မြန်မာပြည်က လူငယ်တွေကို မင်းရဲ့ ဘဝရည်မှန်းချက်
က ဘာလဲလို့ မေးလိုက်ရင် တော်တော်များများက
စိတ်ထဲမှာ ရေရေရာရာ မသိပါဘူး။
သင်ရောအဲ့ဒီလို
ပဲလား? အဲ့ဒိလိုပဲဆိုရင်တော့ စိတ်အားမငယ်ပါနဲ့။
ကျွန်တော်ကိုယ်တိုင်လည်း ၁၀တန်းအောင်တဲ့အထိ
ရည်မှန်းချက် မရှိခဲ့ပါဘူး။ ကျွန်တော် ၁၀တန်း
တက်နေတုန်းက ကျွန်တော့် ရည်မှန်းချက် ဘာလဲလို့
မေးရင် အဖြေရ အခက်ဆုံးပါပဲ။
ဘာလို့လဲဆိုတော့ ကျွန်တော်ဘာဖြစ်ချင်မှန်း ကျွန်တော်
မသိခဲ့တာပါ။ ဒါပေမယ့် ဆယ်တန်းကို အောင်ကိုအောင်
ရမယ်ဆိုတဲ့ ယုံကြည်ချက်ကတော့ ခိုင်ခိုင်မာမာ ရှိနေခဲ့
ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာက ကိုယ်စိတ်ဝင်စားတဲ့
အရာ ဝါသနာပါတဲ့ အရာကို ငယ်ငယ်ကတည်းက
မိဘရဲ့ကျပ်တည်းတဲ့ အခြေအနေကြောင့်၊ သို့မဟုတ်
ပတ်ဝန်းကျင်ရဲ့ “မင်းအောင်မြင်မှာမဟုတ်ပါဘူး။ ဖြစ်မှာ
မဟုတ်ဘူး” ဆိုတဲ့စကားတွေ ကြောင့်၊ အစိုးရရဲ့
ပညာရေးအပေါ် မထောက်ပံ့ခဲ့မှု တွေကြောင့်
အကုန်လုံး ရေစုန်မျှောခဲ့ ရပါတယ်။ ကိုယ့်ရည်မှန်းချက်
တွေကို အကောင်အထည် ဖော်ဖို့အားပေးမဲ့သူထောက်ပံ့
မယ့်သူ တွေရှားပါးခဲ့ပါတယ်။ ဆင်းရဲတဲ့မိသားစုက
ကလေးက ဆယ်တန်းမှာဘာသာစုံ ဂုဏ်ထူးထွက်လဲ
သူတက္ကသိုလ်ကို ဆက်မတက်နိုင်မှန်း သိနေတော့
စာမကြိုးစားချင်တော့ပါဘူး။ ဒီလိုနဲ့ပဲ လူငယ်အချို့ရဲ့
ရည်မှန်းချက် ဆိုတာတွေလည်း ရေစုန်မျောခဲ့ပါတယ်။
ဒါပေမယ့်လည်း လူငယ်တိုင်း တော့မဟုတ်ပါဘူး။
အဲဒီလို ဆင်းဆင်းရဲရဲနဲ့ အောင်မြင်လာတဲ့ သူတွေ
လဲရှိပါတယ်။
သူများနိုင်ငံက လူငယ်တွေကို မေးရင်တော့ ငယ်ငယ်
တည်းက ရည်မှန်းချက် ရှိကြတာများပါတယ်။ ဥပမာ
အမေရိကန်က ကလေး တွေဆိုငယ်ငယ်လေး တည်းက
Steve Jobs လိုဖြစ်ချင်တဲ့သူရှိတယ်။
Mark Zuckerberg လိုဖြစ်ချင်တဲ့သူရှိတယ်။
Michael Jackson လို POP အကျော်အမော်
ဖြစ်ချင်တဲ့ ကလေးတွေ ရှိတယ်။ သူတို့က သူတို့မျက်စိ
ရှေ့မှာတင် သူတို့ အားကျရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊
သိပ္ပံပညာရှင်တွေ၊ အနုပညာရှင်တွေ အများကြီး ရှိတဲ့
အပြင် ငယ်ငယ်တည်းက ကိုယ်ဝါသနာပါတာကိုလုပ်ဖို့
မိဘတွေကလည်း အများအားဖြင့် အားပေးကြတယ်။
ဒီလိုပြောလို့ ကျွန်တော်က မြန်မာ ပြည်က မိဘတွေကို
အပြစ်တင်တာ မဟုတ်ပါဘူး။ သူတို့လည်း အခြေအနေ
အရပ်ရပ်ကြောင့် သူတို့ဘာသာ ရပ်တည်နိုင်အောင်
မနည်းကြိုးစားပြီး သားသမီးကို ကျွေးမွေးစောင့်ရှောက်
ခဲ့ရတာပါ။ ဒီလို အခြေအနေတွေရှိခဲ့တဲ့ မြန်မာပြည်က
ကလေးတွေမှာ ရည်မှန်းချက် မယ်မယ်ရရမရှိတာ
သိပ်ဆန်းလှတာတော့မဟုတ်ပါဘူး။ ဒါပေမယ့်
တိုင်းပြည်အခြေအနေ၊ မိဘအခြေအနေတွေကို
ဆင်ခြေပေးပြီး ဘာမှ မလုပ်ရင်တော့ လူပိုလူပျင်း
ဖြစ်လာပါလိမ့်မယ်။ လိုလျှင် ကြံဆ နည်းလမ်းရတဲ့။
ရည်မှန်းချက် မယ်မယ်ရရမရှိသေးတဲ့ သူတွေ
အတွက် ကျွန်တော်ကျင့်သုံးခဲ့တဲ့ နည်းလမ်းလေး
လက်ဆောင်ပေး ချင်ပါတယ်။
Recommended for you - YUFL မှ အချိန်ပိုင်း ဘာသာစကားသင်တန်းများ အောက်တိုဘာလဆန်းတွင် ဖွင့်မည်
ရည်မှန်းချက်ဆိုတာ အကြမ်းအားဖြင့် (၂)မျိုးရှိပါ
တယ်။ ရေရှည် ရည်မှန်းချက်နဲ့ ရေတိုရည်မှန်းချက်
ပါ။ ရေရှည်ရည်မှန်းချက် ကတော့ ဆရာဝန်ဖြစ်ချင်တာ၊
အင်ဂျင်နီယာ ဖြစ်ချင်တာမျိုးပါ။ ရေတို ရည်မှန်းချက်
ကတော့အခုလတ်တလောပစ်မှတ်ထားထားတဲ့
ပန်းတိုင် ပေါ့။ ဒီတော့ ရေရှည်ရည်မှန်းချက်မရှိလည်း
စိတ်မပူပါနဲ့။
နိုင်ငံရဲ့အနေအထား ပတ်ဝန်းကျင် အနေအထား
တွေကြောင့် ဖြစ်နေရတာပါ။ ပြုပြင်လို့မရတဲ့
အရာတွေအတွက် စိတ်ညစ်မနေနဲ့တော့။ ပြုပြင်လို့
ရတဲ့ အရာတွေကို အာရုံစိုက်ပြီး အောင်မြင်အောင်
လုပ်ကြရအောင်။ အဲဒီ ရေရှည်ရည်မှန်းချက်ကြီး
သင့်မှာအခုမရှိလည်း သင်အောင်မြင်နိုင်ပါတယ်။
“ကျရှုံးတဲ့သူတွေက ဖြစ်အပျက်တွေ
ဖြစ်ထွန်းလာတာကိုစောင့်မျှော်ကြတယ်
အောင်မြင်တဲ့သူတွေက အဖြစ်အပျက်တွေ
ဖြစ်ထွန်းအောင် လုပ်ဆောင်ကြတယ်”
-Anonymous
ရေတိုရည်မှန်းချက်ပဲ ထားပါ။ ဥပမာ ကျွန်တော့်ရဲ့
ရည်မှန်းချက်က ဘာလဲလို့ သင်ကျွန်တော့်ကို အခု
မေးရင် ကျွန်တော့်ရည်မှန်းချက်က အခုရေးနေတဲ့
ဒီစာလေးကို အကောင်းဆုံး အောင်အောင်မြင်မြင်
ပြီးဆုံးအောင်ရေးဖို့ပါပဲ။ ဘယ်အလုပ်ပဲလုပ်လုပ်
ရည်မှန်းချက်ထားပါ။ ဥပမာသင် ဒီစာကို ဖတ်နေ
တယ်ဆိုပါစို့။ ဒီစာကို အာရုံစူးစိုက်စွာ နဲ့ဖတ်မယ်လို့
ရည်မှန်းချက်ထားလိုက်ပါ။ ရေတိုရည်မှန်းချက်ဆို
တာ ပစ္စုပ္ပန်တိုင်းက အရာရာကို အကောင်းဆုံး
လုပ်ဖြစ်အောင်လုပ်ဖို့ပါ။
သင်ရဲ့ရေရှည်ရည်မှန်းချက်ကို အခုမသိသေးလည်း
စိတ်လုံးဝမပူပါနဲ့။ ဘာလို့လဲဆိုတော့ သင်အရာရာ
တိုင်းကို အကောင်းဆုံးတွေ လုပ်နေတဲ့အတွက်
တဖြည်းဖြည်းနဲ့ ဘာလုပ်လုပ်အောင်မြင်လာပါ
လိမ့်မယ်။ အဲဒီအခါကျရင် သင့်ရေရှည်ရည်မှန်းချက်
ကလည်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာပါလိမ့်မယ်။
သင်အခုဘာလုပ်နေလဲ အကောင်းဆုံး လုပ်လိုက်ပါ။
Englishစာသင်တန်း တက်နေတာလား အဲဒီသင်တန်း
ပြီးရင် သင်Englishစာကျွမ်းကျင်ရမယ်ဆိုပြီး စကြိုးစား
လိုက်ပါတော့။ မနက်ဖြန် အင်တာဗျူးဖြေဖို့ရှိလား
မနက်ဖြန် သင်အဲဒီအင်တာဗျူးကို အောင်ကိုအောင်
ရမယ်ဆိုပြီး ရည်မှန်းချက်ထားလိုက်၊ အခုစာတစ်ပုဒ်
ကျက်နေလား သင်အဲဒီစာတစ်ပုဒ်ကို ရကိုရရမယ်လို့
ရည်မှန်းချက် ထားလိုက်ပါ။
ပြီးရင်အောင်မြင်အောင်ကြိုးစားပါ။ ရည်မှန်းချက်လေး
တွေ အောင်မြင်လာတိုင်း သင့်ကိုယ်သင် ချီးကျူးဖို့
မမေ့နဲ့။ သင်က တော်လို့သာ၊ အရည်အချင်းရှိလို့သာ၊
အဲဒီလိုရည်မှန်းချက်လေးတွေကို အောင်မြင်အောင်
လုပ်နိုင်တာပါ။ အောင်မြင်လာတာလေးတွေများလာ
ရင် သင့်ကိုယ်သင် ယုံကြည်မှုက မထင်မှတ်ထား
လောက်အောင်ကို မြင့်တက်လာလိမ့်မယ်။ သင်
ဘာလုပ်လုပ် အောင်မြင်လာလိမ့်မယ်လို့ ယုံကြည်
လာလိမ့်မယ်။
ရေတိုရည်မှန်းချက်လေးတွေနဲ့ ရေရှည်ရည်မှန်းချက်
တစ်ခု တည်ဆောက်ကြစို့။ သင်လက်မမြှောက်သ၍
သင်မရှုံးသေးပါဘူး။ ဘယ်လို အသက်အရွယ်ပဲ
သင်ဖြစ်နေပါစေ။သင့်အိမ်မက်တွေကို ဘယ်တော့မှ
မစွန့်လွှတ်ပါနဲ့။ အခုအချိန်ကစပြီး လုပ်နေသမျှ
အရာတွေကို အကောင်းဆုံးလုပ်ပါ။
Recommended for you - တက္ကသိုလ်အတုများကို နှိမ်နင်းမည်ဟု ဘယ်လ်ဂျီယံ အစိုးရ ကြုံးဝါး
Recommended for you - ပညာရေးဘွဲ့(B.Ed) ၀င်ခွင့်တွေ လျှောက်လို့ရပြီ
Credit; jobs4u