပ်ာက္ဆံုးေနျပီလား။

လုပ္သင့္လုပ္ထိုက္တာေတြ လုပ္ေနရင္းနဲ႔ ကိုယ့္ကိုယ္ကို စိတ္ပ်က္ေနျပီလား။

လူတိုင္းကေတာ့ ကိုယ္လုပ္ခ်င္တာ ကိုယ္ဝါသနာပါတဲ့အလုပ္ေတြမွာပဲ ေပ်ာ္ေမြ႕ခ်င္တဲ့သူေတြပါ။ ဒါေပမယ့္ ဘဝၾကီးက အဲ့ေလာက္မရိုးရွင္းပါဘူး။ ကံၾကမၼာကလည္း အဲ့ေလာက္မ်က္နွာသာမေပးဘူးေလ။ ကိုယ္ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကို ဦးစားေပးေနရတဲ့ဘဝမွာ ေပ်ာ္ရႊင္မွဳေတြ ကိုယ့္ကုိယ္ကို စိတ္ေက်နပ္မွဳေတြ ေပ်ာက္ဆံုးေနျပီလား။ ကိုယ့္ဘဝၾကီးကို စိတ္ကုန္ျပီး စိတ္ပ်က္ေနျပီလား။

အခက္အခဲဆုိတာ ဘဝခရီးလမ္းမဆံုးေသးသေရြ႕ေတာ့ ၾကံဳေနရဦးမွာ မလြဲပါပဲ။ အခက္အခဲ ၾကံဳတိုင္းသာ စိတ္ပ်က္ျပီး အားေလ်ာ့သြားမယ္ ေနာက္ဆုတ္သြားမယ္ဆုိရင္ ေအာင္ျမင္မွဳဆိုတဲ့ စကားလံုးက ကမၻာေပၚမွာေတာင္ ရွိမွာမဟုတ္ပါဘူး။ အခက္အခဲဆိုတာ နာမည္နဲ႔လိုက္ပါတယ္ အခက္အခဲဆိုမွေတာ့ လြယ္လြယ္ကူကူနဲ႕ ေျဖရွင္းနိုင္တဲ့အရာေတြ မဟုတ္ပါဘူး။

Recommended for you - စည္းကမ္းဆိုတာ လုိက္နာရမယ့္ အရာေတြကို ေျပာတာလား

အခ်ိန္ေတြ ခြန္အားေတြ စိတ္စြမ္းအားေတြအားလံုးသံုးျပီး ရင္ဆိုင္ရတဲ့အခါမွာ လြယ္လြယ္ကူကူ အရွံဳးမေပးပါနဲ႕။ ကိုယ္မလုပ္နိုင္ဘူး ဆိုျပီး စိတ္မပ်က္ပါနဲ႔။ သူမ်ားေတြ လုပ္နိုင္တယ္ ကိုယ္မလုပ္နိုင္ဘူး သူမ်ားေတြ ကစားနိုင္တယ္ ကုိယ္မကစားနိုင္ဘူး။ သူမ်ားေတြ သူမ်ားေတြ သူမ်ားေတြ ဆိုျပီး တျခားသူေတြနဲ႕ ကုိယ့္ကိုယ္ကုို မႏွိဳင္းပါနဲ႔။ သူမ်ားက သူမ်ား၊ သင္ကသင္ပါ။ မိဘေတြလဲ မတူသလို ပတ္ဝန္းက်င္ျခငး္လညး္ မတူပါဘူး။

သူမ်ားလုပ္နိုင္တာကို ၾကည့္ျပီး ကုိယ့္ကုိယ္ကိုစိတ္ပ်က္ေနတာထက္ ကိုယ္လုပ္နိုင္တဲ့ အရာေတြေပၚမွာပဲ အာရံုစိုက္ထားသင့္ပါတယ္။ တျခားသူေတြက အားကစားမွာ ထူးခြ်န္တယ္ ကုိယ္က အနုပညာမွာ ထူးခြ်န္တယ္ ကုိယ္ရဲ႕ကြ်မ္းက်င္မွဳ ထူးခြ်န္မွဳကုိ သိထားဖို႔လုိပါတယ္။ ကိုယ့္ကုိယ္ကုိ ခ်စ္ျပီး တန္ဖိုးထားပါ။

သင္က သူမ်ားေတြကုိပဲ လုိက္ၾကည့္ေနလို႔ပါ။ သင္စြမ္းေဆာင္နိုင္တဲ့အရာေတြကို တျခားသူေတြကလည္း လုပ္ခ်င္မွာ လုပ္နိုင္မွာပါ။ ေလာကၾကီးကုိက မတူညီတဲ့အရာေတြနဲ႕ ဖြဲ႔စည္းတည္ေဆာက္ထားတာပါ။ ကြ်န္ေတာ္ကိုယ့္ကိုယ္စိတ္ပ်က္ေနတဲ့အခါတိုင္း လုပ္တဲ့နညး္ေလးတစ္ခုရွိပါတယ္။

Recommended for you - အခ်ိန္ေတြကို ျဖဳန္းတီးေနတာ သင္

စာရြက္နဲ႕ ေဘာလ္ပင္ယူျပီး အရင္ဆံုးကုိယ္စိတ္ပ်က္ေနတဲ့ အေၾကာင္းအရာကို ခ်ေရးလိုက္တယ္။ တခါတေလ အဲ့မွာ စျပီး တိုင္ပတ္တာပဲ။ တကယ္လဲခ်ေရးေရာ ေရးစရာအေၾကာင္းအရာမရွိဘူး… ဘာေၾကာင့္စိတ္ပ်က္ေနတယ္ဆိုတာ ကိုယ့္ကုိယ္ကို မသိဘူး အေၾကာင္းအရာ ရွာလို႔မရတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ေသခ်ာတယ္ ဒါဆိုရင္ေတာ့ ကိုယ့္ကိုယ္ကိုအပင္ပန္းခံျပီး ကုိယ့္ကိုယ္ကို ႏွစ္ေနတာပါ။

အေၾကာင္းအရာရွိတယ္ဆိုရင္ ခ်ေရးလိုက္ပါ။ အဲဒီအခါမွာ ကိုယ္စိတ္ပ်က္ေနတဲ့အေၾကာင္းအရာ ကိုယ္ၾကံဳေနရတဲ့အခက္အခဲေတြကေန လြတ္ေျမာက္ဖို႔ နည္းလမး္ေတြ ရွာေတြ႔နိုင္မွာပါ။ ခ်ေရးလိုက္တဲ့ အခါ ကိုယ့္ျပႆနာေတြကို တစ္ဆင့္ျခင္း စဥ္းစားျပီးသားလည္း ျဖစ္ပါတယ္။

ကိုယ့္ကိုယ္ကို ျမင္ေအာင္ၾကည့္ပါ၊ အေတြးမ်ားေနတာေတြကို ေလ်ာ့ခ်ပါ။ မွဳန္ကုပ္ေနတဲ့မ်က္နွာဖံုးေတြကို ခြာခ်ျပီး အျပံဳးေတြနဲ႔ တန္ဆာဆင္လိုက္ပါ။ စကားေတြအမ်ားၾကီး ေျပာမယ့္အစား နားေထာင္ပါ။ တျခားသူေတြကို ေဝဖန္ေနမယ့္အစား ကုိယ္ကိုယ္တိုင္လုပ္ေဆာင္ပါ။ အရွိကို အရွိအတိုင္းျမင္ေအာင္ ၾကည့္ပါ။ လွပတဲ့ အနာဂတ္က ၾကိဳဆိုေနမွာပါ။

ဘာသာစကားေတြ ေလ့လာသင္ယူေနတဲ့ လူငယ္မ်ား sayar.com.mm မွာရွိတဲ့ ဆရာ ဆရာမ မ်ားနွင့္ ဆက္သြယ္လုိက္ပါ။

ဆရာ ဆရာမမ်ားလည္း အခမဲ့ register လုပ္ထားလို႔ ရပါတယ္ခင္ဗ်ာ။

Scorpian

Unicode

တာဝန်တွေ ဝတ္တရားတွေ လုပ်သင့်တာတွေ ဖြစ်သင့်တာတွေ လိုက်နာရမယ့်အရာတွေအောက်မှာ ကိုယ်ဖြစ်ချင်တာတွေ ကိုယ်လုပ်ချင်တာတွေ ကိုယ့်ရဲ့ဝါသနာ ကိုယ့်ကိုယ်ပျောက်ဆုံးနေပြီလား။ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေရင်းနဲ့ ကိုယ့်ကိုယ်ကို စိတ်ပျက်နေပြီလား။


လူတိုင်းကတော့ ကိုယ်လုပ်ချင်တာ ကိုယ်ဝါသနာပါတဲ့အလုပ်တွေမှာပဲ ပျော်မွေ့ချင်တဲ့သူတွေပါ။ ဒါပေမယ့် ဘဝကြီးက အဲ့လောက်မရိုးရှင်းပါဘူး။ ကံကြမ္မာကလည်း အဲ့လောက်မျက်နှာသာမပေးဘူးလေ။ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနေရတဲ့ဘဝမှာ ပျော်ရွှင်မှုတွေ ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှုတွေ ပျောက်ဆုံးနေပြီလား။ ကိုယ့်ဘဝကြီးကို စိတ်ကုန်ပြီး စိတ်ပျက်နေပြီလား။


အခက်အခဲဆိုတာ ဘဝခရီးလမ်းမဆုံးသေးသရွေ့တော့ ကြုံနေရဦးမှာ မလွဲပါပဲ။ အခက်အခဲ ကြံုတိုင်းသာ စိတ်ပျက်ပြီး အားလျော့သွားမယ် နောက်ဆုတ်သွားမယ်ဆိုရင် အောင်မြင်မှုဆိုတဲ့ စကားလုံးက ကမ္ဘာပေါ်မှာတောင် ရှိမှာမဟုတ်ပါဘူး။ အခက်အခဲဆိုတာ နာမည်နဲ့လိုက်ပါတယ် အခက်အခဲဆိုမှတော့ လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်တဲ့အရာတွေ မဟုတ်ပါဘူး။
အချိန်တွေ ခွန်အားတွေ စိတ်စွမ်းအားတွေအားလုံးသုံးပြီး ရင်ဆိုင်ရတဲ့အခါမှာ လွယ်လွယ်ကူကူ အရှံုးမပေးပါနဲ့။

Recommended for you - စည်းကမ်းဆိုတာ လိုက်နာရမယ့် အရာတွေကို ပြောတာလား

ကိုယ်မလုပ်နိုင်ဘူး ဆိုပြီး စိတ်မပျက်ပါနဲ့။ သူများတွေ လုပ်နိုင်တယ် ကိုယ်မလုပ်နိုင်ဘူး သူများတွေ ကစားနိုင်တယ် ကိုယ်မကစားနိုင်ဘူး။ သူများတွေ သူများတွေ သူများတွေ ဆိုပြီး တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုု မနှိုင်းပါနဲ့။ သူများက သူများ၊ သင်ကသင်ပါ။ မိဘတွေလဲ မတူသလို ပတ်ဝန်းကျင်ခြငး်လညး် မတူပါဘူး။


သူများလုပ်နိုင်တာကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုစိတ်ပျက်နေတာထက် ကိုယ်လုပ်နိုင်တဲ့ အရာတွေပေါ်မှာပဲ အာရုံစိုက်ထားသင့်ပါတယ်။ တခြားသူတွေက အားကစားမှာ ထူးချွန်တယ် ကိုယ်က အနုပညာမှာ ထူးချွန်တယ် ကိုယ်ရဲ့ကျွမ်းကျင်မှု ထူးချွန်မှုကို သိထားဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို ချစ်ပြီး တန်ဖိုးထားပါ။


သင်က သူများတွေကိုပဲ လိုက်ကြည့်နေလို့ပါ။ သင်စွမ်းဆောင်နိုင်တဲ့အရာတွေကို တခြားသူတွေကလည်း လုပ်ချင်မှာ လုပ်နိုင်မှာပါ။ လောကကြီးကိုက မတူညီတဲ့အရာတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ကျွန်တော်ကိုယ့်ကိုယ်စိတ်ပျက်နေတဲ့အခါတိုင်း လုပ်တဲ့နညး်လေးတစ်ခုရှိပါတယ်။

Recommended for you - အချိန်တွေကို ဖြုန်းတီးနေတာ သင်
စာရွက်နဲ့ ဘောလ်ပင်ယူပြီး အရင်ဆုံးကိုယ်စိတ်ပျက်နေတဲ့ အကြောင်းအရာကို ချရေးလိုက်တယ်။ တခါတလေ အဲ့မှာ စပြီး တိုင်ပတ်တာပဲ။ တကယ်လဲချရေးရော ရေးစရာအကြောင်းအရာမရှိဘူး… ဘာကြောင့်စိတ်ပျက်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကို မသိဘူး အကြောင်းအရာ ရှာလို့မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သေချာတယ် ဒါဆိုရင်တော့ ကိုယ့်ကိုယ်ကိုအပင်ပန်းခံပြီး ကိုယ့်ကိုယ်ကို နှစ်နေတာပါ။


အကြောင်းအရာရှိတယ်ဆိုရင် ချရေးလိုက်ပါ။ အဲဒီအခါမှာ ကိုယ်စိတ်ပျက်နေတဲ့အကြောင်းအရာ ကိုယ်ကြံုနေရတဲ့အခက်အခဲတွေကနေ လွတ်မြောက်ဖို့ နည်းလမး်တွေ ရှာတွေ့နိုင်မှာပါ။ ချရေးလိုက်တဲ့ အခါ ကိုယ့်ပြဿနာတွေကို တစ်ဆင့်ခြင်း စဉ်းစားပြီးသားလည်း ဖြစ်ပါတယ်။


ကိုယ့်ကိုယ်ကို မြင်အောင်ကြည့်ပါ၊ အတွေးများနေတာတွေကို လျော့ချပါ။ မှုန်ကုပ်နေတဲ့မျက်နှာဖုံးတွေကို ခွာချပြီး အပြံုးတွေနဲ့ တန်ဆာဆင်လိုက်ပါ။ စကားတွေအများကြီး ပြောမယ့်အစား နားထောင်ပါ။ တခြားသူတွေကို ဝေဖန်နေမယ့်အစား ကိုယ်ကိုယ်တိုင်လုပ်ဆောင်ပါ။ အရှိကို အရှိအတိုင်းမြင်အောင် ကြည့်ပါ။ လှပတဲ့ အနာဂတ်က ကြိုဆိုနေမှာပါ။


ဘာသာစကားတွေ လေ့လာသင်ယူနေတဲ့ လူငယ်များ sayar.com.mm မှာရှိတဲ့ ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။
ဆရာ ဆရာမများလည်း အခမဲ့ register လုပ်ထားလို့ ရပါတယ်ခင်ဗျာ။
Scorpian

Read times Last modified on Friday, 27 December 2019 16:01
Rate this articles
(4 votes)