×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Friday, 06 July 2018

ကမ္ဘာပေါ်မှာ လူသိအများဆုံး (သို့) သြဇာအရှိဆုံး Millennials (၅) ဦး

ကမ္ဘာပေါ်မှာ လူသိအများဆုံး (သို့) သြဇာအရှိဆုံး Millennials (၅) ဦး google.com

Millennials ကို လူငယ်လို့သာ ဘာသာပြန်ထားပေမယ့် တကယ်တော့ ၁၉၈ဝခုနှစ်အစောပိုင်းကနေ ၁၉၉၅ခုနှစ်အတွင်း မွေးဖွားလာတဲ့လူသားတွေကို Millennials လို့ခေါ်ပါတယ်။

တစ်နည်းအားဖြင့် Millennials တွေကို Generation Y လို့လည်း ခေါ်နိုင်ပါတယ်။ အသက် (၂၂) နှစ်နဲ့ (၃၇) နှစ်ကြားမှာရှိတဲ့ လူငယ်တွေကို Millennials (သို့မဟုတ်) Generation Y လို့ ခေါ်ပါတယ်။ အခုဆောင်းပါးမှာတော့ ကမ္ဘာ့ပေါ်မှာ လူသိအများဆုံး (သို့) သြဇာအရှိဆုံး Millennials () ဦးအကြောင်းကို ဖော်ပြလိုက်ပါတယ်။

 

(တော်ဝင်မင်းသား ဝီလျံ (Prince William)

Prince William

မင်းသားကြီးချားလ် (Prince Charles) နဲ့ ဒိုင်ယာနာ (Diana) တို့မှ မွေးဖွားလာတဲ့ သားကြီးဝီလျံ (Prince William) ဟာမီဒီယာတွေရဲ့ အာရုံစိုက်ခံရတဲ့ တော်ဝင်မင်းသားဖြစ်ပါတယ်။ မင်းသားကြီးချားလ်ပြီးရင် တော်ဝင်ထီးနန်းကို ဆက်ခံရမယ့်မင်းလောင်းတစ်ပါးလည်း ဖြစ်ပြန်ပါတယ်။ ကိတ်မစ်ဒယ်တန် (Kate Middleton) နဲ့ ချစ်ကျွမ်းဝင်ပုံ၊ စေ့စပ်ပုံ၊ လက်ထပ်ခဲ့ပုံနဲ့ သားဦးရခဲ့ပုံကအစ တတိယကိုယ်ဝန်သတင်းတွေအဆုံး လူထုအပေါ်လွှမ်းမိုးမှုရှိခဲ့တဲ့အတွက် အခုစာရင်းမှာ ပါဝင်နေခြင်းဖြစ်ပါတယ်။

 

 

(ဆီဘက်စ်ရှင်ကုရ် (Sebastian Kurz)

Sebastian Kurz

(၃၁နှစ်သာရှိသေးတဲ့ ဆီဘက်စ်ရှင်ကုရ် (Sebastian Kurz) ဟာ သြစတီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်ရုံမကAustrian People’s Party (OVP) ပါတီရဲ့ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ၁၉၈၆ခုနှစ် သြဂုတ်လ (၂၇ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဆီဘက်စ်ရှင်ကုရ်ဟာ ၂ဝ၁၁ခုနှစ်မှာ နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ပါတယ်။ ဆီဘက်စ်ရှင်ကုရ်ဟာ ၂ဝ၁၃ခုနှစ် ဒီဇင်ဘာလ (၁၆ရက်နေ့မှာ သြစတီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက (၂၇နှစ်သာရှိသေးလို့ ဥရောပရဲ့အသက်အငယ်ဆုံးနိုင်ငံခြားရေးဝန်ကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Austrian People’s Party (OVP) ဟာ ၂ဝ၁၇ခုနှစ် အောက်တိုဘာလ (၁၅ရက်နေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး ဆီဘက်စ်ရှင်ကုရ်ဟာ အနာဂတ်သြစတီးယားနိုင်ငံခေါင်းဆောင်ဖြစ်လာရုံမက ကမ္ဘာ့အသက်ငယ်ဆုံး နိုင်ငံခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

 

Recommended for you - တိုက်ရိုက်လျှောက်ထားရမည့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ

 

(မက်ခ်ဇူကာဘတ် (Mark Zuckerberg) 

Mark Zuckerberg

မက်ခ်ဇူကာဘတ် (Mark Zuckerberg) ဆိုတာ ကမ္ဘာကျော်လူမှုကွန်ရက် Facebook တည်ထောင်သူဖြစ်ပြီး လက်ရှိအချိန်မှာ အသားတင်ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၅၆ဘီလီယံ (၅၆,ဝဝဝ သန်းနဲ့ ကမ္ဘာ့ပဉ္စမမြောက်အချမ်းသာဆုံးသူဌေးကြီး ဖြစ်ပါတယ်။ (၃၃နှစ်သာရှိပေမယ့် တခြားနာမည်ကျော် လူမှုကွန်ရက်တွေဖြစတဲ့ Instagram နဲ့ WhatsApp တွေကိုလည်း ဝယ်ယူခဲ့ပြန်ပါတယ်။ ဇနီးသည် ပရစ်ဆီလာချန်း (Priscilla Chan) နဲ့ ပူးပေါင်းပြီး Chan Zuckerberg Initiativeဆိုတဲ့ ပရဟိတကုမ္ပဏီတစ်ခုကိုလည်း ၂ဝ၁၅ခုနှစ်မှာ တည်ထောင်ထားပြန်ပါတယ်။ ဘဝကို ရိုးရှင်းစွာဖြတ်သန်းတတ်တဲ့ မက်ခ်ဇူကာဘတ်ဟာ မီဒီယာတွေရဲ့ အာရုံစိုက်ခြင်းကို ခံရတဲ့အတွက် ကမ္ဘာ့သြဇာအရှိဆုံးစာရင်းမှာ ပါဝင်နေတာဖြစ်ပါတယ်။

 

(မိုဟာမတ်ဘင်ဆယ်လ်မန် (Mohammad bin Salman)

Mohammad Bin Salman

မိုဟာမတ်ဘင်ဆယ်လ်မန် (Mohammad bin Salman) ဟာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ မင်းသားတစ်ပါးဖြစ်ပြီး ကမ္ဘာ့အသက်ငယ်ဆုံး ကာကွယ်ရေးဝန်ကြီးဖြစ်ပါတယ်။ (၃၂နှစ်သာရှိပေမယ့် ဖခင်ဘုရင်ကြီးဆယ်လ်မန် (King Salman) နန်းတတ်လာမယ့် ဆော်ဒီမင်းသားတစ်ပါးပဲဖြစ်ပါတယ်။ ဥပဒေဘွဲ့ရတစ်ယောက်ဖြစ်ပြီး သူနန်းတတ်လာတဲ့အခါ ဆော်ဒီအာရေဗျနိုင်ငံကို စီးပွားရေးပိုကောင်းလာအောင် လုပ်ကိုင်မယ်လို့ ကြုံးဝါးထားတဲ့သူဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်သတင်းမွှေးမှုကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်လည်းဖြစ်ပါတယ်။

 

 

(ကင်ဂျုံအွန်း (Kim Jong-un)

kim jong un

ကင်ဂျုန်အွန်း (Kim Jong-un) ကို ဇန်နဝါရီလ ၈ရက်နေ့မှာ မွေးဖွားတယ်လို့ သတ်မှတ်ကြပေမယ့် ၁၉၈၂ခုနှစ်လား၊ ၁၉၈၃ခုနှစ်လား၊ ၁၉၈၄ခုနှစ်လားဆိုတာ မိဘနှစ်ပါးကလွဲပြီး ဘယ်သူမှအတိအကျမသိပါဘူး။ ၂ဝ၁၁ခုနှစ် ဒီဇင်ဘာလ (၁၇ရက်နေ့မှာ ဖခင် ကင်ဂျုံအီ (Kim Jong-il) ကွယ်လွန်သွားပြီးနောက် ကင်ဂျုံအွန်းဟာ စီးပွားရေးချွတ်ချုံကျနေပြီး အထီးကျန်ဆန်နေတဲ့ မြောက်ကိုရီးယားနိုင်ငံကြီးကို ဦးဆောင်ခဲ့ပါတယ်။ နယူးကလီးယားလက်နတ်တွေကို အဆင့်မြှင့်တင်ရာမှာ နိုင်ငံတကာမှ ထိတ်လန့်ဖွယ်ရာဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နဲ့ ကတောက်ကဆဖြစ်ပြီး နာမည်ဆိုးနဲ့ နာမည်ကျော်တဲ့သူဖြစ်ပါတယ်။ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး အာဏာရှင်အဖြစ် သတ်မှတ်ထားကြတဲ့ ကင်ဂျုံအွန်းကိုလည်း ကမ္ဘာ့အလွှမ်းမိုးနိုင်ဆုံး လူငယ် (ဦးစာရင်းမှာ ထိပ်ဆုံးမှ ထည့်သွင်းထားတာပဲဖြစ်ပါတယ်။

 

Recommended for you - သင် ရှုံးနိမ့်မှာကိုကြောက်တတ်သူလား?

 

Recommended for you - အဝေးသင်တက်ရောက်မည့် စီးပွားရေးပညာနှင့် စီးပွားစီမံဘာသာရပ်များအတွက် ၀င်ခွင့်သီးသန့်ခေါ်ယူမည်

 

Credit; Internet

Read times Last modified on Friday, 10 January 2020 10:30
Rate this articles
(0 votes)