×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Monday, 20 August 2018

အင်အားဖြစ်စေသော စကားလုံးများ

အင်အားဖြစ်စေသော စကားလုံးများ google.com

လူဆိုတာ သိမ်ငယ်တဲ့အရာကို ပိုမို ထုတ်ကြွားကြပါတယ်။ ရင့်ကျက်တဲ့သူများဟာ သူပိုင်ဆိုင်တာကို ဘယ်တော့မှ ထုတ်မကြွားပါ။ သူဘယ်နေရာသွားဖူးတယ်။ ဘာအဝတ်အစားဝတ်တယ်။ ဘာလက်ဝတ်ရတနာ ဝတ်တယ်။ ယုတ်ဆွအဆုံး ဘာစာအုပ်ဖတ်ဖူးတာကအစ သူမကြွားပါ။ ဘာကြောင့်လဲဆိုတော့ သူ့မှာ သိမ်ငယ်စိတ်မရှိလို့ပါ။


အကောင်းဆုံး တုန့်ပြန်မှုဟာ လက်စားချေခြင်းမဟုတ်သလို၊ အမုန်းပွားခြင်းလည်း မဟုတ်ပါ။ စိတ်တွင်းကနေ အေးအေးဆေးဆေး လစ်လျူရူ့ ပစ်လိုက်ခြင်းဖြစ်တယ်။ ဘာကြောင့် မဆီမဆိုင်တော့တဲ့ သူတစ်ယောက်ကို စိတ်အပင်ပမ်းခံပြီး သွားမုန်းရမှာလဲ။ ဘဝမှာ ဘာပဲမှားမှား ကိုယ့်အမှားပဲလို့ ယူဆလိုက်ပါတယ်။ အမှားထဲက သင်ယူမယ်။ အမှားထဲက ပြုပြင်မယ်။ တူညီတဲ့ အမှားတစ်ခုကို နှစ်ကြိမ် ပြန်မမှားမိဖို့ လိုပါတယ်။ ကိုယ့်အမှားကို ဘယ်တော့မှ သူများအပေါ် လွှဲမချဘူး၊ အကြောင်းပြချက် မရှာဘူး။ ဆင်ခြေမပေးဘူး။


အောင်မြင်ဖို့အတွက် အတွေ့အကြုံ လိုပါတယ်။ အတွေ့အကြုံဆိုတာ အခက်အခဲနဲ့ အမှားတွေကြားကနေ ရရှိလာတာပါ။ အမှားနဲ့ အခက်အခဲ ကြုံရတိုင်း “ကံ” ကို မငြိုငြင်ပါနဲ့။ ကံတောက်လျှောက်ကောင်းနေရင် ဘယ်မှာအတွေ့အကြုံ ရှိနိုင်တော့မှာလဲ။ဘယ်လောက်ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်ပွဲပဲဖြစ်နေပါစေ၊ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ကိုယ်စားမပြုနိုင်ပါဘူး။ လူ (၂) ယောက်အတွက် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးပိုင်ဆိုင်ဖို့ဆိုတာ သူတို့ရဲ့လက်ထပ်ပွဲမှာ ဘယ်ပုဂ္ဂိုလ်ကြီးက ပန်းကုံးချီးမြင့်တယ်။ ဘယ်ဂုဏ်သရေ ရှိတဲ့လူကြီးက လက်စွပ်ချီးမြှင့်တာနဲ့ မဆိုင်ပါဘူး။


အချစ်ရေးမှာ ဖြစ်ဖြစ်၊ အိမ်ထောင်ရေးမှာ ဖြစ်ဖြစ်၊ နေနဲ့လ ရွှေနဲ့မြ ဖြစ်မဖြစ်ဘူးဆိုတာ အတွင်းစိတ်ရဲ့ ခံစားမှုနဲ့သာ သက်ဆိုင်ပါတယ်။ အမြင်အာရုံနဲ့ သိပ်မဆိုင်ပါဘူး။ အမြင်အာရုံကို အလိုလိုက်ခြင်းဖြင့်အတွင်းစိတ်၏ ခံစားချက်များကို လစ်လျူမရူ့သင့်ပါ။ သာယာတဲ့အိမ်ထောင်ရေးဆိုတာ ဒီလိုပါ။ ၃ နှစ် ၅ နှစ်ခန့် အကြီးအကျယ်ချစ်ကြမယ်။ ပြီးရင် တဖြည်းဖြည်းနဲ့ ရင်းနှီးမှုဘက်ကို ကူးပြောင်းသွားမယ်။ ပြီးရင် ရွှေလက်တွဲပြီး အတူတကွ အိုမင်းကြမယ်။


ဘယ်သူမဆို ဘဝလှပချင်တယ်ဆိုရင် သည်းခံရတာ ချည်းပါ။ မငြီးငြူရဘူး၊ အပြစ်မတင်ရဘူး၊ ပြီးရင် ကိုယ့်အတွက်နဲ့ ရှင်းမပြရဘူး၊ ဘာကြောင့်လဲဆိုတော့ နားလည်တဲ့လူကို ရှင်းပြစရာမလိုသလို နားမလည်ချင်တဲ့ လူများကို ရှင်းပြနေရင်လည်း အပိုဖြစ်ပါတယ်။ ဘာပဲလုပ်လုပ်၊ သင်ဘယ်လိုပဲ ကြိုးစားကြိုးစား၊ သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊ ကျေးဇူးအတင်ခံချင်ရင်တော့ စိတ်ပျက်ရမှာပဲ။

 

Recommended for you - အိုဘားမားဖောင်ဒေးရှင်းမှ ပညာသင်ဆု လျှောက်လွှာခေါ်


ဘာမှမဟုတ်တဲ့ အကြောင်းရင်း တစ်ခုနဲ့ ဘဝကို အရူံးပေးသွားတဲ့သူများကို ဘယ်လိုမှခွင့်လွှတ်နိုင်စရာ အကြောင်းမရှိပါ။ လူဆိုတာ အချစ်ကင်းမဲ့လေ၊ ကိုယ့်ကိုယ်ကို ပိုချစ်မြတ်နိုးလေ ဖြစ်သင့်ပါတယ်။ အမှန်တော့ ဆုံးရူံးသွားတဲ့ အရာများအားလုံးကို သင်အမှန်တကယ်ပိုင်ဆိုင်ခဲ့ခြင်း မရှိပါဘူး၊ သိပ်ပြီး နှမျောစရာ အကြောင်းမရှိပါ။


မတန်တဲ့လူကို ဘာမှ သက်သေပြစရာ အကြောင်းမရှိပါ။ သင်အောင်မြင်တယ်။ သင်ပိုကောင်းလာတယ်။ အားလုံးသင်နဲ့ပဲ သက်ဆိုင်ပါတယ်။ ငိုတဲ့အခါမှာ တစ်ယောက်တည်းငိုချင်ပါတယ်။ ရယ်မောတဲ့အခါ လောကကြီးတစ်ခုလုံးနဲ့ အဖေါ် ပြုပြီး ရယ်မောချင်ပါတယ်။ တကယ်ကို ငြိမ်းချမ်းချင်ပါတယ်။ ငြိမ်ငြိမ်လေးလာမယ်။ ငြိမ်ငြိမ်လေးသွားမယ်။ ငြိမ်ငြိမ်လေးကြိုးစားမယ်။ ငြိမ်ငြိမ်လေး အောင်မြင်မယ်။

 

Recommended for you - လူငယ်ခေါင်းဆောင်တစ်ဦးမှာရှိသင့်တဲ့ အရည်အချင်း (၅)ချက်

 

Recommended for you - ဖင်လန်နိုင်ငံပညာရေး အဘယ်ကြောင့် ကမ္ဘာ့အကောင်းဆုံးဖြစ်ရသနည်း

 

Credit; Aung Ko Latt

Read times Last modified on Saturday, 11 January 2020 11:15
Rate this articles
(1 Vote)