×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Monday, 09 July 2018

အိမ်မက်တွေကို တိုက်စားတတ်တဲ့မနက်ဖြန်

အိမ်မက်တွေကို တိုက်စားတတ်တဲ့မနက်ဖြန် google.com

မနက်ဖြန်ဆိုတာ အရမ်းပေးလို့ကောင်းတဲ့ ဆင်ခြေတစ်ခုပါ။ လူတိုင်းလည်း မနက်ဖြန်မှလုပ်မယ်ဆိုတဲ့ ဆင်ခြေပေးဖူးမှာပါ။

ကျွန်တော်လည်း ပေးဖူးပါတယ်။ ဒါပေမယ့် မနက်ဖြန်နဲ့ကိုင်ပေါက်တာများနေပြီး ဘာမှဖြစ်ဖြစ်မြောက်မြောက်မပြီးသေးဘူးဆိုရင်တော့ သင်စိုးရိမ်သင့်ပါပြီ။

 

လူဆိုတာ ပျင်းတတ်တဲ့အမျိုးပါ။ ပုံမှန်ပျင်းတာ ဘာမှမဖြစ်သေးပါဘူး။ ဒါပေမယ့် အပျင်းရောဂါကပ်စွဲသွားပြီဆိုရင်တော့ပျောက်အောင်ကုဖို့ အချိန်ကြာတတ်ပါတယ်။ ဘာမှလည်းမလုပ်ချင်။ တစ်ခုခုလုပ်တော့လည်း စိတ်မပါ။ လုပ်လိုက်သမျှလည်း အရာမထင် နောက်ဆုံးတော့ ပြန်ပျင်းသည်။ဒီလိုနဲ့ အပျင်းသံသရာစက်ဝိုင်းထဲမှာ လည်ပတ်ပြီးပြန်ထွက်မရတဲ့သူဖြစ်သွားတတ်ပါတယ်။ ဒါဟာ အမှန်ပြောရရင်ကြောက်ဖို့ကောင်းပါတယ်။ အခုအချိန်မှာ သိပ်ပြီးတော့ထင်ထင်ရှားရှား မရှိသေးပေမယ့် အချိန်ကြာလာတာနဲ့အမျှ နောက်မှာကျန်ခဲ့ပြီး Depression တွေဝင်လာတတ်ပါတယ်။

 

Recommended for you - စိုက်ပျိုးရေးသိပ္ပံတက်ရောက်ရန် လမ်းညွှန်

 

တကယ်က အပျင်းဆိုတဲ့ အနာစပေါက်ချိန်မှာ မနက်ဖြန်ဆိုတဲ့ ဆေးပဲ ထိုင်ထည့်နေခဲ့လို့ပါ။ သူများတွေ ဘဝမှာတစ်စုံတစ်ခု အောင်မြင်တဲ့အချန်ကျမှ နောင်တရပြီးအားငယ်စိတ်တွေဝင်လာပါလိမ့်မယ်။ အဲ့ဒီလိုအချိန်မှာ ကုသရတာပိုခက်ပါတယ်။ အနာဟာ နုတုန်းကုတာအကောင်းဆုံးပါပဲ။ ရင့်သွားမှကုတဲ့သူတွေဟာ အခန့်မသင့်ရင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဆုံးရှုံးရတတ်ပါတယ်။ တစ်ခါတစ်လေ အသက်အန္တရာယ်တောင်ရှိပါတယ်။ သင့်ရဲ့အပျင်းကိုလည်း မကုရင် သင့်အပျင်းကသင့်ဘဝကို လှိုက်စားသွားပါလိမ့်မယ်။ အပျင်းဟာကြာလေ ကုသရခက်လေ ဆိုတာ မမေ့ပါနဲ့။ မနက်ဖြန်ဆိုတဲ့ ဆေးပဲ မထည့်နေပါနဲ့။ လုပ်စရာရှိတာကို စလုပ်ပါ။ ဟိုနေ့လုပ်မယ် ဒီနေ့လုပ်မယ်ဆိုပြီး ဆင်ခြေပေးတာတွေ တတ်နိုင်သလောက်ရပ်တန့်သင့်ပါတယ်။ ရာင်ခြည်သန်းတဲ့မနက်ဖြန်ကို ဒီနေ့မှာသင်မကြိုးစားပဲနဲ့ မြင်ရမှာမဟုတ်ပါဘူး။

 

Recommended for you - ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝပိုင်ဆိုင်နိုင်ဖို့

 

Recommended for you - သူနာပြုသားဖွားနှင့် ဘက်စုံသားဖွားသင်တန်း ၀င်ခွင့် လျှောက်လွှာခေါ်ယူခြင်း

 

Credit; jobs4u

Read times Last modified on Friday, 10 January 2020 10:33
Rate this articles
(2 votes)