(1) အောင်မြင်မှုတစ်ခု စစ်မစစ်ဆိုတာကို လူတစ်ယောက်ရဲ့ ထင်ရှားမှုကို ကြည့်ပြီး မဆုံးဖြတ်တော့ဘူး။သူရခဲ့တဲ့ ဒဏ်ရာတွေကို ကြည့်ပြီးတော့ပဲ ဆုံးဖြတ်တော့တယ်။
(2) အောင်မြင်မှုတစ်ခုရဖို့ အတွက် အခြေခံအကျဆုံးအချက် (၂)ခု ရှိပါတယ်။
- အလုပ်တစ်ခုကို စတင်နိုင်ဖို့ နဲ့ 
- အဲ့ဒီအလုပ်ကို ဆက်လုပ်နေဖို့ ပါပဲ။
(3) ပိုပြီးတော့ လုပ်လေလေ ပိုပြီး ကျရှုံးလေလေ။ ပိုပြီးကျရှုံးလေလေ ပိုပြီး သင်ယူနိုင်လေလေပါ။
(4) လူတွေရဲ့ အထင်ကြီးမှုကို ရချင်ရင် ကိုယ့်အောင်မြင်မှုအကြောင်း ပြောပါ။ လူတွေရဲ့ ဘဝကို ပြောင်းလဲပေးနိုင်ချင်ရင်တော့ ကိုယ့်ရှုံးနိမ့်မှုတွေအကြောင်းပြောပြပါ။
(5) လူတစ်ယောက်ရဲ့ အင်အားဟာ သူ့ ရဲ့ ပြည့်စုံမှုအပေါ်မှာ မမူတည်ပါဘူး။သူ့ ရဲ့ ရုန်းကန်မှုအပေါ်မှာသာ မူတည်တာပါ။
(6) ”ရွေးချယ်မှု” ဟာ “လုပ်ဆောင်မှု” ထက် ပိုအရေးကြီးပါတယ်။ ရွေးချယ်မှုမှားရင် အကောင်းဆုံးလုပ်
ဆောင်ခဲ့တယ်ဆိုရင်တောင် ပျော်ရွှင်မှုနဲ့ လွဲရတက်ပါတယ်။
(7 ) မြန်မြန်ရောက်ချင်တယ်ဆိုရင် တစ်ယောက်တည်းလျှောက်ပါ။ ဝေးဝေးရောက်ချင်တယ်ဆိုရင် လက်တွဲပြီး လျှောက်ပါ။
(8) အမှား တစ်ခုကို ရှောင်ဖို့ အကောင်းဆုံး အချိန်ကအမှားမလုပ်ခင် အချိန်ပါ။ ဒုတိယ အကောင်းဆုံးအချိန်ကတော့ လက်ရှိအချိန်ပဲ ဖြစ်ပါတယ်။
(9) ဦးထုပ်ကို ဘယ်သူမှ ဖိနပ်ချွတ်မှာ မထားသလို ဖိနပ်ကိုလည်း ဘယ်သူမှ ဦးထုပ်နေရာမချိတ်ကြပါဘူး။ အရေးကြီးတာက ကိုယ့်ကိုကိုယ် ဖိနပ်လား ဦးထုပ်လား သိဖို့ ပါပဲ။
(10) မှန်လို ကျင်ဖို့ ဟာ ပတ်ဝန်းကျင်ရဲ့ အလုပ်ဖြစ်ပါတယ်။ ပန်းချီကားလို ကျင့်ဖို့ ကတော့ ကိုယ့်အလုပ်ဖြစ်ပါတယ်။
Recommended for you - တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် ပျောက်ဆုံးပါက တစ်နှစ်ကြာမှသာ မိတ္တူလျှောက်ထားခွင့်ပြုမည်
(11) အပေါ်ကို လက်တစ်ဖက်ပေးပြီး အောက်ကို လက်တစ်ဖက်ကမ်းထားတဲ့ သူသာလျှင် အထက်ကို
အမှန်တကယ် ရောက်နိုင်ပါတယ်။
(12) ကိုယ့်ကိုကိုယ် အရှုံးမပေးသေးသရွေ့  ဘယ်သူကမှ ကိုယ့်ကို အနိုင်မယူနိုင်သေးပါဘူး။
(13) သူများ ဒဏ်ရာကို ဆွဲထုတ်ပေးပြီး ကိုယ့်ဆူးချွန်ကို ပြန်မစိုက်ခဲ့မိပါစေနဲ့ ။
(14) လူမိုက်တွေကို အမှန်တရားအကြောင်း သင်ပေးရင် ခေါင်းမာတဲ့သူတွေပဲ ဖြစ်လိမ့်မယ်။ အမှန်တရားဆိုတာ သူများဆီက ဘယ်လိုမှ မသင်ယူနိုင်တဲ့အတွေ့ အကြုံ ဖြစ်ပါတယ်။
(15) “နေရာပေးပါတယ်”ဆိုတဲ့ လူတွေရဲ့ အောက်ကို မြင်အောင်ကြည့်ပါ။ သူတို့ နေရာယူထားတာတွေရှိတတ်တယ်။
(16) မျှော်လင့်ချက်မဲ့တဲ့ သူဆိုတာ မရှိပါဘူး။ မျှော်လင့်ချက်မထားတော့တဲ့ သူဆိုတာပဲ ရှိပါတယ်။
(17) တံတားထိုးတဲ့ သူသာလျှင် အားလုံးနဲ့ ပေါင်းဆုံနိုင်ပါတယ်။ တံတိုင်းကာတယ်ဆိုတာ ကိုယ့်ကိုကိုယ် ဘောင်ခတ်ပစ်ခြင်းပါ။
(18) ရေတွင်းထဲက ငါးတစ်ယောက်ရဲ့ အမြင်နဲ့ ကောင်းကင်ကြီးကို မကြည့်ပါနဲ့ ။ မြက်ခင်းထဲက ဖားတစ်ကောင်ရဲ့ အမြင်နဲ့ သာလောကကြီးကို ကြည့်ပါ။
(19) အမြန်ဆုံးပြီးဖို့ အကောင်းဆုံးနည်းကတစ်ခုချင်း လုပ်တာပါ။
(20) ဘယ်သူ့ ဆီကမှ သင်ခန်းစာမယူတဲ့သူဟာ ဘယ်သူကိုမှ သင်ခန်းစာ ပြန်မပေးနိုင်ပါဘူး။
Recommended for you - အိမ်မက်တွေကို တိုက်စားတတ်တဲ့မနက်ဖြန်
Recommended for you - ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ညနေပိုင်းမဟာဘွဲ့သင်တန်း တက်ရောက်ချင်သူများ
Credit; Chan Maye Aung