ဘဝကို ပျော်ရွှင်ကျေနပ်တယ်ဆိုတဲ့သူတွေက ဘယ်လိုလူမျိုးတွေဖြစ်ကြပါသလဲ။ အမြဲငြင်းခုံနေကြတာက ပိုက်ဆံရှိမှ စိတ်ချမ်းသာမယ်ဆိုတာနဲ့၊ စိတ်ချမ်းသာဖို့ ပိုက်ဆံမလိုဘူးဆိုတာပါ။
တကယ်တော့ ဒီလိုငြင်းခုံနေကြတယ်ဆိုတာ အစွန်းနှစ်ဖက်ကိုရောက်နေလို့ပါ။ ဘဝမှာ စိတ်ချမ်းသာတယ်ဆိုတဲ့သူတွေဟာ ဒီအချက်တွေကို လုပ်ဆောင်လေ့ရှိကြပါတယ်။
(၁) ချစ်ခြင်းမေတ္တာဟာ အရေးအပါဆုံးအချက်တစ်ချက်ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ အတွင်း ရာနဲ့ချီတဲ့ ယောက်ျားတွေကို လေ့လာဆန်းစစ်မှုလုပ်ခဲ့တဲ့နေရာမှာ အပျော်ဆုံးနဲ့ ကျန်းမာရေးအကောင်းဆုံးသူတွေဆိုတာ ခိုင်မာတဲ့ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားပြီး သူတို့ယုံကြည်ရတဲ့သူတွေက သူတို့ရဲ့နောက်မှာ အမြဲရပ်တည်ပေးနေကြတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
(၂) ငွေကြေးထက်စာရင် အချိန်ကို ပိုပြီးတော့ ဦးစားပေးတယ်။ လေ့လာမှုအများအပြားက ဖော်ညွှန်းနေကြတာ ပျော်ရွှင်တဲ့သူတွေဆိုတာက ငွေကိုပဲသဲကြီးမဲကြီးရှာနေတဲ့သူတွေမဟုတ်ကြပါဘူး။ ငွေထက် မိမိရဲ့စိတ်ချမ်းသာမှုက အရေးပိုကြီးတယ်လို့ ခံယူထားတဲ့သူတွေပါ။
(၃) ငွေနောက် မလိုက်ဘူးလို့ပြောခဲ့ပါတယ်။ သူတို့ဟာ ပြည့်စုံလုံလောက်တဲ့လစာကို ရရှိနေကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ (ဥပမာ- တစ်လကို ငါးသိန်းအထက်ရတဲ့လူမျိုးပေါ့။)
(၄) စိတ်ဖိစီးမှုများလောက်အောင် အလုပ်ကို အလွန်အကျွံမလုပ်ကြပါဘူး။ သူတို့ဟာ ပိုပြီးတော့ စိတ်ချမ်းသာကြပါတယ်။
Recommended for you - မန္တလေးတက္ကသိုလ်မှ (Day) မေဂျာအမှတ်များ
(၅) ကြင်နာတဲ့၊ ကူညီတတ်တဲ့သူတွေပါ။ သူငယ်ချင်းကို လေဆိပ်လိုက်ပို့မယ်။ အားတဲ့အချိန် ပရဟိတလုပ်ငန်းတွေလုပ်မယ်။ ဘဝကို ဒီလိုနေထိုင်တဲ့သူတွေဟာ ပိုပြီးတော့ စိတ်ချမ်းသာတာကိုတွေ့ရပါတယ်။
(၆) ချွေးလေးစို့သွားအောင်၊ ချွေးထွက်သွားအောင် အားကစားလုပ်ကြပါတယ်။ တကယ်တော့ ဒါဟာ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်ဆိုတာထက် ပိုပါတယ်။ လေ့လာမှုတွေအရ ကိုယ်လက်လှုပ်ရှားမှုများတဲ့သူတွေကို ဘဝမှာ ပိုပြီးတော့ စိတ်ချမ်းသာကြပါတယ်တဲ့။ လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ပိုင်းဆိုင်ရာကိုလည်း ဖွံ့ဖြိုးတိုးတက်စေပါတယ်။
(၇) ပျော်ရွှင်မှုဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေထက် ပိုပြီးတော့ တန်ဖိုးကြီးပါတယ်။ ပျော်ရွှင်တဲ့သူအများစုဟာ သူတို့ရဲ့ငွေကြေးတွေကို ပစ္စည်းတွေဝယ်ဖို့ထက် အတွေ့အကြုံအသစ်တွေရဖို့ သုံးတတ်ကြပါတယ်။ (ဥပမာ- ခရီးထွက်တာ၊ စာအုပ်အသစ်ဝယ်ဖတ်တာတို့ပေါ့။)
(၈) လက်ရှိပစ္စုပ္ပန်မှာ အကောင်းမွန်ဆုံးနေထိုင်တာက အသင့်တော်ဆုံးပါပဲ။ လေ့လာမှုအကုန်လုံးလိုလို ညွှန်းဆိုကြတာက တရားထိုင်တဲ့သူတွေက စိတ်ပျော်ရွှင်မှုများတယ်ဆိုတာပါပဲ။
(၉) သူငယ်ချင်းတွေနဲ့ အချိန်အများကြီးသုံးပါတယ်။ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေတတ်တဲ့သူတွေက စိတ်ချမ်းသာတဲ့သူတွေပါပဲ။ ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ရင်းရင်းနှီးနှီးပျော်ပျော်ရွှင်ရွှင်နေရတာကလည်း ဘဝမှာ စိတ်ချမ်းသာရတဲ့အချက်တစ်ချက်ပါပဲ။
Recommended for you - မနက်ခင်း အိပ်ရေးဝပြီး ရုံးချိန်မှီအောင် ဘယ်လိုပြင်ဆင်မလဲ
Recommended for you - မွန်ပြည်နယ်တွင် ဆရာ ဆရာမ ၃၀၀ ကျော် ဖြည့်စွက်ခန့်ထားရန် လိုအပ်နေဟုဆို
Credit; akhayar